" အစ်ကိုဂျယ်ဟျွန်း! ကျွန်တော့်ကို အစ်ကိုထယ်ဆန်းဘယ်မှာနေလဲဆိုတာပြောပြပါ။ "
" ဘာလုပ်မလို့လဲ။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုဖြေတော့မဲ့လူက စာကိုအာရုံမစိုက်ပဲနဲ့ဘာတွေမေးနေတာလဲ။ "
" ကျွန်တော်တကယ်သိချင်လို့ပါ။ အစ်ကိုသာပြောပြမယ်ဆိုရင် ကျွန်တော့်ဝမ်းကွဲ အစ်ကိုဆောင်းဟိုရဲ့ဖုန်းနံပါတ်ပြောပြမယ်။ "
" အစ်ကိုက မင်းအစ်ကိုဖုန်းနံပါတ်ဘာလုပ်ရမှာလဲ။ "
" မလိမ်ပါနဲ့။ အစ်ကိုလည်း အစ်ကိုဆောင်းဟိုကိုသဘောကျနေတာမလား။ "
" ဘာတွေပြောနေပြန်တာလဲ ဒီကလေးကတော့!
အစ်ကိုက အဲ့ဒီလိုလူမျိုးမဟုတ်ပါဘူး။ ကဲ စာလုပ်ပါတော့ အွန်းဟက်ရယ်။ ဒူးထောက်ပါတယ်။ "" ဒါဆို လိပ်စာပေးလေ။ "
- ဂျယ်ဟျွန်းသက်ပြင်းချလိုက်ကာ အွန်းဟက်ကိုလက်ပိုက်ပြီးကြည့်လိုက်သည်။ သူနဲ့ အွန်းဟက်ကအများကြီးမဝေးသောဘေးအိမ်ကပ်ရပ်တွင်နေကြတာဖြစ်သည်။ ငယ်ငယ်ကတည်းက သိလာသည့်အလျောက် အိမ်ကိုတံခါးမရှိ ဓားမရှိဝင်ထွက်နေတာလည်း မူလတန်းအရွယ်လောက်ကတည်းကဖြစ်သည်။ ဒီကိစ္စတွေကလည်း လွန်ခဲ့တဲ့တစ်ပတ်ကျော်ကမှ စခဲ့တာဖြစ်သည်။ -
- အွန်းဟက်ရဲ့အစ်ကိုက အကူအညီတောင်းတာကြောင့် မိဘဆရာတွေ့ဆုံပွဲကိုထယ်ဆန်းနဲအတူသွားဖြစ်ခဲ့ကြသည်။ ဒါကိုဒီကလေးအဲ့နေ့ပြီးကတည်းက ထယ်ဆန်းရဲ့ဖုန်းနံပါတ်ကိုလိုက်တောင်းနေတာဖြစ်သည်။ အခုဆို လိပ်စာပါတောင်းနေပြီဖြစ်သည်။-
" စာသေချာလုပ်ပြီးတော့ စာမေးပွဲအောင်ရင် အစ်ကိုမင်းကိုလိပ်စာပြောပြမယ်။ "
" အမယ် နိုးပါ...နိုးပါ။ အခုလိုချင်တာ။
အစ်ကိုဂျယ်ဟျွန်းပေးလိုက်ရင် ကျွန်တော် ဆိုးလ်တက္ကသိုလ်တောင်တက်လို့ရလောက်တယ်။ "- လူကဖြင့်လက်တောက်လောက်လေးနဲ့ စကားကတော့နတ်ပြည်ကနေမဆင်းဘူး။ -
" ကျစ်....ခက်ပါရဲ့ အွန်းဟက်ရာ။ မင်းဒီလောက်လိုက်တောင်းနေတာ ထယ်ဆန်းကိုများကြိုက်နေတာလား။ "
YOU ARE READING
My Baby Bear (Completed)
Fanfictionလောကရဲ့စည်းမျဥ်းဥပဒေအရ မင်းသူ့ကိုချစ်တာက လွတ်လပ်မှုဖြစ်ပြီးတော့ ကိုယ်မင်းကိုချစ်တာကနာကျင်မှု။ 17.6.2024