ကိုကြီး❤အသေးလေး

373 6 0
                                    

Others - နင်မူးလာရင် ဘယ်လောက်ထိဆိုးလဲ🙄

အလွှာ - 👇👇👇

"အဟင့်ဟီးးးးအင့်ကိုကြီးးးးး"
ဒီနေ့ စာမေးပွဲနောက်ဆုံးနေ့ဖြစ်သလို တက္ကသိုလ်ကျောင်းသူဘဝနောက်ဆုံးနေ့ပင်။
နှုတ်ဆက်ပွဲအနေနဲ့ သူငယ်ချင်းတွေ အတန်းဖော်တွေ ဂျူနီယာတွေစုကာ Barတစ်ခု၌ ဝိုင်းဖွဲ့သောက်စားကြရင်း။
အရင်ရက်တွေက စာကိုပဲဖိလုပ်နေသော အလွှာ​ကြောင့် သူငယ်ချင်းတွေက အဆင်ပြေသည်ထင်ခဲ့ကြသမျှ
ခုတော့ Full moonတွေ Spyတွေ ဝိုင်တွေတင်မက ဘီယာတစ်ဘူးပါသောက်ကာ မူးပြီးလစ်နေသည်က အလွှာ
သူ့ဘာသာမူးနေရင်လည်း အဆောင်ပြန်ပို့လို့ရသေးသည်။
ခုဟာက လမ်းလယ်ခေါင်ကြီး အိတ်ကြီးအားဖက်ကာ အာဗြဲကြီးနဲ့ အော်ငိုနေ၏။
သူကတော့ ငမူးမို့ ဘာမှမသိပေမယ့် ကိုယ်တွေနှစ်ယောက်မှာ ရီဝေဝေစိတ်လေးတောင် ဘယ်ဆီလွင့်ပြယ်သွားသည်လဲ မသိတော့။
အမူးသမားက မူးပြီး ရင်ထဲက ခံစားချက်တွေ ပွင့်အံလာပုံပေါ်ပါရဲ့။
"အလွှာ ထဟာ ငါတို့ပြန်ရအောင်"
"ရွတ်....ဟင့်....ပြန်ဝူးးးးကိုရီး...ရီးးးလာခေါ်မှ သွားမယ်လို့...အင့်ဟင့် ကိုကြီးလို့"
အသားကုန်အော်ကာ ငိုနေသူကြောင့် ပိုးနဲ့ခိုင် ခေါင်းကုတ်ကာ ဘာလုပ်ရမည်မသိဖြစ်ရသည်။
ပိုးက အစ်ကိုဖြစ်သူဆီဖုန်းဆက်ပေးဖို့ တွေးလိုက်ပေမယ့်လည်း
ပြတ်ပြီးသား သူနှစ်ယောက်
အနည်းငယ်မျှ ဂရုစိုက်သေးသည်ဆိုလျှင်တောင် နေရာဒေသအဝေးကြီး လာပေးလို့မရပေ။
"အလွှာရယ်...ငါတော့ စိတ်ညစ်ပါတယ်"
"အင့်ဟင့် ကိုကြီးကို ခေါ်ပေး ဟီးအီးးးး"
"အလွှာ....ကိုကိုကလေ..."
ပိုးလိမ်ပြောကာ အဆောင်သို့ခေါ်သွားရန်ပြင်နေစဥ်
"အသေးလေး!!!!"
အလွှာ့နံဘေးထိုင်လိုက်ကာ ခေါ်လိုက်သူကြောင့် ပိုးနဲ့ခိုင် တစ်ယောက်ကိုတစ်ယောက်ကြည့်မိလိုက်ကြသည်။
ဘာလဲ....လေလိုအမြန်နှုန်းနဲ့ ပြေးလာခဲ့တာလား။
ဘာလဲ ဒီနှစ်ယောက်က....ပြတ်ပြီးသားစုံတွဲဆိုတာ ချီးစားပြီးပြော
ဟိုတစ်ယောက်ကလဲ မူးမှ သူ့ကိုကြီးကို တနေတာ
ကိုကြီးဆိုတဲ့ ရက်စက်တဲ့သူကြီးကလဲ စိတ်ပူနေတာများ မသိလျှင်သေတော့မယ့်အတိုင်း။

"အသေးလေး......ကိုယ်လေ ဒီမှာ ကိုယ်ရောက်နေပြီ"
ထိုအခါ အမူးသမားက ရီဝေဝေမော့ကြည့်လာပြီး
"အင့်ဟင့်....ကိုကြီး"
ဟု ချွဲနွဲ့သံဖြင့် လက်ကလေးနှစ်ဖက်အားကားလိုက်ပုံက ကလေးတွေ လူကြီးကို ချီခိုင်းသည့်နှယ်။
"အင်းးးးကိုယ်ရှိတယ်နော်"
ဟိုတစ်ယောက်က မူးနေလို့ ထားပါဦး။
မမူးတဲ့သူကလည်း ရင်ခွင်ထဲ စွက်ခနဲ ဖက်လိုက်ပုံများ
အရွယ်ကွာသူနှစ်ယောက်ဖြစ်စွာ အလွှာက သူ့ရင်ခွင်ထဲ မြုပ်နေလျက်သား။
အမလေးဟဲ့
ဘယ်ဘဝကဝဋ်ကြွေးတွေလဲ မသိ။
သူများအတွဲခွေးစာကျွေးတာကို liveကြည့်နေရတယ်။
သို့ပေမယ့် ကိုရှိန်းကိုမြင်လိုက်ရတော့ နားမလည်ဖြစ်သွားရသည်။
အလွှာထက်ကို ပိုဆိုးနေတဲ့ပုံပဲ။
အမြဲရှင်းသန့်နေသူက နှုတ်ခမ်းမွှေးငုတ်တိုတွေနှင့် ညှင်းသိုးသိုး။
ပြီးတော့ အလွှာဆီချက်ချင်းရောက်လာပုံက သေချာသည်။
ဒီဘဲ အလွှာ့ဆီခိုးလာချောင်းတာနေမယ်။
ဒါဆို သူတို့နှစ်ယောက် လမ်းခွဲစေမယ့်အကြောင်းပြချက် ရှိကိုရှိရမည်။
တစ်ယောက်နဲ့တစ်ယောက်မချစ်လို့ဆိုတာ လုံးဝမဖြစ်နိုင်။

🏡ကိုယ်ပိုင်ဆိုင်ရာ သီးသန့်ရပ်ဝန်းငယ်🏡   <OR>   🍀My paradiseWhere stories live. Discover now