" ဒီအပုဒ်က အဲ့ပေးချက်အတိုင်း
တွက်လိုက်ရုံပဲ "" အွန်း တွက်ကြည့်လိုက်မယ် "
ဒီနေ့လဲ ခါတိုင်းလိုပင် ဂျီဆောင်းနဲ့တူတူ
စာကြည့်တိုက်မှာ စာလုပ်နေချင်းပင်။
ကျောင်းစာကြည့်တိုက်ဖြစ်တာကြောင့်
တိတ်တိတ်စိတ်စိတ်လေးနဲ့ စာလုပ်လို့အဆင်ပြေသည်။စားပွဲတွေကိုလဲ တစ်ယောက်ခုံ/
နှစ်ယောက်ခုံ/လေးယောက်ခုံ အစရှိသည်
ဖြင့်ထားပေးထားသည်။ ဂျီဆောင်းနဲ့
ချန်းလော့က စာကြည့်တိုက်ရဲ့ ထောင့်ဘက်အစွန်းနားက လေးယောက်ခုံလေးမှာထိုင်
ကာစာလုပ်နေတာဖြစ်သည်။နှစ်ယောက်ထိုင်ခုံကျတော့ စာအုပ်တွေ
အိတ်တွေတင်မှာနဲ့ နေရာကြပ်မှာဆိုးတာကြောင့်လေးယောက်ခုံကိုပဲရွေးလိုက်ကြသည်။ပြီးတော့ ဒီနေရာလေးက မှန်ပြတင်းပေါက်လေးဆိုတော့ စာကြည့်တာများလို့ မျက်လုံးညောင်းရင် အပြင်ဘက်က ပန်း
ပင်လေးတွေကြည့်ပြီး
အပန်းဖြေလို့ရတာကြောင့်ကောပါသည်။" တွက်ပြီးပြီဂျီဆောင်း စစ်ပေးဦး! "
" အင်း! ပေး! "
အမှန်တော့ Mathsဆိုတာ ချန်းလော့အကျွမ်းကျင်ဆုံးနဲ့သဘောအကျဆုံး ဘာသာရပ်ဖြစ်သည်။အဲ့တာကြောင့်
ဒီပုစ္ဆာလေးတွေဆိုတာ ဘယ်လိုတွက်တွက်အဖြေမှန်ထွက်ပြီးသားပင်။ဒါပေမဲ့ ချန်းလော့ရဲ့ ချစ်လှစွာသော
ဂျီဆောင်းနီးလေးမှာလဲ Mathsကိုအကြိုက်ဆုံးပါတဲ့လေ။ အဲ့တာကြောင့်မို့ သချာ်မရ
ချင်ယောင်ဆောင်သည်။ ဂျီဆောင်းက
ချန်းလော့ကို ဂရုတစိုက်နဲ့သေသေချာချာလေးရှင်းပြတာကို နားထောင်ချင်မိတော့
လဲ အဲ့လိုလေးဥာဏ်လေးများတတ်
ရတာပေါ့။" မှန်တယ် ချန်းလော့! ဘယ်အပုဒ်
တွေနားမလည်တာရှိသေးလဲ "" ဟင့်အင်း, ဒါပေမဲ့တစ်ခုတော့
မေးစရာရှိတယ် "လေးယောက်ထိုင်ခုံ စားပွဲဆိုပေမဲ့
ချန်းလော့နဲ့ဂျီဆောင်းက ဘေးချင်း
ကပ်ထိုင်နေတာဖြစ်သည်။" မေးလေ! "
" မင်းက သချာ်တော်တယ်ဆို "
ချန်းလော့ စကားကြောင့် ဂျီဆောင်းက
မျက်မှောင်ကြုတ်ပြီး လှည့်ကြည့်လာသည်။
YOU ARE READING
ChenJi/JiChen Short Story Collections
FanfictionPark Jisung ❣ Zhong Chenle Starting Date - 3.10.2023"Tue" Ending Date - ^ ကိုယ့်ရဲ့ OTP ဖြစ်တဲ့ ChenJi ကိုအရမ်းသဘော ကျလွန်းတာကြောင့် ကိုယ်တိုင်ဖတ်ဖို့ပုံဖော်ရေးသားသည်။ အမှားယွင်းတစ်စုံတစ်ရာများပါခဲ့ပါကနားလည်ခွင့်လွှတ်ပေးပါရန်။ ^ #fic cover photo c...