𝙿𝚎𝚛𝚏𝚎𝚌𝚝! 2/Uni

92 11 1
                                    

Part-2»Uni«

_______________Perfect______________

!! ဒုန်း ဒုန်း !!

" ဟဲ့ အမလေး,ဖြေးဖြေးဆင်းလာမှပေါ့
ဂျီဆောင်းရယ် ချော်ချက်လဲနေမှဖြင့်! "

အိမ်အပေါ်ထပ်ကနေ ဝရုန်းသုန်းကားနဲ့
ပြေးဆင်းလာတဲ့သူ့ကိုအိုမားကဖြေးဖြေး
ဆင်းလာဖို့ပြောနေပေမဲ့လဲ နားမထောင်မိပါ။

အိုမားပြင်ပေးထားတဲ့ မနက်စာ ပါမုန့်ကို
ပါးစပ်ထဲအတင်းသွပ်သွင်းရင်း အိမ်တံခါး
ဝဆီသို့အပြေးသွားကာဖိနပ်စီးရသည်။

" မနက်စာသေချာစားသွားလေ "

" တော်ပြီအိုမား ကျွန်တော်နောက်ကျနေလို့
သွားပြီ! "

" အော် ဒီကလေးနှယ် ဘာတွေလော
နေမှန်းမသိပါဘူး "ဆိုတဲ့အိုမားစကားသံကို
ကြားလိုက်ရသော်လဲရှင်းပြမနေတော့ပဲကားဂိတ်ကိုအမြန်ပြေးရပြန်တယ်။

ဒီမနက်အကိုနဲ့ချိန်းထားပါတယ်ဆိုမှ အိပ်ရာ
ထနောက်ကျနေရတယ်လို့။
ဂျီဆောင်းကားဂိတ်ရောက်ရောက်ချင်း
မှာပင်busကားရောက်လာတာမို့ကားပေါ်
တတ်လိုက်သည်။မနက်ခင်းအစော
ပိုင်းဆိုတော့ အလုပ်သွားတဲ့သူတွေနဲ့ပြည့်
နေတော့နေရာမရတာမို့မတ်တပ်ရပ်ပြီးတော့
ပဲလိုက်ပါလာရသည်။

ကျောင်းရောက်ပြန်တော့လဲ စာကြည့်တိုက်
ဘက်ကိုဦးတည်ပြီးထပ်ပြေးရသည်။
စာကြည့်တိုက်ရှေ့ရောက်မှအမောဖြေကာ
ထိုင်ချလိုက်တော့သည်။အကိုမရောက်သေး
တာတော်သေးတာပေါ့။

အကို့ကိုစောင့်နေရင်းကောင်းကင်ကြီးကို
မော့ကြည့်မိတော့ မနက်အစောကြီးရှိသေး
တာတောင် မိုးကအုံ့တုံ့တုံ့။ဒီနေ့လဲမိုးရွာဦး
မလားမသိဘူး။မိုးရွာတာအကြောင်းမဟုတ်
ပေမဲ့အကိုကရောက်မလာသေး။

အကိုမိုးမိမှာကိုသူစိုးရိမ်သည်။မိုးရဲ့ထုံးစံအရ
ကျောင်းသွားကျောင်းပြန်ချိန်တွေကျမှ
သည်းကြီးမည်းကြီးရွာတတ်တာမလား။
အပြန်ကျမှမိုးစိုရင်ကိစ္စမရှိပေမဲ့ ကျောင်းအလာမှာမိုးစိုရင်တနေကုန်ရေစိုဝတ်ကြီး
နဲ့နေရမှာ အဲ့ကျရင်အကိုအအေးမိပြီးဖျား
သွားမှာစိုးသည်။

ChenJi/JiChen Short Story CollectionsWhere stories live. Discover now