Ch-6.1

70 6 0
                                    

အခန်း (၆) - ဘောပင်န်ဝိညာဥ်

ရွှီကျားနင်က လင်ချူးဆွေ့၏ ဝိညာဥ်ခေါ်သည့် ဂိမ်းတွင် ပါဝင်ချင်ပေသည်။ လုထျန်းပိုင်က သူ့ကို အလွန်လေးစားပြီး သေလောက်အောင် ကိုးကွယ်နေတာ​ကြောင့် အလိုအလျောက် သူမပါ ပူးပေါင်းပါဝင်လာသည်။

လုချီက သူ့ညီမကို ထိုနိုင်ငံခြားသားအကောင်က အလစ်သုတ်သွားမည်စိုးသဖြင့် သူပါ အတူဝင်ကစားရတော့မည် ဖြစ်သည်။

လုထျန်းပိုင်က အတန်းခေါင်းဆောင်ဖြစ်ပြီး သူမတွင် အတန်းသော့ ရှိသည်။

ညကိုးနာရီတွင် သူတို့က ကျောင်း၏ စောင့်ကြည့်ကင်မရာများကို ရှောင်ရှားပြီး အတန်းထဲသို့ ချောချောမွေ့မွေ့ ရောက်ရှိလာကြသည်။

အဖွဲ့ထဲ၌ လူအရေအတွက် များလာသောကြောင့် မူလက မှောင်မည်း၍ ဗလာကျင်းနေသော အခန်းက အရမ်းကြောက်ဖို့ကောင်းသလို မခံစားကြရတော့ပေ။

လုချီက သူ့ ကျောပိုးအိတ်ထဲမှ အနီရောင်လည်စည်းပုဝါများကို ထုတ်ယူ၍ လူတိုင်းထံ လှမ်းပေးလိုက်သည်။ "ဖြောင့်မတ်တဲ့ လမ်းစဥ်ကို လိုက်ဖို့ အကာအကွယ်အနေနဲ့ ဒါကို ဝတ်ထားကြ။"

လင်ချူးဆွေ့က အနီရောင် လည်စည်းပုဝါကို ယူကာ သူမ သပ်သပ်ရပ်ရပ် စည်းနှောင်လိုက်ပြီး သာမန်ကာလျှံကာ မှတ်ချက်ပေးလိုက်သည်။ "အယူသည်းနေလိုက်တာ။"

"မင်းက အဲဒါကို ပြောရဲသေးတယ်။ ဒီနေရာမှာ အယူသည်းနေတာ ဘယ်သူလဲ။"

ရွှီကျားနင်က ပြည်ပမှာ ကြီးပြင်းခဲ့သည့်အတွက် အနီရောင်ပုဝါကို တစ်ခါမှ မဝတ်ဖူးခဲ့ပေ။ သူက အခြားလူများနှင့် တူအောင် လုပ်ဆောင်သော်လည်း မှန်ကန်အောင် မလုပ်နိုင်ချေ။

လုထျန်းပိုင်က လျှောက်လာပြီး သူ့ကို အနီရောင်လည်စည်းပုဝါအား ကျွမ်းကျွမ်းကျင်ကျင်နှင့် မှန်ကန်စွာ ချည်ရန် ကူညီလိုက်သည်။ "နင် ဒါကို ဒီလိုမျိုး ပတ်ရတယ်။"

ရွှီကျားနင်က ရယ်မောလိုက်သည်။ "ကျေးဇူးပါ လုပိုင်ထျန်း။"

"ရပါတယ်။" လုထျန်းပိုင်၏ မျက်နှာက ရှက်ရွံ့မှုကြောင့် နီမြန်းသွားရင်း သူ့ကို အမှန်ပြင်ပေးလိုက်သည်။ "ဒါနဲ့ တို့နာမည်က လုထျန်းပိုင်ပါ။ လုပိုင်ထျန်းမဟုတ်ဘူး။"

ငါ့အဖေက အေးစက်တဲ့ သင်ယူခြင်း နတ်ဘုရားရဲ့ ခန္ဓာကိုယ်ထဲမှာ ပြန်လည်မွေးဖွားလာခဲ့တယ်Where stories live. Discover now