#########
ပြာလဲ့လဲ့ မီးရောင်ရှိတဲ့ Wine store တစ်ခုထဲဝယ်...ထိုင်နေသောလူတစ်ယောက်....လက်ထဲကဝိုင်ကိုသောက်ရင်းနဲ့သူ့ရှေ့၌ရှိသောTV screen ထက်ပေါ်နေသောပုံရိပ်လေးကို....ကြည့်နေသည်ကမျက်တောင်ပင်ခတ်ဖို့မေ့နေသည့်အလား။သူ့လက်ထဲကဝိုင်ခွက်ကိုချလိုက်သည်နှင့်သူ့ဘေးမှာရပ်စောင့်နေသောနှစ်ယောက်ထဲမှညာဘက်တွင်ရှိသောသူက
ဝိုင်ခွက်ထဲဝိုင်ဖြည့်ပေးနေသည့်ပုံကအလိုက်တသိဆိုတာထက်သူတို့လုပ်နေကျအလုပ်တခုအလားပင်ပြောရမည်။ခလွမ်း...ဒေါက်....
သောက်လက်စဝိုက်ခွက်ထဲဝိုင်ထပ်ဖြည့်ပြီးနောက်ဝိုင်ပုလင်းကိုပြန်ချကာအစောဏကသူရပ်နေသည့်နေရာအတိုင်းပြန်ရပ်ကာဝိုင်သောက်နေသည့်သူအားမျက်ခြေမပြတ်စောင့်ကြည့်နေကြသည်။
"ခက်တယ်...ငါဘယ်လိုလုပ်ပေးရမလဲ....ဘာလုပ်လုပ်ငါ့အတွက်ခက်တယ်ဆိုတာမရှိသေးဘူး...မင်းတို့သိတယ်မလား.... "
"ဟုတ်ကဲ့...သိပါတယ်...King...2 "
သူပြောလိုက်သည့်နှင့်သူ့ဘေးမှာရပ်နေသောJ(ဂျေ) နှင့် 9 ကဆီကပြိုင်တူအသံပေါ်လာကြသည်။
"ခုဆို နှစ်နှစ်ရှိနေပြီ....ငါအဝေးကနေသူ့မျက်နှာအညိုးမခံတာ...အမြဲတမ်းငါပျော်ရွှင်အောင်ထားတာတွေက....ငါ့ဘေဘီက....မျက်နှာတချက်ညိုးငယ်နေလို့....ငါကြည့်လိုက်တိုင်း....သူ့အဖေဦးအာကာနဲ့မိသားစုကြောင့်ချည်းပဲ.....၂နှစ်ရှိပြီ....ငါမေပန်းကိုဘယ်လိုမျက်နှာပြရမလဲ.....မေပန်းကငါ့ကိုယုံကြည်လို့ဘေဘီကိုငါ့လက်ထဲအပ်ထားခဲ့တာကို..... "
"King..... စိတ်ထဲရှိတဲ့အတိုင်းလုပ်ချလိုက်ပါလား.....အခြေအနေတွေကပြောင်းနေတာကို.....ဒီတိုင်းသွားရင်မမလေး....ရေရှည်ပျော်ရွှင်မယ်မထင်ဘူး.... "
"J...မင်းလည်းအဲ့လိုတွေးမိတယ်လား..... "
"ဟုတ်ပါတယ်....king.... "
king ပိတ်ကားထက်ကသူမလေးရဲ့ပျော်ရွှင်နေသောပုံကိုကြည့်ရင်းနဲ့J့ရဲ့အဖြေကိုသဘောကျမိသလို....
ခေါင်းတဆတ်ဆတ်ညိမ့်နေမိတော့သည်။"What about you 9? ......How do you think?...."
"J ပြောသလို king မမလေးကိုမငဲ့တော့ပဲking ရဲ့အစီအစဥ်အတိုင်းသွားကြည့်ပါလား....King လုပ်သမျှကမမလေးအတွက်ဆိုတာ မေပန်းလည်းနားလည်ပေးမယ်လို့ယုံကြည်ပါတယ်...မမလေးလည်းတချိန်ကျရင်....သူ့အတွက်king လုပ်ခဲ့တာဆိုတာ....သူလက်ခံလာမှာပါ..... "
YOU ARE READING
ကိုယ့်သည်းငယ် (or) ကျွန်မရဲ့ယုံကြည်ရာ
Fantasíaလူတွေကိုလွှမ်းမိုးနိုင်တဲ့ Mafia ကြီး..... မိန်းမတစ်မျက်နှာသာကြည့်တတ်တဲ့ဘဲကြီးပါ သူပြောနေကျစကားက....ကိုယ့်သည်းငယ်...ကိုမျက်နှာတစ်ချက်ပျက်စေတာနဲ့...အဲ့လူနောက်နေ့မကူးစေရဘဲ...မြေကြီးထဲရောက်ပြီသာမှတ်...... (ဧကရာဇ်လင်းရောင် (or ) King) 💕💕💕💕💕 ကျွန်မ...