🍁အခန်း ( ၉ )🍁
"တိုက်...တိုက်...တိုက်"
သူ့ကိုလည်း ခေါ်လို့မရတော့ ဖုန်းလေးကိုထုတ်ကာ အလျင်အမြန်ပင် ဆက်လိုက်သည်။
"အဟီး..ဟီး..မေမြတ်...မေမြတ် ... ဖုန်းကိုင်ပါ.."
"ဟဲလို သမီးလေးပြော"
"အဟီးဟီးး မေမြတ် တိုက်ကိုကယ်ပါအုံး... ဒီမှာ ဆိုင်ကယ်မှောက်သွားလို့"
"ဟင်..ဘယ်နားလေးမှာလဲ"
"သမီးလည်း မသိဘူး ခနလေး....gps ဖွင့်လိုက်အုံးမယ်နော် အဟီးဟီး"
"မိုးရေတွေနဲ့အတူ မျက်ရည်များကလည်း သွန်းခလျက် ဖုန်းကိုင်ထားသော လက်တွေကလည်းတုန်ယင်ကာ ဂဏာန်းတွေကို သေချာနှိပ်နေရသည်။
"လိပ်စာက ၁၁ လမ်း...ဘလောက်... main street... chan phon ... မှာ"
"မေမြတ် မြန်မြန်လာပါနော် ... တိုက်က သတိမရဘူး သွေးတွေကလည်း အများကြီးထွက်နေတာ..သူတစ်ခုခုဖြစ်သွားမှာ သမီးကြောက်တယ်"
"အေး..အေး..သမီးပို့ပေးတဲ့လိပ်စာအတိုင်း Ambulance ကို အမြန်ဆုံးလာခေါ်ခိုင်းလိုက်မယ်... ဘာမှမစိုးရိမ်နဲ့ မေမြတ်လာပြီနော်"
"ဟုတ်ကဲ့"
"ဒေါ်မေမြတ် ... ဖုန်းကို လျင်မြန်စွာချလိုက်ပြီး သမီးလေးပြောတဲ့ လိပ်စာလေးအတိုင်း အရင်ဦးဆုံး Ambulance ကို လွှတ်လိုက်သည်။
"အမလေး ပူပြင်းလိုက်တဲ့ ရင်တွေ ဒီကလေးနှစ်ယောက်ဘယ်ကိုများသွားလို့ ဘာတွေဖြစ်နေလဲ မသိဘူး"
"ငါတော့ သေချင်တော့တာပဲ မမလင်းကို ဘယ်လိုတောင်ပြောရမှန်းမသိဘူး"
ဒေါ်မေမြတ်လည်း ဘာမှမပြင်ဆင်နိုင်တော့ဘဲ လက်ကိုင်အိတ်ကို ဆွဲကာ ကားဒါရိုက်ဘာနဲ့အတူ ကလေးတွေရှိရာကို အမြန်ဆုံးထွက်ခဲ့လိုက်သည်။
/////////////////////////////////
Situated in Mthith syfchl Hospital ရှိ ဆေးရုံ၏ emergency room အခန်းရှေ့တွင် တစ်ယောက်တည်းထိုင်ကာ ကြောက်ရွံ့ထိတ်လန့်နေသော မိန်းမငယ်လေးကတော့ ရှေးရိုးရာပဲဖြစ်သည်။
"အဟင့်..အင့်...ငါတောင်းပန်ပါတယ်...တိုက်ရယ်...ငါ့ကြောင့်ဖြစ်ရတာပါ.."