🤚Chapter 52
ကျိအန်းနဉ် နွေးထွေးမှုနှင့် စွတ်စိုမှုကိုခံစားမိလိုက်သည်။
သူမက ကားထဲတွင် တစ်မှေးအိပ်နေခြင်းဖြစ်သည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခြင်းမဟုတ်၍ ထူးဆန်းသည့်အာရုံခံစားမှုက သူမကိုနိုးလာစေသည်။
နွေးထွေးမှုက နှုတ်ခမ်းများဆီကဖြစ်ပြီး စွတ်စိုမှုက လျှာမှဖြစ်သည်။ ညင်ညင်သာသာစုပ်ယူခြင်းနှင့် တတိတိကိုက်နေခြင်းက စပ်ဖျဉ်းဖျဉ်းဖြစ်စေသည်။ သူမခန္ဓာကိုယ်က ယောက်ျားတစ်ယောက်၏ ဖျစ်ညှစ်ခြင်းကို ခံနေရပြီး သူမကိုထိုင်ခုံပေါ်တွင် တင်းကျပ်စွာ ဖိကပ်ထားသည်။
ကျိအန်းနဉ် နိုးလာသည့်အခါ တောင့်တင်းသွားသည်။ မကြာမီအချိန်တွင် သူမရင်းနှီးနေသည့် အသက်ရှုသံကို ခံစားမိသွားသည်။
'၀မ်ယွီ...'
၀မ်ယွီက သူမနိုးလာသည်ကို သတိပြုမိသွားသည်။ ထို့ကြောင့် သူမနှုတ်ခမ်းကို လွှတ်ပေးလိုက်ပြီး အဝေးကိုဖြည်းဖြည်းချင်း ရွေ့သွားသည်။ ထို့နောက် သူကသူမကိုတစ်ချက်ပြန်ကြည့်လိုက်သည့်အခါ သူတို့နှာခေါင်းချင်းပွတ်တိုက်သွားသည်။
ကျိအန်းနဉ်၏ ကိုယ်သင်းရနံ့က သူနှင့်ရင်းနှီးပြီး ရိုးရှင်းလှသည်။ သူမအလုပ်ကြောင့် ဖျော့တော့သည့်ကော်ဖီရနံ့ကိုလည်း ရနေသည်။ အလွန်နှီးကပ်နေသည့်အတွက်ကြောင့် သူ့ကိုယ်ကို ရစ်ပတ်နေသလို ဖြစ်နေသည်။
သူ၏အကြည့်က ကျိအန်းနဉ်ကို ရင်ခုန်လာစေသည်။
ကျိအန်းနဉ် မည်သို့တုံ့ပြန်ရမည် မသိတော့ပေ။ ထို့နောက် ၀မ်ယွီ၏နှုတ်ခမ်းက သူမနှုတ်ခမ်းပေါ်ကို ထပ်ကာထပ်ကာဖိကပ်လာပြီး သူ၏အသက်ရှုသံက သူမကိုလွှမ်းခြုံထားသည်။
ကျိအန်းနဉ်၏ခန္ဓာကိုယ်က တောင့်တင်းလာသည်။
၀မ်ယွီကလည်း သတိပြုမိပြီး ဖိထားသည်ကို ဖယ်ပေးလိုက်ကာ သူမပုခုံးပေါ် သူ့လက်ကိုတင်ပြီး ညင်သာစွာဆုပ်ကိုင်ထားလိုက်သည်။
ကားကစက်ရပ်ထားပြီး မီးလည်းပိတ်ထားသည်။ ကားအတွင်းမှ မှောင်မဲနေမှုက သူတို့နှစ်ယောက်ကို လွှမ်းခြုံထားသည်။