အပိုင်း ၃

415 17 11
                                    

သတိယမိပြန်ပြီ....မုန်းက...သူ့ကို....။မုန်းအသက်ဆယ့်ရှစ်နှစ်ပြည့်ရင်ပြန်လာခဲ့မယ်ပြောပြီးပေါ်မလာသေးတာခုထိပင်။ဒါမှမဟုတ်အိမ်ထောင်တွေကျလို့များသူမလာနိုင်တော့တာများလား။

"အာ.....မိမုန်းရယ်...ဘာတွေလိုက်တွေးနေတာလဲ...
အိမ်ထောင်ကျလည်းနင်နဲ့ဘာဆိုင်လို့လဲ...သူ့ကိုယ်သူမုန်းရဲ့အုပ်ထိန်းသူလို့ပြောပေမယ့်ဘာမှမတော်တာကို....သူအိမ်ထောင်ကျလို့မလာဖြစ်တော့တာလည်းဖြစ်နိုင်တာပဲလေနော်.....အင်း...မအားလို့မလာတာလည်းဖြစ်နိုင်တာပဲ....ဒါပေမယ့်မလာဖြစ်ရင်လည်းတစ်နည်းနည်းနဲ့တော့အသိပေးသင့်တယ်မဟုတ်လား....ဒါပေမယ့်မတွေ့တာသုံးနှစ်နီးပါးဖြစ်နေပြီလေ...ငါကရောတွေ့ရင်မှတ်မိနိုင်ပါ့မလား.....တစ်ခါပဲတွေ့ဖူးတာလေ....အာ....ဘာလဲဟာ.....စိတ်ရှုပ်လာပြီ.....လာချင်လာမလာချင်နေတော့..... "

မုန်းနှုတ်ကနေလာချင်လာမလာချင်နေပြောနေမိပေမယ့်သူမမျှော်လင့်နေမိသေးတာကတော့မငြင်းနိုင်ပေ။

"ဟဲ့..... "

"အမလေး......လန့်လိုက်တာဟယ်.... "

"အံမယ်....မုန်းနော်....ဘာတွေတွေးပြီးပွစိလုပ်နေရတာလဲ..... "

"ဘာမှမဟုတ်ပါဘူးဟာ.....စာနွေးနေတာ....ဟီး....."

"ယုံရမှာလား...ငါတို့ရောက်တာတောင်မသိပဲ....အတွေးထဲနစ်နေပြီးတော့....ရှင်နော်ရှင်....မရိုးတော့ဘူး....ဟွန့်..... "

"ဟုတ်ပါ့....ပြီးတော့မျက်နှာကလည်းရှုံ့လိုက်မဲ့လိုက်နဲ့....စာနွေးတာ...အဲ့လိုလား..မုန်းနော်မုန်း.... "

"ဟီး.....ယမုံနဲ့ရွက်သစ်ကလည်း....ဒီတစ်ခါလေးတော့လွှတ်ထားပေးပါ....နော်....နော်လို့..... "

မုန်းအတွေးများနေစဥ်ဘယ်အချိန်ကတည်းကရောက်နေမှန်းမသိသောသူငယ်ချင်းမနှစ်ယောက်ကြောင့်လိမ်လို့ကလည်းမရတော့မျက်နှာငယ်လေးဖြင့်ချွဲပစ်လိုက်ရသည်။

"ပြီးရော....ဟွန့်.... "

"နောက်တစ်ခါဆို.....မလွယ်ဘူး...မရရအောင်ကိုဖော်တော့မှာ.... "

"ဟီး....အဲ့ဒါကြောင့်ချစ်နေရတာ.... "

ယမုံနဲ့ရွက်သစ်မှာသူတို့အားမျက်နှာငယ်လေးလုပ်ပြီးလက်ညိုးတစ်ချောင်းပါထောင်ပြပြီးချွဲပြနေသောမုန်းကြောင့်သိချင်စိတ်ကိုမျိုသိပ်လိုက်ရပြန်သည်။

You've reached the end of published parts.

⏰ Last updated: Jun 11, 2024 ⏰

Add this story to your Library to get notified about new parts!

ကိုယ့်သည်းငယ် (or) ကျွန်မရဲ့ယုံကြည်ရာWhere stories live. Discover now