ရုန်: ကျွန်မ ရောက်ပြီ။ ရှင်ဘယ်မှာလဲ?
X: [ကားအကောင်းစားပုံ.jpg] ကိုယ်တောင်းပန်ပါတယ် ရုန်ရုန်။ ကားပိတ်နေတာ။ ကိုယ်အခု ကားပေါ်က ဆင်းပြီး ပြေးလာနေပြီ။ ကိုယ် အဲ့ဒီကို ၅မိနစ် နေရင် ရောက်မယ်နော်။ မင်းအတွက် matchaအရသာ နို့ ဝယ်လာခဲ့ပေးမယ်။
ရုန်: အင်း..ဂျုံလုံးကင် စားချင်လား?
X: စားမယ်! စပ်စပ်လေးနဲ့ ဇီယာစေ့ ထည့်ပေးနော် [မွ.....jpg]
X: အာ... ကိုယ် ဘာလုပ်သင့်လဲ.. ကိုယ် အရမ်းစိတ်ပူတယ် ရုန်ရုန်။ ကိုယ်ရုပ်ဆိုးနေလို့ မင်း ကိုယ့်ကို မကြိုက်ရင် ဘယ်လိုလုပ်ရမလဲ အား...!
X: [ဝမ်းနည်းမျက်ရည်နဲ့ ဖားလေး.jpg]
ရုန်ယိမှာ ဖြူစင်ပြီး ရှက်တတ်တဲ့ ကောင်လေး ရှိတယ်။ သူက နွေရာသီရောက်လာရင် သူမအတွက် အွန်လိုင်းအပေါ်ကနေ အသီးတွေ မှာပေးမဲ့ ကောင်လေးမျိုးပဲ။ တကယ်လို့ သူလမ်းသွားရင်း ထူးဆန်းတဲ့ ပိုးကောင်တစ်ကောင်ကို မြင်မိရင် wechatမှာ ပို့ပြီး အဲ့အကြောင်းနဲ့ ပတ်သက်လို့ စကားပြောလိမ့်မယ်။ သူမ အလုပ်ကနေ ပြန်လာတိုင်း ပင်ပန်းနေလားဆိုတာ သူဂရုစိုက်တယ်။ ချစ်ဖို့ကောင်းပြီး အားကိုးရတဲ့ ကောင်လေး၊ ပြီးတော့ ယုံကြည်ရတဲ့ အလုပ်အကြံပေးလည်း ဖြစ်တယ်။
အချိန် ၁၂နာရီကွာတဲ့ နိုင်ငံခြားမှာ နေနေပေမဲ့လည်း နေ့လည်မရောက်သေးသ၍ စက္ကန့်ပိုင်းအတွင်း သူစာပြန်တတ်တယ်။
အရာအားလုံးက ပြည့်စုံပါတယ်။ သူက အပြင်မှာ လူချင်းတွေ့ဖို့ ငြင်းနေတာလေး တစ်ခုကလွဲရင်ပေါ့။
X: [ယုန်လေး မျက်နှာကွယ်ထားပုံ.jpg] ကိုယ်..အင်း..ကိုယ်က ရုပ်ဆိုးတယ်။ ပြီးတော့ ကိုယ့်ရဲ့ အလုပ်ခွင်ကလည်း သိပ်ပြီး မကောင်းဘူး။ အဲ့ဒါကြောင့် ကိုယ်က အလင်းထဲမှာဆို ကြောက်တတ်တယ်...
ရုန်ယိကလည်း မိန်းမငယ်လေးတွေလို စိတ်ကူးယဥ်တတ်တဲ့ အသက်အရွယ်က ကျော်သွားပါပြီ။ သူမက ဘယ်လိုလုပ်ပြီး သူမရဲ့ ဒီလို ချစ်စရာကောင်းတဲ့ စိတ်နေသဘောထားလေးနဲ့ ကောင်လေးကို အရပ်ရှည် ရုပ်ချောပြီး ချမ်းသာရမယ်လို့ ရည်မှန်းထားနိုင်မှာလဲ?
ဒီလို အရာမျိုးကို သူမအတွက် မှန်းလို့တောင် မရဘူး။
ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့ တစ်နှစ်ဝင်ငွေက တစ်မီလီယံကျော်ရှိတယ်လေ။ ဒီတော့ သူမရဲ့ ခရုတီလေးကို သူ့ဘဝအတွက် ၁၀နှစ်စာလောက် အလုပ်လျှော့လုပ်ခိုင်းလိုက်ဖို့ စိတ်မရှိပါဘူး။
ရုန်ယိက သူမဖုန်းကို သိမ်းလိုက်ပြီး သရေစာဆိုင်ရဲ့ ကောင်တာမှာ ရပ်ကာ မွှေးကြိုင်စွာကင်ထားတဲ့ ဂျုံလုံးကင်ပေါ်မှာ ငရုတ်မှုန့်နဲ့ ဇီယာစေ့ကို ဖြူးတယ်။သူမဟာ ခွေးအိုကြီးတစ်ကောင်လို တည်ငြိမ်တယ်လို့ မြင်ရနိုင်ပေမဲ့ တကယ်တမ်းမှာတော့ သူမရဲ့ လက်က တုန်နေပြီး အကင်ပေါ်မှာတောင် ငရုတ်မှုန့်တွေ အများကြီး ဖြူးမိသွားတယ်လေ
။
နောက်ဆုံးတော့ မနေ့ကတင်ပဲ သူမရဲ့ ရည်းစားလေးက အပြင်မှာ တွေ့ဖို့ကို သဘောတူလိုက်တာကြောင့် ရုန်ယိက သူမရဲ့ ပထမဆုံးအမြင်ကို ကောင်းအောင် အတတ်နိုင်ဆုံး ပြင်ဆင်ခဲ့တယ်။ ဘယ်သူကများ အွန်လိုင်းဒိတ်တင်းလုပ်ပြီး အပြင်မှာ ပထမဆုံး မတွေ့ဖူးလို့လဲ? ဒါပေမဲ့ သူမထင်တာကတော့ သူမဟာ ဒီဆက်ဆံရေးမှာ ဦးဆောင်သူပဲ။ ဒါကြောင့် ဒီအချိန်မှာ သူမရဲ့ တုန်လှုပ်မှုကို မဖော်ပြသင့်ဘူး။
YOU ARE READING
ခြောက်ခြားဖွယ်ဂိမ်းရဲ့ ဘော့စ်နဲ့ အွန်လိုင်းဒိတ်တင်းလုပ်ပြီးနောက်
FantasyAuthor - 有机桃 Name - 和无限流BOSS网恋后 102 Chapters Myanmar Translation!!!