အပိုင်း ၆

18 1 0
                                    

                      

              ' ဖေဖေ !..´
             သူမဖေဖေ့ လက်မောင်းကိုဆွဲ ခေါ်မိရတော့ ၊ဖေဖေက စင်ပေါ်မှာ အရုပ်လေးတွေက ၊ပြပွဲပြီးတော့မှာမို့ ပရိသတ်ကိုလှည့် နှုတ်ဆက်နေကြတာ ကြည့် သဘောကျ ပြုံးနေရာက သူမ ငုံ့ကြည့်ရင်း
         ' သမီးနိုလေး။ ဘာလဲ? ရေဆာလို့လား။ရေသောက်မလား။ Juju ကော ရေသောက်ချင်သေးလား။´
         ဖေဖေ့ အမေးကို Juju ကော သူမပါ ခေါင်းခါ မိလိုက်ကြတယ်။ အဲဒီအချိန် ပွဲပြီးသွားလို့ ပရိသတ်က အကြီးအကျယ် ထ လက်ခုပ်တီး အားပေးနေကြတာလေ။Jujuက
         ' နိုလေး ဒီအတိုင်းဆို ဘိုမရုပ်လေးက ငါ့ဆွဲကြိုး ခိုးသွားတဲ့ သူ မဖြစ်နိုင်ဘူး။´
        ' ဟင် ! ဘာလို့လဲ ? ခုန နင်ပြောတော့ သူ ခိုးတာဆို။´
           Juju က ခေါင်းညိတ် သက်ပြင်းချရင်း
        ' ငါ အတွေးမှားသွားတာပဲ နေမယ်။ ဆွဲကြိုးကို အိမ်မှာ ပြန်ရှာကြည့်လိုက် ဦးမယ်။´
          'နင် အရုပ်မလေး နောက်တရုပ်ထပ်ဝယ်သွားအုံးမှာလား။နင်ပြောတော့ တစ်နေ့ညက ဝယ်သွားတဲ့ ဘိုမရုပ်လေး ပျောက်သွားတယ်ဆို။´
           Juju က သူမမေးတော့ အနဲငယ် တွေသွားရင်း
         'အဲ့ဒါလည်း မဖြစ်နိုင်ပါဘူး။ငါပြန်ရင် အိပ်ရာအောက်ထဲ ပြန်ရှာကြည့်လိုက်ပါအုံးမယ်။ တခါတလေ ငါက အိပ်နေရင်းယောင် ငါကြိုက်တဲ့ ပစ္စည်းလေးတွေ အိပ်ရာအောက်ထဲ ထိုးထည့်လိုက်မိ တတ်တယ်။´
         သူမ Juju စကားကြောင့် ဘာကြောင့်မှန်းမသိ သက်ပြင်း ချလိုက်မိတယ်။ သူမ စိတ်ကJuju က အရုပ်လေးတွေကို ပြဿနာ ရှာတာမျိုး မဖြစ်ချင်ပါဘူး။
            ခဏနေတော့ Juju ပြောခဲ့တဲ့ အတိုင်း ကပြခဲ့တဲ့ အရုပ်လေးတွေကို မကြာခင် ရောင်းချပေးတော့မယ်လို့ အကူတစ်ဦးက ကန့်လန့်ကာ နောက်ကထွက်ကြော်ငြာပြီး ပွဲကိုရပ်နားလိုက်တယ်။
            မီးရောင်တွေ လင်းချင်းလာပြီး ပရိသတ်အတော်များများ က ထပြန်ဖို့ပဲလုပ်ကြတော့တယ်။
             ဖေဖေက ' သမီးနိုလေး မွေးနေ့အတွက် ဖေဖေက မွေးနေ့လက်ဆောင် အရုပ်လေးတရုပ်ဝယ်ပေးမယ်။ တစ်ရုပ်ပဲနော်။ဒီ့ထက်ပို မရဘူး။ Juju ကော လိုချင်သေးလား။ သမီးဖေဖေက ကော ဘာမှာလိုက်သေးလဲ။´
             Juju က ဖေဖေမေးတော့ ပိုက်ဆံ အပြည့်ပါတဲ့ သူ့ပိုက်ဆံအိတ်လေး ပုတ်ပြလိုက်ရင်း
            ' သမီးလိုချင်ရင် ကိုယ့်ဟာကိုယ် ဝယ်နိုင်ပါတယ်။ ဒီလိုလုပ်ဖို့ စုထားတဲ့ မုန့်ဖိုးတွေ အကုန်ထုတ်ယူခဲ့တာလေ။ ဒါပေမဲ့ မဝယ်တော့ပါဘူး။ ပိုက်ဆံ အပိုကုန်ပါတယ်။´ လို့ လူကြီးလေးလို ဟန်နဲ့ ဆိုလိုက်တော့ ဖေဖေလည်း Juju လက်လန်သွားရတယ်။
           ပရိသတ်က တော်တော်များများ ထထွက် သွားတာပါ။များသောအားဖြင့် မိဘတွေက ကလေးတွေအတွက် အရုပ်ဝယ်ပေးဖို့ အပိုအကုန် မခံနိုင်ကြဖူးလေ။
                သူမတို့နောက်နား ထိုင်နေတဲ့ သဘောကောင်းကောင်း ဦးလေးကြီးလည်း ကလေးတသိုက်ကို ညာတာပါတေးနဲ့ ရေခဲမုန့် ဝယ်ကျွေးမယ်ပြော မ ထွက်သွားရတယ်။ သူဆို လူပေါက်စေ့ ဝယ်ပေးရ ရင် ရထားတဲ့ လစာလေး တခါထဲနဲ့ ပြုတ်သွားရှာမှာပေါ့။သူ့သားတွေက နဲနဲအရွယ်ကြီးပြီး သိတတ်တဲ့ ကလေးတွေ ဖြစ်နေလို့ပဲ တော်ပါသေးတယ်။
             နောက်တန်းမှာ ထိုင်နေတဲ့ အန်တီကြီး တစ်ဦးကတော့ ရှေ့ခပ်တည်တည်နဲ့ ထွက်လာပြီး ကလေး မပါ ဘာမပါနဲ့ အရုပ်ဝယ်ဖို့ စောင့်စားနေလေရဲ့။
          သူမ ဒီ အန်တီကြီးကို မြင်ဖူးတွေ့ဖူးနေသလို တွေ ကြည့်မိနေတော့ ခပ်တည်တည် ထိုင်နေတဲ့ အန်တီကြီးကလည်း အရုပ်မလေးနဲ့ တူတဲ့ သူမကြည့် ချစ်သွားဟန်နဲ့ ပြုံးပြတယ်။
            သူမက ဖေဖေ့နောက် ရို့သွားတော့ ဖေဖေက ' တောင်းပန်ပါတယ်။ ကျွန်တော့်သမီးလေးက လူကြောက်တတ်လို့ပါ။ အိမ်ကို ဧည့်လာရင်လည်း သူထွက်တွေ့ဖို့ မနဲ ပြောယူရတယ်။ ကျွန်တော်တို့ လည်း ဒီလိုမဖြစ်အောင် သူ့နေရာ အတော်များများ ခေါ်သွားလည်း ထူးမလာပါဘူး။´လို့ ညည်းပြ လိုက်တယ်။
            အန်တီကြီးက ခေါင်းခါရင်း ' ဒီအရွယ် လူကြောက်တတ်တာ ကောင်းတာပေါ့။ အန္တရာယ်ကင်းတယ်။ ..´ လို့ ပြောရင်း လေသံတိုးသွားပြီး ဖေဖေကြားရုံလောက် အသံနဲ့
        ' ခုန လူတယောက်လေ။ ကလေးတွေကို ကြည့်နေတာ မရိုးသားဘူး။ဒါကြောင့် ကျွန်မလည်း ပွဲခင်းထဲက အစောင့်နှစ်ဦးစီသွား လက်တို့ ပြောလိုက်တယ်။
        ဒါပေမဲ့ အစောင့်တွေက တကယ်မဟုတ်တာ လုပ်ချင်တဲ့သူဆိုရင် ဒီလို လူရိပ်မိအောင် ဘယ်တော့မှ မနေဘူးတဲ့။ ကျွန်မ အထင်မှားတာနေမယ် ပြောလွှတ်လိုက်ကြတယ်။
        ဒါပေမဲ့ အဲဒီလူက တကယ် မကောင်းတဲ့ သူဆို မခက်လား။ ဒါကြောင့် ကျွန်မလည်း သူ့မျက်လုံးဒေါက်ထောက်ကြည့်နေတာ။
         ဒါပေမဲ့ ပွဲပြနေချိန် သူက ကျွန်မ မျက်စိရှေ့တင် အငွေ့လို ပျောက်သွားတယ်။
          ....အင်း အဲဒီလိုပြောရင် နဲနဲများ များသွားမလားပဲ။ဒါပေမဲ့ တကယ် ပြောတာပါ။အဲဒါက အတော်ထူးဆန်းနေတယ်။´
          ဖေဖေက အန်တီကြီးရဲ့ စကားကြား သိပ်မယုံနိုင်လည်း သူမတို့ နှစ်ဦးကို  ငုံ့ကြည်ပြီး
      ' ကြားတယ်မဟုတ်လား။ကလေးသူခိုးတဲ့လေ။ဖေဖေ့အနားမှာပဲ နေနော်။ Juju ရောပဲ။´
       ' အဲဒါတွေက ကလေးတွေကို ခြောက်တဲ့ အလိမ် အညာတွေပါ။ တကယ့် တကယ်တော့ အဲဒီလို လူမျိုးတွေ အပြင်မှာ မရှိပါဘူး။ရှိရင်လည်း Juju က ဖမ်းပြမယ်။´ လို့ ဆိုတော့ ဖေဖေက
        ' သူ့အဖေနဲ့ သူနဲ့က စုံထောက် ရူးတွေလေ။´ လို့ အန်တီကြီး နားလည်အောင် တိုးတိုး ဆိုလိုက်ရတယ်။ဒါကိုပဲ Juju ကကြားလိုက်ပြီး မခံနိုင်ပဲ
         ' သမီးတို့က စုံထောက်ရူးတွေ မဟုတ်ပါဘူး။ တကယ့်စုံထောက်တွေပါ။ ဟိုတလောကတောင် သမီးတို့ ဘေးအိမ်က ကြောင်လေး ပျောက် သွားတာ ရှာပေးခဲ့သေးတယ်။´ လို့ ကြွားလိုက်တယ်။
         အန်တီကြီးလည်း   ' အို!!´ လို့ ပဲဆို ထပ် မပြောနိုင်တော့ပါဘူး။
          အဲဒီအချိန် အရုပ်လေးတွေက ကြိုးလေးတွေနဲ့ အကူတွေ လက်ထဲ ပါလာကြတယ်။ တစ်မျိုး တစ်မျိုးကို နှစ်ရုပ် သုံးရုပ်နဲ့။ကလေးတွေ အကြိုက်ချင်းတူနေရင် မရ မရှိ မဖြစ်အောင်ပေါ့။
            သူမကြည့်တော့ အဲဒီထဲ အရုပ်ဆရာကြီးနဲ့ တူတဲ့ ကိုယ်ခွဲ သစ်သားရုပ်လေးတော့ မပါလာခဲ့ဘူး။အဲဒီ သစ်သားရုပ်လေးကိုလည်း သူမ တစ်ဦးထဲ ရှာမိတာပါ။မိန်းကလေးတွေက ဘိုမရုပ်လေး နဲ့ အခြားအရုပ်မလေးတွေ ပဲ ရွေးယူကြတာများတယ်။
            ယောင်္ကျားလေးတွေကတော့ မီးသတ်သမားလေး၊အလုပ်သမားလေးနဲ့ တခြား ယောင်္ကျားလေးတွေ အကြိုက်တွေပေါ့။ အဲ့ဒီမှာ အန်တီကြီးက ထူးထူးဆန်းဆန်း မီးသတ်သမားရုပ်လေးကို ချစ်လို့ ဆိုဝယ်လိုက်တယ်။
             ဖေဖေကလည်း ဒီအတိုင်းကြည့်နေတဲ့ သူမ ငုံ့ ကြည့်လို့ ' သမီး နိုလေး။ တရုပ်ယူလေ။ ကုန်တောင်ကုန်တော့မယ်။ သမီးက clone လေးတွေ သဘောကျတယ်မဟုတ်လား။ ´
         ' ဒီက မမလေးက ဒီ ကလေးအရုပ် လေးများယူချင် သလား။´
        သူမ ရုတ်တရက် လန့်တုန်သွားပြီး စင်ပေါ်မှာ အကူတွေနောက်က ရုတ်တရက် ပေါ်လာတဲ့ ၁၃နှစ်အရွယ် ကောင်လေးကို မော့ကြည့်မိလိုက်တယ်။
        ဖေဖေလည်း သူ့ကြောင့် လန့်သွားလည်း လူကြီးပီပီ အရှက်ပြေ ပြုံးလိုက်ရင်း
      ' ဪ ခုန သစ်သားရုပ်လေးရဲ့ အသံက မင်းပဲကို။ ဒါနဲ့ မင်းအဖိုးကော။ နဂိုဆို မင်းဖိုးဖိုးက ပရိသတ်ကို နှုတ်ဆက်ရင်း အရုပ် တွေ ရောင်းနေကျလေ။ ခု သူ့ မတွေ့ရတော့ပါလား။သူ့တွေ့ရင် ဦးက သေချာပေါက် နှုတ်ဆက်ချင်နေတာ။´
          ကောင်လေးက ဖေဖေမေးတော့ မွန်မွန်ရည်ရည် ပြုံးလိုက်ရင်း
        ' ဟုတ်ကဲ့ ။ ဖိုးဖိုးက နှုတ်ဆက်ချင်လည်း ဒူးမကောင်းတော့လို့ နောက်မှာ အနားယူပြီး ကျန်ခဲ့တာပါ။ ကျွန်တော် ပြောပြလိုက်ပါမယ်။သူလည်း သူ့ကို ငယ်ငယ် ထဲက အားပေးခဲ့တဲ့ သူတွေက သတိတရ ထပ်လာအားပေးတယ် လို့ကြားရင် ဝမ်းသာမိမှာပါ။အဲ့ဒါကလည်း သူ့ကို ပိုအသက်ရှည်စေတယ်လေ။´
            ဖေဖေလည်း အရုပ်ဆရာလေးကို ငေးကြည့်ရင်း အတန်အံ့သြနေတယ်။ သူ့စိတ်ထဲမှာလည်း အရင်က ဒီကောင်လေးကို ငါ မြင်ဖူးပါတယ် ထင်မိသွားလို့လေ။ဒါပေမဲ့ သူ့မှတ်ဉာဏ်က မသေချာတော့ပါဘူး။
          သူမကတော့ သူတို့ စကားတွေ နားထဲ မဝင်တော့ပါဘူး။ အကြောင်းက သစ်သားရုပ်လေးနဲ့ တူတဲ့ အရုပ်ဆရာလေးလက်ထဲက အရုပ်လေးက မောင်လေးဖြစ်နေလို့လေ။ သူမ တုန်တုန်လှုပ်လှုပ် ဖြစ်ပြီး နောက်တစ်လှမ်း ဆုတ်လိုက်မိရင်း..
          ..ဒါ အိပ်မက် မဟုတ်ဘူးပဲ။ငါ အိပ်ငိုက်ပြီး ထင်ယောင် ထင်မှားတွေ မြင်တွေ့ ခဲ့တာလည်း မဟုတ်ဖူးပဲ။ ငါ့မှာ တကယ် မောင်လေး ရှိခဲ့တာပဲ။ သူမ တွေးရင်းဝမ်းနဲ လာ တယ်။
          အဲ့ဒီအချိန် Juju က
          'ဟယ်! အရုပ်လေးက ချစ်စရာလေး။ အိမ်နားက Domလေး လိုပဲ။
     ဟဲ့နို နင်မယူဘူးလား။ နင်မယူရင် ငါယူမယ်။´ ဆိုတော့ သူမ မြန်မြန် အရုပ်ဆရာလေး လက်ထဲက လုယူလိုက်ရတယ်။
        ဖေဖေက ' အမလေး မိနို ။ကျိုးပြုသွားပါအုံးမယ်။ အရုပ်ဆရာလေး။ အဲဒီ အရုပ်လေးက ဘယ်လောက်များလဲ။´
        ' ကျွန်တော်က လက်ဆောင်ပေးတာပါ။ မမလေးအတွက်လေ။´
       ' ဟာ ! မဟုတ်တာ။ပိုက်ဆံယူရမှာပေါ့..´ လို့ ပြောနေလည်း သူက စင်ပေါ်ကနေ နိုလေး ဒူးတဖက်ထောက် ငုံ့ ကြည့်လိုက်ရင်း
           ' Happy Birthday ! ပါ နိုလေး။ အသက်လည်းရှည်၊ လှပကျန်းမာ ပျော်ရွှင် စွာ ကြီးပြင်းလာခဲ့ပြီး နောက်ထပ် တွေ့ရမဲ့နေ့ရက်ကို စောင့်နေပါ။
          သေချာပေါက် ပြန်ဆုံတွေ့ကြမယ်။ ကိုယ့်ရဲ့အရုပ်မလေး။´ လို့ ဆို သူမခေါင်းလေးပေါ် အသာလက်တင် ထိကိုင်ပြီး ထထွက် သွားတော့ ဖေဖေတို့မှာ အံ့သြ ကျန်ရစ်ခဲ့ကြရတယ်။
           ဖေဖေက ဘေးမှာ အတူရှိနေတဲ့ အန်တီကြီး ခပ်ရှက်ရှက်နဲ့ ကြည့်ရင်း
          ' ကျွန်တော့်သမီးကို သူက အရုပ်မလေးလို့ ပြောသွားသလားပဲ။´ ဆိုတော့ အန်တီကြီးကလည်း
         ' ခု ခေတ် ကလေးတွေ က တကယ်မလွယ်တော့ဘူးပဲ။ ရှင်တော့ အရုပ်လေးနဲ့တူတဲ့ သမီးလေးကို ဖွက်ထား ရတော့မယ်။´ ဆိုတော့ ဖေဖေလည်း ရှက်ရယ်ပဲ ရယ်နိုင်တော့တယ်။
                ဘာပဲပြောပြော သူမက အရုပ်ဆရာလေး ပေးတဲ့ အရုပ်လေး မလွှတ်တန်း ဖက်ထားတော့ ဖေဖေက သက်ပြင်းချရင်း Juju လက်ကိုလည်းဆွဲလို့
          ' ကဲ သွားကြမယ်။နောက်ကျနေပြီ။မေမေ မျှော်နေတော့မယ်။´ လို့ ဆို ပြပွဲရုံလေးထဲက ထွက်ခွာလာလိုက်ကြတော့တယ်။

Doll Maker (အရုပ်လုပ်သူ)Where stories live. Discover now