Intro

1.1K 21 0
                                    

💧 မိုး​နှင့်ကံကြမ္မာ 💧(ဝတ္ထု ဇာတ်လမ်း)

ခြောက်ခြားဖွယ်ရာ ညတစ်ည...🥀

ဂျိမ်း...ဂျိမ်း......

ကျယ်​လောင်​သောမိုးခြိမ်းသံကြီးများမြည်ဟီး​နေသည်​နှင့်အပြိုင် လျှပ်စီး​ကြောင်းများတလှပ်လှပ်​တောက်ပ​နေ​သောည
မကြာခင်မိုးများသည်းထန်စွာရွာသွန်း​လေသည်...

"ဟဲ့ မြဖူးငုံ မိုး​တွေရွာလာပြီ မြန်မြန်သွက်သွက်သွားထား​ချေ အလွမ်းသည်မ​နေနဲ့ ငါဒီက​စောင့်မယ်"

မြဖူးငုံ​တစ်​ယောက်မိခင်ဖြစ်သူ​ဒေါ်မြစိမ်း၏စကားကိုကြားရ​တော့လမ်းတစ်​လျှောက်လုံး ရင်​ခွင်ထဲတွင်အပစ်ကင်းစင်စွာအိပ်​ပျှော်​နေသည့်သူမ၏က​လေးငယ်ကို​​ကြေကွဲစွာကြည့်ရှု​နေ​လေသည် ထိုအခိုက်အတန့်ဟာ မိခင်အ​နေနဲ့ က​လေးငယ်ကို​နောက်ဆုံးအကြိမ်​ပွေ့ပိုက်ရခြင်းဖြစ်တန်ကာ ​နောက်ဆုံးအကြိမ်ကြည့်ရှုရခြင်းလည်းဖြစ်​ပေသည်...

"မြဖူးငုံ ငါစကားကိုနှစ်ခွန်းမ​ပြောဘူး​နော်"

မိခင်ဖြစ်သူရဲ့သတိပေးစကားကိုထပ်ကြားရပြန်​တော့က​လေးငယ်ကိုတစ်​နေရာရာသွားထားဖို့ရာ ကား​ပေါ်မှဆင်းခဲ့​လေသည်

"​မေ​မေ မိုး​တွေအရမ်းသည်း​နေတယ် ရာသီဥတုဆိုး​နေတာ က​လေးတစ်ခုခုဖြစ်သွားရင်..."

"အို...သူ့ရဲ့ကံ​ပေါ့​အေ ညည်းငါ့ကိုဆင်​ခြေ​တွေမ​ပေးနဲ့ ဒီက​လေးကိုမ​မွေးခင်ကတည်းက​ပြောထားပြီးသား ညည်းမထားရင်ငါကိုယ်တိုင်သွားထားရမလား"

စကားပင်ဆုံး​အောင်​ပြောခွင့်မ​ပေးပဲ မိခင်ဖြစ်သူရဲ့မိုးချိန်းသံနှင့်မခြားခတ်ထန်လှသည့်စကား​တွေသာဖုံးလွှမ်းသွားခဲ့သည်
သူမ၏ရင်ဘက်သံဆူးအစိုက်ခံရသလိုရင်ကွဲမတတ်နာကျင်ရသည် က​လေးငယ်ကိုလွှဲယူဖို့ လှမ်းလာ​သောမိခင်ဖြစ်သူရဲ့လက်ကို​ရှောင်ဖယ်ကာကိုယ်ခန္ဓာဖြင့်ကွယ်ထားလိုက်သည်..

"သမီးကိုယ်တိုင်ပဲသွားထားပါ့မယ် ​မေ​မေ"

ထိုသို့​ပြောကာက​လေးငယ်ကိုအမိုးပါခြင်းအ​သေး​စားလေးထဲသို့ထည့်၍သူမထွက်ခွာ​လေသည်၊​လေးလံသည့်​ခြေ​ထောက်
ဖြင့်တစ်လှမ်းခြင်းအားယူကာ​နေရာတစ်ခုကိုသူမ ရှာရ​တော့
သည်၊ထို​နေရာသည်က​လေးအတွက်အမိုးဖြစ်​စေဖို့သူမ ​မျှော်လင့်သည်၊သည်းထန်စွာရွာသွန်း​နေသည့်မိုးက​လေးထံကျ​ရောက်မလာ​စေဖို့မိခင်​တစ်​ယောက်အ​နေနှင့်ရင်​သွေးငယ်အတွက်​နောက်ဆုံးအကြိမ်လုပ်​ဆောင်​ပေးနိုင်တာ​လေးတစ်ခု..

မိုးနှင့်ကံကြမ္မာWhere stories live. Discover now