ဒီနေ့တစ်နေ့လုံး ဂျိမ်းဘာမှမလုပ်ဖြစ်မကိုင်ဖြစ်ဘူး၊၊နှလုံးသားထဲ ဆူးပဲစိုးမိုးနေမိလို့၊၊
'ဟူး ငါလည်းသေမှာပဲ၊၊ဆူးရေ ဆူးရဲ့ ဟင်းး'
ဂျိမ်းတစ်ယောက် သက်ပြင်းတွေချပြီး တီးတိုးရွတ်လိုက်တယ်၊၊၇ရက်မြောက်နေ့ဖြစ်လာပေမယ့်လည်း ဆူးဆီကဘာဆက်သွယ်မှုမှမရခဲ့ပေ၊၊ဆူးဟာ အတည်ကြီးစိမ်းကားရက်ပြီလား၊၊ ထိုအချိန် တစ်ဖက်ခြံက ဒိုးလုံးရဲ့ မချစ်ဘူးမပြောပါနဲ့ သီချင်းကဖွင့်ထားသည်၊၊
သိပ်ချစ်မိလို့များ အပြစ်ဖြစ်ရတာလားကွာ...
"ဟာချီးပဲ သီချင်းကြီးကလည်း ငိုချင်ပါတယ်ဆိုမှ"
ထိုစဥ်အနောက်မှ
"ဘာတွေ ငိုချင်နေတာတုန်း"
"အိပ်မက်တွေထဲလည်း ဆူးပဲ၊၊ တစ်ခုခုဆိုလည်း ဆူးလို့ ထင်ချင်ထင် ဟင်းးအခုလည်း အသံတွေကြားရပြန်ပြီ ငါရူးများရူးသွားတာလား ထင်ယောင်ထင်မှားပဲနေမှာပါ၊၊"
"ဟော့ ရှင်ဘာဖြစ်နေတာလဲ"
"ဟင် ဟာ ဆ..ဆူးဟ တကယ်ကြီးဆူးပဲ"
"စဥ်းစားပြီးသွားပြီ အဖြေလာပြန်ပေးတာ ဘယ်လိုအဖြေလို့ထင်လဲ"
"ဟို ဟို မသိဘူးလေ ဆူးသဘောပါ ဆူးဘာပဲဆုံးဖြတ်ဆုံးဖြတ် ဂျိမ်းခံယူဖို့အသင့်ပါ"
မဝင့်မရဲနဲ့ ခေါင်းလေးငုံ့ပြီးဖြေနေတဲ့ ဂျိမ်းကိုကြည့်ပြီး ဆူးအသဲယားလာသည်၊၊မနေနိုင်တဲ့အဆုံး
"ဟာ ဆူး"
"ငြိမ်ငြိမ်လေးနေပါ လွမ်းနေတာ၊၊ခဏလောက်ဖက်ထားပါစေ၊၊"
"ဆူးသားဖက်ထားမယ်ဆို ဂျိမ်းက တစ်သက်လုံးအဖက်ခံမှာပါ၊၊"
"ဆူးခဏလေး ဆူးအဖြေက ကိုယ့်ကိုယ် ယုံတာလားဟင်၊၊ချစ်တာမလား"
"အွန်း ချစ်တယ်ယုံလည်းယုံတယ်၊၊အများကြီးချစ်မိနေခဲ့တာမလို့ ရှင်ကရှေ့ဆက်ပြီး ဆူးကို ပိုပြီးချစ်ပေးပါ့မယ်လို့ဂတိပေးပါ၊၊ဒီတစ်ခါဝေးရရင် ဆူးရူးလိမ့်"
"ချစ်လိုက်တာ ဆူးရယ်၊၊စိတ်ချပါ ဆူးကို ကိုယ့်အသက်ထက်ပိုပြီးချစ်ပေးမှာမလို့ ရဲရဲကြီးမှီခိုပေးပါ၊၊"
YOU ARE READING
Queens Of Love stories
Fanfictionချစ်ခြင်းမေတ္တာဆိုတာ မမြဲချင်းပဲ အဲ့မြဲချင်းကြိုးစကို မင်းနဲ့မှ မြဲချင်ခဲ့တာ