Part 2 (Final)

352 44 2
                                    

DISCLAIMER : This is 100% fan fiction.Any similarities with real life situation is coincidental.

Hyungs ကားပေါ်မှ မြင်ကွင်း

"ဟျောင်းးးး ကျွန်တော် ဟျောင်းလိုမျိုး
ရစ်ခီ့ကို မဆူနိုင်ဘူး "
ဟန်ဘင်းက ဖုန်းထဲကို လှမ်းပြောလိုက်တယ်

သူ အပြန် ကားစီးလာတဲ့တစ်လျှောက်လုံး
ဖန်တွေ တင်ထားကြတဲ့ တဖြေးဖြေး များလာတဲ့ tweets တွေဖြစ်တဲ့  #Shimkongz  #Soulmates #Boyfriends ဆိုတာတွေကို ဖတ်လာခဲ့တာ ၊
လူကြားထဲမှာ နှုတ်ခမ်းကိုလှမ်းနမ်းတာတို့
ဒါမှမဟုတ် တခြား ရူးမိုက်တဲ့အရာတစ်ခုခုလုပ်တာတို့ ဖြစ်လာမှာစိုးလို့
ဒီတစ်ခါတော့ ပြင်းပြင်းထန်ထန် မဖြစ်မနေ ဆူရမယ် လို့ တွေးထားခဲ့ပေမယ့်
tweets တွေက ဒီလောက်ထိ တိုးလာမယ်လို့တော့ သူ မထင်ထားမိဘူး ၊

ဒီတစ်ခါတော့ သူတို့ကို လွယ်လွယ်နဲ့မလွှတ်ပေးတော့ဘူး  ။

"  စိတ်အေးအေးထားပါ ပေါင်ပေ့ရယ်  "
ဟာအိုက နှစ်သိမ့်ရင်း ပြောလိုက်တယ် ၊

" သူတို့နှစ်ယောက်လုံး ငတုံးလေးတွေဆိုတာ ငါတို့သိပြီးသားပဲ "

"  ဟုတ်ပါတယ်... ဒါပေမယ့် သူက သူနဲ့ ဂယူဘင်းက ရည်းစားတွေဆိုပြီး ဖန်တစ်ယောက်ကိုပြောပြလိုက်တာလေ "
ဟန်ဘင်းက စိတ်ညစ်အားငယ်စွာ ပြောပြလိုက်တော့ ဘေးနားက မက်သျူးက စာနာတဲ့အပြုံးတစ်ခုနဲ့ ပြုံးပြလိုက်တယ် ။

"သူ ဘာတွေများ တွေးနေလောက်မလဲ "

" ဘာမှမတွေးပဲ ပြောလိုက်တာ ဖြစ်နိုင်တယ် "

" ဟုတ်လောက်တယ် "

ဟာအို့အပြောကို ဟန်ဘင်းက ထောက်ခံလိုက်ရင်း ပြတင်းပေါက်ကိုကြည့်မိလိုက်တော့ maknae လေးတွေရဲ့ ကားက parkingထိုးနေတာမြင်လိုက်ပြီး သူ ဖုန်းscreen ဆီ ပြန်လှည့်လိုက်တယ် ။

" ဟာအိုဟျောင်း ကျွန်တော်တို့ အဆောင်ကိုရောက်ပြီ " 
ဟန်ဘင်းက ပြောလိုက်တယ် ၊

" ကျွန်တော် ပြောရဲတယ် ကျွန်တော် သူတို့ကိုတွေ့တာနဲ့ အသိစိတ်ဝင်သွားအောင် လုပ်ပေးမယ်လို့ "

"ငါ့ရဲ့ quarantine room အထိပါ ကြားနိုင်အောင် ကျယ်ကျယ်လေး အော်ဆူလိုက်နော် "
ဟာအိုက စ လိုက်တော့ ဟန်ဘင်းလည်း ရယ်မောလိုက်တယ် ၊

" လုပ်ပေးမယ် ဟျောင်း ၊
ဟျောင်းလည်း ဂရုစိုက်ဦးနော်  "

ဖုန်းမချခင် ဟာအိုကလည်း ကြင်နာစွာ လက်ခံလိုက်တယ် ။

ဟန်ဘင်းကတော့ ဂွန်းနု နဲ့ ယူဂျင်း ကားထဲက ထွက်သွားတာကိုကြည့်ရင်း သူ့ထိုင်ခုံခါးပတ်ကို ချွတ်လိုက်တယ် ၊

" သူတို့ကို လွယ်လွယ်နဲ့ ပေးသွားလိုက်ပါ ဟျောင်းရယ် "
မက်သျူးက ပြောလိုက်တယ် ။

" ဟျောင်း ကတိ မပေးနိုင်ဘူး Seokmae"
ဟန်ဘင်းက ပြန်ဖြေလိုက်တယ်၊

ရစ်ခီနဲ့ ဂယူဘင်းကို အလစ် ဖမ်းမယ်ဆိုပြီး ကားဆီကို လျှောက်သွားလိုက်ပေမယ့်
သူ မြင်လိုက်ရတဲ့အရာကြောင့်
ရပ်မိသွားတယ် ။

ရစ်ခီနဲ့ ဂယူဘင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြပြီး ၊  ရစ်ခီက ဂယူဘင်းရဲ့ ပခုံးကို မှီပြီး ဂယူဘင်းကတော့
သူ့ရဲ့ ခေါင်း ကားမှန်နဲ့ထိနေပေမယ့် ရစ်ခီ့လက်ကို မလွှတ်တမ်း ဆုတ်ကိုင်ထားတယ် သူအိပ်ပျော်နေတာတောင်မှပေါ့ ။

သူတို့ကြည့်ရတာ အေးချမ်းပြီးတော့
သူတို့ကလည်း အချင်းချင်း သက်တောင့်သက်သာရှိကြတယ် ၊
ဒီ industry မှာ ဒီလိုသူမျိုးက
တွေ့ရဖို့ ခဲယဥ်းတယ် ကိုယ့်နှလုံးသားတစ်ခုလုံးနဲ့ မှီခိုလို့ရနိုင်မယ့်သူမျိုးပေါ့ ....

ဆူတာက မနက်ဖြန်မှ ဆူလို့ရပါတယ်လေ.....

"ဂွန်းနု ... သူတို့ကို နှိုးပေးပါဦး "
ဟန်ဘင်းက ပြောရင်း မက်သျူးရဲ့ တစ်ခုခုမေးချင်နေတဲ့အကြည့်ကို ကျော်ရင်း
လျှောက်သွားလိုက်တယ် ၊

သူတို့အတွက် အချိန်ပေးလိုက်ပါဦးမယ် ....

ဒီညတော့   ။ 

______________________________

အစကတော့ တွေ့တာနဲ့ ဆူမယ်ပူမယ်နဲ့ တကယ်တမ်းကျ ကလေးတွေ အိပ်ပျော်နေတာလေးမြင်ပြီး မဆူရက်တော့တဲ့ leader လေးပေါ့ 😹💖

လိုအပ်ချက်တွေအများကြီးနဲ့
မကောင်းမကန်း ဘာသာပြန်ထားတာလေးကို ဖတ်ပေးကြလို့  ကျေးဇူးပါရှင့် ><

အိုင် အားတာနဲ့ နောက်တစ်ပုဒ်pick ပြိီး ပြန်လာခဲ့ပါမယ် 💞


The Small Things You Do [OneShot~Completed]Where stories live. Discover now