အချိန်အားဖြင့် ၅နှစ်ကျော်ကုန်လွန်သွားခဲ့ပြီ၊၊ပြောင်းလဲမှုတွေလည်းရှိခဲ့သည်၊၊ဂျိမ်းနဲ့ဆူးမှာ ဖန်ပြွန်သန္ဓေ(Test Tube baby ) IVF နည်းပညာနဲ့ လုပ်ဆောင်မှုအောင်မြင်ခဲ့ပြီး သမီးလေးတစ်ယောက်မွေးဖွားခဲ့တယ်၊၊
အဲ့နည်းတူပဲနောက်၂နှစ်အကြာမှာ လီလီနဲ့ ယောင်း မှာလည်း သမီးလေးတစ်ယောက်မွေးဖွားခဲ့တယ်၊၊
၅နှစ်အရွယ်ပါးဖောင်းဖောင်းလေးနှင့် တိုင်တောထူနေသော ကလေးငယ်လေးတစ်ယောက်...
"မားမားဆူးဆူး ... (Eonni) ahyeon ကလူဆိုးမကြီးသိလား"
"အယ်ဟုတ်လား ပြောပါဦး မားမားဆူးရဲ့ အချစ်တော်လေးကို ahyeonလေးက ဘာလုပ်လို့လဲ၊၊"
"ahyeonကလေ ချီချီကို ဂရုမစိုက်ဘူး သူ့သူငယ်ချင်းတွေနဲ့ပဲစာလုပ်တယ်၊၊ချီချီ ဝမ်းနည်းတယ် ဟင့်ဟင့်"
"မငိုရဘူးလေ ချီချီလေးရေ ၊၊လာပါဦး မားမားဆူးဆူး သုတ်ပေးမယ်၊၊ပြန်လာမှ ahyeonကို ကောင်းကောင်းဆုံးမပေးမယ်နော် တိတ်တိတ် ၊၊eonni က ချီချီကိုချစ်ပါတယ်၊၊မားမားပြောပေးမယ်နော်၊၊လိမ္မာပါတယ် ချီချီလေးက"
"တကယ်လား ပီးရောနော်၊၊ကတိဖျက်နဲ့ eonni ahyeon ပန်လာရင် ကောင်းကောင်းရိုက်"
မပီကလာပီကလာနဲ့ နှုတ်ခမ်းတဆူဆူ ပြောနေသော Chiquita လေးကိုချစ်မဝပေ၊၊ချီချီက ahyeonထက် ၂နှစ်ငယ်တယ်၊၊ ဆူးတို့ ကလေးယူပြီး၂နှစ်ကြာတော့ လီလီ့ရဲ့ပူဆာမှုဖြင့် ချီချီ လေးကိုမွေးခဲ့တာ၊၊ကံဆိုးချင်တော့ ကိုယ်ဝန်ဆောင်ရသူက လီဆာဖြစ်နေတယ်၊၊
တကယ်ဆို ဆူးတို့ရဲ့ကလေးက Ahyeonပေမယ့် ahyeonလေးငယ်ငယ်ထဲက လီလီနဲ့ယောင်းရဲ့လက်ပေါ်မှာကြီးပြီး ahyeonကသူတို့သမီးလိုတောင်ဖြစ်နေပြီ၊၊ ချီချီလေးကျပြန်တော့လည်း ဂျိမ်းနဲ့ဆူးရဲ့လက်ပေါ်မှာကြီးပြီး ဆူးတို့ရဲ့သမီးလေးလိုဖြစ်နေပြီ၊၊တစ်ခုခုဆို ဆူးကိုလာတိုင်တာ၊၊ချီချီလေးက ပါးလေးကဖောင်းဖောင်းလေးနဲ့ ချစ်စဖွယ်အတိ သွက်သွက်လက်လက်လေး ညာလည်းစားတတ်ပါ့၊၊ahyeonလေးကျပြန်တော့လည်း အေးစက်စက်နဲ့ တည်တည်ငြိမ်ငြိမ်လေး ချီချီလေးက ခုန်ပေါက်ဆော့နေရင် ahyeonလေးက ပန်းချီဆွဲ၊၊ ချီချီလေးက မြူးမြူးကြွကြွနဲ့ကခုန်နေရင် ahyeonလေးက headphone တတ်ပြီး သီချင်းအေးအေးလေးတွေနဲ့ chillနေတတ်တယ်၊၊ သူတို့ ၂ယောက်ရဲ့ စရိုက်တွေကတော့ ကွဲပြားထွက်နေပေမယ့် တစ်ယောက်ကိုယ်တစ်ယောက်တော့ မသိမသာ ဂရုစိုက်ပေးတတ်ကြတယ်၊၊
YOU ARE READING
Queens Of Love stories
Fanfictionချစ်ခြင်းမေတ္တာဆိုတာ မမြဲချင်းပဲ အဲ့မြဲချင်းကြိုးစကို မင်းနဲ့မှ မြဲချင်ခဲ့တာ