အဟမ်းးးးးး
Introလာဝင်ခြင်းပါလို့😁ဒါဒါ့ထုံးစံအတိုင်း ကိုကြီးပါပဲ
၃နှစ်နီးပါး အသက်ကွာတဲ့ ကိုကြီးနဲ့ညီမလေးပါ
အရင်အပုဒ်တွေနဲ့ မတူတာက ကိုကြီးနဲ့အသေးလေးတို့ရဲ့ အထက်တန်းကျောင်းသားဘဝကနေ တက္ကသိုလ်တက်တဲ့အထိ ဒါတင်မကဘူး
Married lifeအထိ ရေးဖို့တွေးထားတယ်ပေါ့နော်
ရိုရိုချိုချိုလေး အဟီးးး❤❤❤အလွှာ အချစ်ကိုနားမလည်သေးပေမယ့် တစ်စုံတစ်ယောက်ရဲ့ ကျောပြင်ကျယ်ကို ငေးရင်း ရင်ခုန်သံတွေ ဖြစ်တည်လာတယ်
တစ်စုံတစ်ယောက်ရဲ့ 'အသေးလေး'ဟု သြရှရှခေါ်သံနောက် အလွှာလှုပ်ရှားမှုတွေ ခေတ္တမျှချွတ်ယွင်းတတ်ပြန်တယ်
သူ့အကြည့်တွေအောက် ပြိုလဲရတတ်သူဟာ အလွှာပင်
ထိုအရာက အချစ်လား
ဟင့်အင်း အလွှာကတော့ တစ်စုံတစ်ယောက်ကို သဘောကျမိခြင်းလို့ ခေါင်းစဥ်တပ်မိတယ်
အချစ်ဆိုတဲ့အရာကိုခံစားဖို့ အလွှာတို့ကငယ်လွန်းသေးသည်
ဒါကြောင့် သဘောကျခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုမည်
တိတိကျကျဆို အလွှာ အကို့ကို သဘောကျသည်
အကို့ကိုမြင်နေရရင် ပျော်သည်
မတွေ့ရရင် လိုက်ရှာမိသည်
အကိုအလွှာ့နားမှာရှိလျှင် နေရခက်ကာ အလွဲလွဲအချော်ချော်တွေလုပ်မိသည်
တစ်ခါတစ်ရံ ကွေးသွားတတ်တဲ့ အကို့နှုတ်ခမ်းညိုညိုတွေကို သဘောကျသည်
အကို့လက်က အကြောရာထင်းထင်းကြီးတွေကို သဘောကျသည်
တိတိရိရိဖြတ်ထားသည့် အကို့လက်သည်းကြည်ကြည်တွေကို သဘောကျသည်
အကို့လှုပ်ရှားမှုတိုင်းငေးကြည့်ချင်မိသည်
အလွှာ့စိတ်ကရိုးရှင်းသည်
အကို့ကိုသဘောကျသည် ဒါပါပဲ
ကျန်တာတွေကို မမျှော်လင့်သလို လိုလဲမလိုချင်
ဒီအတိုင်း အလွှာ အကို့ကို ငေးကြည့်နေရတာသဘောကျသည်
အလွှာသဘောကျတဲ့ ကောင်းကင်ပြင်ကြီးလိုပေါ့
ကောင်းကင်ပြင်က တိမ်စိုင်တွေ မျောလွင့်နေတာငေးကြည့်နေရသလိုမျိုး
အကို့လှုပ်ရှားမှုအစုံကို ငေးကြည့်ချင်မိတာပါ
ထုတ်ပြောဖို့စိတ်ကူးမရှိပေမယ့်လည်း အလွှာရဲ့ နှလုံးသားဒိုင်ယာရီမှာ အကို့အကြောင်းမှတ်တမ်းတင်ဖို့
'အကို'လို့ခေါ်ခွင့်ပြုပါ
အကိုသိရဲ့လား....
အလွှာအကို့ကို အများကြီးသဘောကျတယ် ❤❤❤
YOU ARE READING
🏡ကိုယ်ပိုင်ဆိုင်ရာ သီးသန့်ရပ်ဝန်းငယ်🏡 <OR> 🍀My paradise
Romanceစက်ရှိန်းသော် ❤ မေပန်းဝတ်လွှာ