🤚Chapter 53
တနင်္လာနေ့မနက် ကျိအန်းနဉ်အတန်းသို့ ၀င်လာသည့်အခါ မုန့်ရှင်းယွီထံမှ ဖမ်းဆီးခံလိုက်ရသည်။
“နင် ငါတို့ရဲ့သူငယ်ချင်းရပ်၀န်းကပို့စ်ကို ကြည့်ပြီးပြီလား...”
ကျိအန်းနဉ် မေးလိုက်သည်။
“အဲ့ဒါက ဘာလဲ...”
“နင် မကြည့်ရသေးဘူးလို့ ငါထင်တယ်...ကြည့်ကြည့်လိုက်ပါဦး...”
မုန့်ရှင်းယွီက စောဒကတက်လိုက်သည်။
“ချန်းဟောင်က ပိုင်လုကို ဖွင့်ပြောလိုက်ပြီ...”
ကျိအန်းနဉ်၏မျက်လုံးများ ကျယ်သွားပြီး စိတ်လှုပ်ရှားစွာမေးလိုက်သည်။
“ပြီးတော့ရော...”
“သူ သေချာပေါက်လက်ခံလိုက်တာပေါ့...”
မုန့်ရှင်းယွီက သူမကို မျက်စိမှိတ်ပြလာခဲ့သည်။
ကျိအန်းနဉ် ရယ်နေခဲ့သည်။
ပိတ်ရက်တွင် လေးလေးနက်နက်စဉ်းစားပြီးနောက် ပိုင်လုက တည်ငြိမ်သွားပြီဖြစ်သည်။ သူတို့က သူမကိုစနောက်လျှင်ပင် ရှက်သွေးမဖြာတော့ချေ။ သူမကိုကြည့်မည်ဆိုရင် “ငါ အဲ့ဒါကိုဖြတ်သန်းခဲ့ပြီးပြီ ”ဟူ၍ မျက်နှာမှာပေါ်နေသည်။
တနင်္လာနေ့ညတွင် ကျိအန်းနဉ် အတိုက်အခိုက်လေ့ကျင့်ရန် သွားခဲ့ပြီး ချန်းဟောင်ကိုဂုဏ်ပြုလိုက်သည်။ ချန်းဟောင်က အရူးတစ်ယောက်သဖွယ် ပြုံးရယ်နေခဲ့သည်။
“မင်းတို့နှစ်ယောက် ဘာတွေများပြောနေကြတာလဲ...”
၀မ်ယွီက လှည့်ပတ်ကြည့်လိုက်သည့်အခါ သူတို့နှစ်ယောက်ပျော်ပျော်ရွှင်ရွှင် စကားပြောနေသည်က်ိုမြင်၍ သူလည်း စကားဝိုင်းထဲ ဝင်လာသည်။“ချန်းဟောင်က တစ်ကိုယ်တည်းမဟုတ်တော့ဘူးလေ...”
ကျိအန်းနဉ်ကသူ့ကိုအပြုံးတစ်ခုနှင့်ပြောလာသည်။
“ကောင်းတာပေါ့...”
၀မ်ယွီက သူ့လက်မောင်းကို ချန်းဟောင်၏လည်ဂုတ်ပေါ်တင်လိုက်သည်။
“မင်း ငါတို့ကို တစ်၀ိုင်းကျွေးရမယ်... ဒါကဖြစ်သင့်တယ်...”
ချန်းဟောင် အသက်ရှု၍မရနီးပါး ဖြစ်သွားသည်။