- အွန်းဟက် အထက်တန်းတတိယနှစ်စာမေးပွဲဖြေပြီးသည့်အချိန်ဖြစ်သည်။ -
" အစ်ကိုဂျယ်ဟျွန်းရေ....."
- အသံအနေအထားမြင့်မြင့်နှင့် အိမ်ထဲကိုအော်ပြီးဝင်လာသောအွန်းဟက်ကို ဂျယ်ဟျွန်း၏အမေကစီးကြိုလိုက်သည်။ -
" အွန်းလေး။ ဒီနေ့စာမေးပွဲဖြေနိုင်လား။ "
" ဖြေနိုင်တာပေါ့ ဒေါ်ဒေါ်ရာ။ အခုအဲ့ဒါ အစ်ကိုဂျယ်ဟျွန်းကိုလာပြောတာ။ "
" အွန်းလေးကတော်လိုက်တာ။ ဒါမှဒေါ်ဒေါ့်အချစ်ရဆုံးလေး။ "
" အမယ်လေး။ အွန်းဟက်ဂီတို့များ အစ်ကို့မေမေကိုဘာတွေနဲ့ချုပ်ထားသလဲမသိဘူး။ "
- ဂျယ်ဟျွန်းအပေါ်ထပ်ကနေ ဆင်းလာခဲ့သည်။ -
" ဒါကတော့ ကျွန်တော်ရဲ့သဘာဝအရထွက်ပေါ်နေတဲ့ ချစ်စရာကောင်းမှုတွေကိုပဲ ကျေးဇူးတင်တယ်ဆိုရမှာပေါ့။ "
- သူအဲ့လိုပြောတော့ အစ်ကိုဂျယ်ဟျွန်းရော ဒေါ်ဒေါ်ကပါရယ်နေခဲ့သည်။ -
" ဒါနဲ့ အစ်ကိုဂျယ်ဟျွန်းကဘယ်သွားမလို့လဲ။ "
" အင်တာဗျူးသွားဖြေမလို့လေ။ "
"ကျွန်တော်ရောလိုက်ခဲ့လို့ရမလား။ "
" အာ...အဲ့ဒါက...."
" သားကဖေဖေ့ကားယူသွားမှာမလား။ အွန်းလေးကိုခေါ်သွားလိုက်ပါ သားရယ်။ အခုချိန်သူ့အစ်ကိုလည်းမရှိဘူးဆိုတော့ ပျင်းနေမှာပေါ့။ "
" အာ..ဟုတ်ကဲ့ မေမေ။
အဝတ်သွားလဲချည် ကလေး။ အစ်ကိုလမ်းထိပ်ကကားပါကင်မှာစောင့်နေမယ်။ "" ဟုတ်ပြီ အစ်ကိုဂျယ်ဟျွန်း။ "
- ပြောပြီးတာနဲ့ အိမ်ထဲကနေပြေးထွက်သွားသည်။ ဂျယ်ဟျွန်းလည်းအနည်းငယ်ပြုံးလိုက်ပြီးခေါင်းခါကာအိမ်ထဲကနေထွက်လာခဲ့သည်။ -
.
.
." ဟက်ကီး! ဒီမှာ... "
- မီးခိုးရောင်ဆွယ်တာလက်ရှည်ကိုဝတ်ထားကာ ဒူးခေါင်းဖုံးသည့်ဘောင်းဘီအတိုအား ဝတ်ထားပြီး သူ့ဆီကို မပြေးရုံတမယ်ခြေလှမ်းများဖြင့်လာနေခဲ့သည်။ -
YOU ARE READING
My Baby Bear (Completed)
Fanfictionလောကရဲ့စည်းမျဥ်းဥပဒေအရ မင်းသူ့ကိုချစ်တာက လွတ်လပ်မှုဖြစ်ပြီးတော့ ကိုယ်မင်းကိုချစ်တာကနာကျင်မှု။ 17.6.2024