_အကို.......
ကြွေကွဲအက်ရှနေသည့် အောင့်ခေါ်သံက သူမနားထဲကနေမထွက်နိုင်ခဲ့။ နီရဲနေသည့် အောင့်မျက်ဝန်းအစုံကိုလည်း ဒီနေ့ထိတိုင်မေ့မရနိုင်ခဲ့ပဲ အသက်မဲ့နေသော အောင့်ခန္ဓာကိုယ်ကိုအသေအချာ မှတ်သားနေဖြစ်သည်။
"မာမီ........"
"အင်း ထည်ဝါ......"
တုန်ယီနေသည့် သူမလက်အစုံကို ဆုပ်ကိုင်လို့ သူမပခုံးဆီကိုထိတွေ့ပွေ့ဖက်ပေးသည့် သားငယ်ကိုမော့ကြည့်ရင်းကပဲ အကြည့်တွေကဝေဝါးလာသည်။ ဒီနေရာမှာ အလုပ်များနေသည့် ကောင်းအစားပဲ ခိုလှုံစရာရင်ခွင်ပေးလာသည့် ထည်ဝါ့ရင်ခွင်ဆီတိုးဝင်ဖက်တွယ်ဖြစ်သွားသည်။
"ငါ အောင့်ကို အားနာလိုက်တာ ထည်ဝါရယ်။"
"အဆင်ပြေသွားမှာပါဗျာ......"
"အောင့်ကို သနားတယ်။"
"အများကြီးမငိုပါနဲ့။ အန်ကယ်အောင့်ကို သူ့ချစ်သူကစောင့်နေမှာပဲလေ။ မာမီအရမ်းမတွေးပါနဲ့။"
"အဲ့ဒီမှာ အဝန်းရှိနေမှာလားဟင်.....ဟင် ထည်ဝါ။"
"ရှိနေမှာ သေချာပါတယ်။
အန်ကယ်တစ်ယောက်ထဲဖြစ်မနေဖို့ သေချာပေါက်အတူရှိပေးနေမှာ။ အဲ့ဒီမှာ သူတို့နှစ်ယောက်ပျော်နေမှာ။""အင်း......."
ထည်ဝါပြောသလိုတွေးကြည့်တော့လည်း စိတ်ပေါ့ပါးသွားသည်။ ဒီခန္ဓာကိုယ်၏အလွန်မှာ ချစ်ခဲ့ကြတဲ့ သူတို့၏စိတ်ဝိညာဥ်တွေချင်း ပေါင်းစုံကြလိမ့်မည်။
အောင့်ကိုရော၊ အဝန်းကိုရော အားနာရပေမယ့်လည်း သူမကဲ့သို့အတွေးများနေမည့် ရောင်ဝါ့ကိုအရင်နှစ်သိမ့်ပေးဖြစ်သည်။ အောင်နဲ့သာအနေများခဲ့သော သူမ၏သားက အောင့်သေဆုံးခြင်းအတွက်ကို များစွာပဲတွေးတောနေပုံရသည်။
အဆောင်တစ်ခုလုံး၏အပြင်ဘက် လာဗင်ဒါတွေဖူးဝေနေသည့် ခင်းပြင်ရှေ့မှာ ငေးမောလို့နေပါသော ရောင်ဝါ့မျက်နှာတွင် မျက်ရည်စက်များဖြင့်ပြည့်နှက်နေသည်။
"ရောင်ဝါ......."
"မာမီ....။I so......."
နံဘေးတွင်ဝင်ထိုင်ဖြစ်သည့် ချက်ချင်းမှာပဲ သူ့မရင်ခွင်ဆီသို့ တိုးဝင်ပြီးငိုကြွေးသည်။
ESTÁS LEYENDO
အချစ်ဦး (Completed)