(၉)

9 4 0
                                    

(၄၁)

အိုရန်က ဒီရက်ပိုင်း ပြောင်းလဲနေတယ်။အရင်ကထက် ပိုပြီး လူကိုပိုကပ်လာသလို ပိုပြီးဂျစ်ကန်ကန်နိုင်လာတယ်။ငါ့ကိုအပြင်သွားရင်ာစွပ်ကျယ်တွေပေးမဝတ်တော့သလို ဘောင်းဘီတိုတွေကို ပေးမဝတ်ပြန်ဘူး။ငါ့စိတ်ထဲ ကွက်ရှင်မတ်ပေါင်း သောင်းခြောက်ထောင်နဲ့။ငါထင်တာ ကြောင်တွေရဲ့ မိတ်လိုက်တဲ့ရာသီ ရောက်လို့များလားပေါ့။

ဖုန်းအသစ်တစ်လုံးကို အိုရန်တွက် ငါဝယ်ပေးထားတော့ အိုရန်က အဲ့ဒါကို အသုံးချပြီး ငါရုံးမှာရှိနေတဲ့အချိန်တိုင်း ငါ့ကိုဖုန်းဆက်တော့တာပဲ။အမြဲတမ်း ငါဖုန်းမဖြေနိုင်ပေမယ့် အားတဲ့အချိန်တိုင်း ဖုန်းပြောပါများလို့ ရုံးကလူတွေက ငါ့ရည်းစားလို့ ထင်လာကြတယ်။ငါလဲရယ်ကျဲကျဲနဲ့ သူငယ်ချင်းပါလို့ ပြန်ပြောရတယ်။ဒါပေမယ့် သူတို့မယုံတာ ငါသိပါတယ်။

(၄၂)

ညနက်သန်းခေါင်ကြီး ငါလန့်နှိုးလာတယ်။နောက်ကနေ ဖက်ထားတဲ့အိုရန့်ခန္ဓာကိုယ်က အပူချိန်က မီးတောက်လိုပဲ။ငါချွေးတွေနဲ့ လန့်နှိူးလာတာ ဒါကြောင့်ဖြစ်မယ်။ဟိတ်...နေပါဦး....ငါ့နောက်ကျောကို ဖိထားတဲ့ အိုရန့်ဆီက မူမမှန်တာကို ငါခံစားမိနေတာ။အဲ့တာ...အဲ့တာကြီးတော့ မဟုတ်ပါဘူးနော်။ငါဖြေးဖြေးချင်းလှည့်ပြီး အိုရန်နဲ့မျက်နှာချင်းဆိုင်မိတော့ အိုရန်မျက်လုံးပွင့်လာတယ်။ငါကြောင်အပြီး ငါ့စကားတွေက အထစ်အထစ်ဖြစ်ကုန်တယ်။

“မင်း...မင်း ဘယ်လိုလုပ်နှိုးနေတာလဲ။”

ငါ့လိုမျိုး အိုရန်လဲ ချွေးစေးတွေနဲ့။နှုတ်ခမ်းကိုက်ပြီး ဖြူလျော့လျော့ဖြစ်နေတဲ့ အိုရန်ရယ် ၊ဖောင်းနေတဲ့ အောက်ပိုင်းတစ်နေရာရယ်ကို ငါခေါက်တုံ့ခေါက်ပြန်ကြည့်မိနေတယ်။ငါသက်ပြင်းတစ်ချက်ချပြီး အိုရန်ကို သနားလို့ ကူညီပေးလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။

မတတ်နိုင်ဘူးလေ။ ယောင်္ကျားလေးအချင်းချင်း အဲ့ဒါကဘယ်လောက်နေရခက်လဲဆိုတာ ငါသိတာမို့။ကသိကအောက်ဖြစ်ဖြစ်နဲ့ ငါကူညီလိုက်ရတယ်။

ငါ့ရဲ့ ဖြူသွယ်သွယ်လက်တွေက အိုရန်ရဲ့ ညီငယ်လေးနဲ့ သိပ်ပြီးမမျှတသလို ဖြစ်နေပေမယ့် ခက်ခက်ခဲခဲနဲ့ ငါဖြေလျော့ပေးလိုက်တယ်။စုန်ချည်ဆန်ချည်ကူးလူးနေရင်း အချိန်တစ်ခုကြာသွားတော့ ငါ့လက်ထဲ ပူနွေးနွေးနဲ့ခပ်ပျစ်ပျစ်အရည်တွေ ပြည့်နှက်သွားတော့တယ်။

I Have An Orange Cat Where stories live. Discover now