ဝမ်ရိပေါ်လည်း Suit တစ်စုံကို အမြန်လဲလိုက်ပြီး ထမင်းစားဖို့သာ ဆင်းလာကြသည်။ ဝန်ထမ်းတွေကို အကုန်ခေါ်ခိုင်းလိုက်ပြီးတော့ မနေ့ညက မိတ်မဆက်ပေးလိုက်ရတာကြောင့် ရှောင်းကို မိတ်ဆက်ပေးလိုက်တယ်။
'' ဒါ ငါ့ရဲ့ မကြာခင်လက်ထပ်တော့မယ့် လက်တွဲဖော်ပဲ အဓိက မင်းတို့တာဝန်က အခုကစပြီး ရှောင်းကျန့်ကို စောင့်ရှောက်ရမယ် ရှောင်းကျန့်ကို မှည့်တစ်ပေါက်စွန်းစေတာနဲ့ ထောင်ထဲသွားမလား အိမ်ပြန်မလား စဥ်းစားထားကြ! "
'' ဟုတ်ကဲ့ပါ Boss မရီးကို အသက်နဲ့လဲ စောက်ရှောက်သွားပါ့မယ် !! "
ဝန်ထမ်းတွေကလည်း မိန်ကလေး ဝန်ထမ်းက သုံးယောက်နဲ့ တခြားက ယောကျာ်းလေးတွေသာဖြစ်သည်။ စားဖိုမှူးကလည်း ယောကျာ်လေးကိုသာ ခန့်ထားခြင်းဖြစ်သည်။
ဘေးကတစ်ယောက်ကတော့ ဒါတွေကို နေသားမကျဖြစ်နေပုံပေါ်တယ်။ သူ့အတွက် မိတ်ဆက်ပေးပါတယ်ဆိုနေ သူ့လက်မောင်းအနောက်မှာကွယ်ထားသေးတာ။ ရိပေါ် မှာ အသဲယားလွန်းလို့ ခိုးပြုံးမိသေးတယ်။
'' ရိပေါ်ကလည်း အဲ့လို မပြောပါနဲ့ ငါ့ကိုယ်ငါ စောင့်ရှောက်နိုင်ပါတယ် "
'' ကိုယ်သိတာပေါ့ ပေါင်းပေါင်းက အရွယ်ရောက်နေပြီဆိုတာ ဒါပေမယ့် စိတ်ပူတယ်လေ မင်းတစ်ခုခုဖစ်ရင် ရူးရမှာ ကိုယ်က အရင်ဆိုတာ မှတ်ထားပေး နော် "
'' ဟုတ်ကဲ့ပါ "
'' ရှောင်း လိုတာ ရှိရင် ဘာမဆို သူတို့ကိုခိုင်းရမယ် ဟုတ်ပြီးလား?''
'' ဟုတ် "
ရှောင်းကျန့် အင်္ကျီအနက်ရောင်ဝတ်ထားတဲ့ ဝမ်ရိပေါ်ကို ကြည့်လို့မဝဖြစ်နေသည်။ သူ့ဝန်ထမ်းတွေကို ပြောနေတဲ့ပုံကလည်း အရမ်းကို သြဇာအာဏာအပြည့်ဖြစ်နေသောကြောင့် ရှောင်းကျန့် မှာ အသက်ရှူဖို့ပင် မေ့နေမိသည်။ ပြီးတော့ တောရွာမှာ တစ်ယောက်ထဲနေခဲ့ရတဲ့ ရှောင်းကျန့်က ဒီလို အဆောင်အယောင်တွေနဲ့ နေရတော့ သိပ်မနေတတ်။ နည်းနည်း နေရခက်နေသည်။ ဒါကြောင့်လည်း ရိပေါ့် အနောက်မှာ အနည်းငယ် ဝင်ပုန်းသလိုဖြစ်နေမိတာ။