(၁၁)

9 4 0
                                    

(၅၃)

အကျိုးရှိလှတဲ့ တနင်္ဂနွေနေ့လေးက ရှက်စရာကိစ္စတွေနဲ့ပဲ အချိန်ကုန်ဆုံးသွားလိမ့်မယ်လို့ ငါဘယ်ထင်ပါ့မလဲ။အဖျားလေးနဲနဲရှိတဲ့အပြင် ကိုယ်လက်မအီမသာဖြစ်နေတော့ ရုံးကို ငါခွင့်တိုင်လိုက်ရတယ်။

အက်ကွဲနေတဲ့ ငါ့အသံကို ငါ့သူငယ်ချင်းက ကြားတော့ လူယုတ်မာရယ်သံကြီးနဲ့ နားလည်ပါတယ်ပြောတယ်။ငါလဲ စိတ်တိုသွားပြီး ဖုန်းကို ရိုက်ခွဲမိမလိုဖြစ်တာပေါ့။ငါစိတ်တိုနေတာကို သိတဲ့ အိုရန်က စိတ်လျှော့ဖို့ ငါ့ကိုအနမ်းလေးနဲ့ နှစ်သိမ့်ပေးတယ်။

မနေ့ညက ပြင်းပြတဲ့အနမ်းတွေနဲ့ မတူတာက အာတာပူစီကို လျှာပေါ်တင်လိုက်ရသလိုပဲ။နူးညံ့ပြီး တစ်ချိန်တည်းမှာပဲချိုမြိန်တယ်။အိုရန်ကို နက်နက်ရှိုင်းရှိုင်း ငါစိုက်ကြည့်လိုက်ပြီး တစ်ခုခုကို သဘောပေါက်သွားတော့တယ်။ဒီလိုလေးကလဲ အဆင်ပြေတဲ့အကြောင်း။

တီဗွီရုပ်ရှင်တွေရဲ့ အကျိုးသက်ရောက်မှုကြောင့် အိုရန်ငါ့အပေါ်  ထင်ယောင်ထင်မှားဖြစ်နေတာကလဲ အဆင်ပြေပါတယ်။ဒီတိုင်းလေး ငါ့ဘေးမှာရှိနေပြီး ငါနဲ့အတူ ဒီတိုင်းဖြတ်သန်းရင်း နေ့ရက်တိုင်းမှာ ဒီလူသားကို ငါမြင်တွေ့ခွင့်ရနေမှာက ငါ့ရဲ့ဆုလာဘ်ပဲလေ။အကယ်၍ တစ်နေ့မှာ အိုရန်က ထင်ယောင်ထင်မှားဖြစ်တာကနေ နှိုးထလာပြီး ငါ့ကိုမလိုချင်တော့ရင်တောင်....ငါအဆင်ပြေပါတယ်။ဟုတ်တယ်...ငါအဆင်ပြေမှာပါ။ရုတ်တရက်ကြီး ငါငိုချင်သွားတယ်။ငါ့ဆီက ဝမ်းနည်းမှုကို အိုရန်က ခံစားမိတဲ့အတိုင်းပဲ။

ငါ့ကိုထွေးပွေ့လာပြီး ငါနဖူးလေးကို ညင်ညင်သာသာလေး အနမ်းတွေပေးလာရင်းပြောတယ်။

“ကိုယ်မင်းကိုချစ်တယ်။”

“ငါလဲချစ်တယ်။”

စဉ်းတောင်မစားပဲ ငါတုံ့ပြန်လိုက်လို့လား။အိုရန့်ဆီက ပြောင်းလဲမှုလေးကို ငါခံစား‌လိုက်ရတယ်။အိုရန်...ပြုံးနေတယ်။

(၅၄)

ငါတို့ အတူပေါင်းစည်းပြီးသွားကြတဲ့နောက် အိုရန်က ပြောင်းလဲလာတယ်။အရင်လို ချွဲပြီးကပ်တွယ်မနေတော့ဘူး။ငါဝမ်းနည်းမိသလိုဖြစ်ပေမယ့် ပိုပြီးအံ့အားသင့်လာရပြန်တယ်။အိုရန်က အလုပ်လုပ်ချင်တယ်တဲ့။

I Have An Orange Cat Where stories live. Discover now