မိုးနှင့်ကံကြမ္မာ (ဝတ္ထုဇာတ်လမ်း)
အပိုင်း ၁၅
အကြောင်းရာတွေကိုပြန်ပြောပြသောဆူးခက်ဟာမျက်ရည်ကျလာသည်မို့ချော့ရပြန်သည်။
သိပ်မျက်ရည်လွယ်တာပဲဟု မှတ်ချက်ပေးရမည်။
အင်းလေ အချစ်ဆိုတဲ့အရာကတစ်ခါတစ်ရံစိတ်ကိုထိန်းချုပ်သွားနိုင်သည်ပဲ။
မငိုပါနဲ့ ဆူးခက်ရယ် အ့လိုမျိုးဆိုငိုစရာဘာအကြောင်းမှမရှိဘူး ကိုယ့်မျက်ရည်ပဲအပိုကုန်ပါတယ်...
သူပြောလို့သာကြားရတယ် အမဝတ်ရည်ကလည်းအ့လိုလုပ်မယ့်လူမျိုးမဟုတ်ပြန်ဘူး။
တစ်ခုခုတော့နားလည်မှုလွဲနေတာနေမှာပါ။
ဆူးခက်ပြောစကားအရ ဆူးခက်ဘက်ကကြည့်ရင်လည်းဆူးခက်မှန်နေသည်။
သို့သော်လည်း တစ်ချို့တစ်ချို့ပြသနာတွေကတစ်ဖက်တည်းကြည့်ရုံနဲ့အဖြေမှန်ကထွက်မလာပြန်ဘူး။
ဒါနဲ အမဝတ်ရည်နဲ့ရော စကားပြောကြည့်ပြီးရဲ့လား...
ဟင့်အင် သူနဲ့ဘာစကားမှမပြောချင်ဘူး...
အဲ့လိုလည်းမဟုတ်သေးဘူးလေကွယ်...
ရှူး...ကျွတ် ကျွတ်...
အနောက်ကထွက်လာသောအသံကြောင့် လှည့်ကြည့်ရာလက်ဟန်ဖြင့်အနားလာဖို့ရာခေါ်နေသော စိမ်းလဲ့။
ခေါင်းခါပြရင်းရင်ခွင်ထဲတွင်ငိုနေသောဆူးခက်အားမျက်စပစ်ပြတော့ အနားသို့ရောက်လာသည်။
နားနားသို့ကပ်ကာလာသောနှုတ်ခမ်းတစ်စုံမှထွက်လေကြောင့် ခန္ဓာကိုယ်ဟာတောင့်တင်းသွားသလိုကြက်သီးများပင်ထလာသည်။
အမဝတ်ရည်ဆီသွားလိုက်...
ဆူးခက်ကိုဘယ်လိုလုပ်မလဲဟူသည့်အကြည့်ဖြင့်မျက်ခုံးပင့်ပြတော့ သူကလည်းလက်ဟန်ဖြင့်သူရှိနေမည့်အကြောင်းပြန်ပြောလေသည်။
သက်ပြင်းတစ်ချက်ချကာရင်ခွင်ထဲမှဆူးခက်အား သူမဆီလက်လွှဲခဲ့လိုက်သည်။
သူမကတော့ ငိုမြဲငိုဆဲ။
ဆူးခက် ...ဆူးခက်...
YOU ARE READING
မိုးနှင့်ကံကြမ္မာ
Romanceကံတရားကရက်စက်တယ်ဆိုရင် ကိုယ့်စိတ်ကိုမယုံကြည်ခဲ့တဲ့ငါကပိုရက်စက်မိလေသလား?