[01]

8.4K 319 12
                                    


မှိုင်းညှို့နေတဲ့ မိုးဖွဲဖွဲကနေ သူအပြင်ကို မျှော်ငေးနေတယ်
အမြဲတမ်းလိုလို ထီးမေ့တတ်တဲ့သူက ဒီလို မိုးရာသီကို သူတကယ်မကြိုက်ဘူး။
သူတစ်ယောက်တည်းဆိုရင် ကိစ္စမရှိပေမယ့် ခုက သူ့တူလေးပါနေတာမို့ မိုးရွာထဲ ပြေးသွားလို့လည်းအဆင်မပြေ။
သူပဲထီးမပါတာမဟုတ်ဘဲ ကျောင်းလာတက်တဲ့ကလေးကပါ ထီးမယူလာခဲ့တာ တိုက်ဆိုင်လွန်းတာပဲ။

" chey ဒီမှာ ခနစောင့်ဦး ထီးသွားဝယ်လိုက်ဦးမယ် ဒီနားမှာပဲနေနော် "

" khub "

သူက French လိုပြောလိုက်တာဖြစ်ပြီး ကလေးလေးက မပီကလာနဲ့ ပြန်ပြောရှာတယ် ။
ထိုင်းလို ဘာမှမပြောတတ်ရင်တောင် khub တစ်လုံးတော့ကောင်းကောင်း ပြောတတ်သေးလို့တော်သေးတာပေါ့ ။

မိုးကလည်း အရမ်းသည်းနေပြီး သူမြန်မြန်ပြေးဖို့ ပြင်ပေမယ့် သူလက်မောင်းကို သန်မာတဲ့ လက်တစ်စုံက နူးညံ့စွာ ဖမ်းဆွဲထားခဲ့တယ်။ ထိုသူက အနက်ရောင် maskကို မျက်နှာတစ်ဝက်တပ်ထားပြီး သူ့လက်ထဲကို လိမ္မော်ရောင် ထီးလေးတစ်ချောင်းလှမ်းပေးတယ် ။

Mask တပ်ထားတဲ့မျက်နှာအောက်မှာ သူတွေ့ရတာက နူးညံ့သယောင်ရှိပေမယ့် စူးရှတောက်ပနေတဲ့မျက်ဝန်းအစုံရယ်။
အညိုရင့်ရောင် ဆံကေသာကို နောက်ကိုလှန်ချသိမ်းဖြီးထားပြီး
လေးထောင့်မကျ အဝိုင်းမကျတဲ့ မျက်မှန်ကို တပ်ထားပြီး ထိုမျက်မှန်အောက်မှ မျက်ဝန်းညိုညိုဟာ သူနဲ့ရင်းနှီးခဲ့ဖူးသလိုလို။

" ကိုယ်က ဒီကျောင်းကတာဝန်ရှိသူတစ်ဦးပါပဲ။ ထီးလည်းအပိုပါပါတယ် ။ ယူသွားလိုက်ပါ နှစ်ယောက်လုံး အအေးမိသွားလိမ့်မယ် "

"ခ ... ကျေးဇူးတင်ပါတယ် cheyကိုသိတာလား "

"အင်း သားတို့ ဆရာလေ "

" ဪ .... အဲ့ဒါဆို မနက်ဖြန် chey နဲ့ ထီးပြန်ထည့်ပေးလိုက်ပါ့မယ်ဗျ ကျေးဇူးပါဗျာ "

"ရပါတယ် .... Nong သာ မိုးမမိစေနဲ့ "

စကားကို တိုတိုပြတ်ပြတ်သာပြောပြီး သူ့တူလေးကို နှုတ်ဆက်ကာ ကျောင်းဆောင်ထဲပြန်ဝင်သွားတယ် ။
ဆရာဆိုပေမယ့် သူနဲ့အသက်သိပ်မကွာလောက်မယ့်ပုံပဲ ။

PondPhuwin Fanfic Event Where stories live. Discover now