မိုးနှင့်ကံကြမ္မာ (ဝတ္ထုဇာတ်လမ်း)
အပိုင်း ၁၂
ဒေါက်..ဒေါက် ..
တံခါးမှလာသည့်အသံကြောင့်စိမ်းလဲ့တစ်ယောက်ကုတင်ပေါ်တွင်လူးလွန့်လာသည်။
စိမ်းလဲ့လေး ...နိုးပြီလား...
အန်တီမေအသံကြားရတော့မျက်လုံးပါပွင့်လာခဲ့သည်။
အိပ်စက်ခြင်းကနာကျင်မှုကို ကောင်းကောင်းကုသပေးခဲ့သည်ပဲ။
မနက်ကတည်းကနေ အခုနေ့လည်ထိဒါဏ်ရာရှိသလိုပင်မခံစားခဲ့ရ။
သို့လော နိုးလာသည့်အခါထိုဒါဏ်ရာများကလည်းပြန်လည်အချက်ပြနေလေသည်။
ကြားလိုက်ရသည့်တံခါးခေါက်သံနှင့်အန်တီမေရဲ့အသံကြောင့်ထရတော့မည်ဆိုတဲ့အသိဝင်လာသည်။
သမီးလေးတစ်ယောက်လိုစောင့်ရှောက်ချစ်ပေးသောအန်တီမေဟာ တစ်ခါတရံကလေးတစ်ယောက်လိုသဘောထားကာ စိမ်းလဲ့လေးဟုလည်းခေါ်တတ်သေးသည်။
နိုးပြီ အန်တီမေ ဝင်ခဲ့လို့ရတယ်လေ...
သမီးခြံကကောင်မလေးတွေရောက်နေတယ် အဲ့ဒါဒီကိုလွှတ်လိုက်ရမလား...
ကောင်မလေးတွေဟူသောစကားကဘာကိုပြောတာလဲမသိ ခေါ်ထားသည်မှာဆူးခက်တစ်ယောက်တည်းပင်ဖြစ်သည်။
နေနေ အန်တီမေ သမီးဆင်းတွေ့လိုက်မယ်...
အ့...
စကားပြောရင်းကုတင်ပေါ်ကထလိုက်တော့ ခြေထောက်မိသည်မှာဒူးဒါဏ်ရာရသည့်ဘက်ဖြစ်နေတော့ ချက်ချင်းဆိုသလိုကုတင်ပေါ်ထိုင်ရက်ကျတော့သည်။
အောက်ကအချောမသပ်ထားသည့်ကြမ်းပြင်နဲ့ထိမိတာမို့ အတော်အကျနာသွားခဲ့သည်ပဲ။
အန်တီမေဟာ အနားသို့ချက်ချင်းရောက်လာသည်။
ရရဲ့လား သမီး...
ရတယ် အန်တီမေ သူတို့ကိုဒီထဲပဲလွှတ်လိုက်တော့နော်...
အင်းအင်း အန်တီမေလွှတ်လိုက်မယ်...
......................................................................
ခြံထဲမဝင်ခင်မှာပင် လူဟာအလိုလိုအားငယ်လာသည်။
YOU ARE READING
မိုးနှင့်ကံကြမ္မာ
Romanceကံတရားကရက်စက်တယ်ဆိုရင် ကိုယ့်စိတ်ကိုမယုံကြည်ခဲ့တဲ့ငါကပိုရက်စက်မိလေသလား?