....တောင်တန်းကြီးရဲ့ အောက်မှာ မြူခိုများဖြင့် ဖုံလွှမ်း နေပီး အိမ်ခြေ ၅၀ လောက်သာရှိသော ရွာငယ်လေးမှာ
ပန်ချီ ကာသဖွယ်လှပနေသည်.......ထိုတောင်ပေါ်ရွာလေးသို့ စာသင်ရန်တာဝန်ကျ၍ ရောက်လာသော ဆရာမလေး
နှင်းအိဖြူ မှာ ရွာရဲအလှကို ကြည်ပီးပျော်နေမိသည်....အချိန်မှာ နေလည်သို့ရောက်နေသောလည် မြူခိုများက မပျောက်သေးပေ...
ဆရာမလေးမှာလဲ နှင်းစက်များလို ဖြူသော အသာအရည်နှင့် အတူ တင်ပါး
လောက်ထိရှည်သော ဆံပင်လေးကိုလဲပိုင်ဆိုင်ထားသည်...အသက်က ၂၅ ဝန်းကျင်သာ ရှိသေးသည်....
မျက်နှာမြင် ချစ်ခင်ပါစေ ဟု၍ ဆုတောင်းခဲ့လေးသလား ထင်ရလောက်ပင် ချစ်စဖွယ်မျက်နှာလေး နှင့် အတူ ကော့ရှင်းနေသော ခန္နကိုယ် ကောက်ကြောင်းလေးလဲ ရှိသည်.....
'''' ဟိုမှာ ဆရာမလာ ပီးဟေးး '''
လာကြိုကြသော ကလေးများနှင့် အတူ ဆရာနှင့်တူသော အရပ်မြင့်မြင့် အသားဖြူဖြူ လူတစ်ယောက်ကိုလဲတွေ့လိုက်ရသည်....
'''ကျွန်တော် က ဆရာ ရဲမြတ် ပါ'''
''' ဆရာမ နေဖို့ထိုင်ဖို့အတွက် ရွာသူကြီးက အကုန်ပြင်ဆင်ထားပေးတယ်ဗျာ '''
''' ပစ္စည်းတွေ အရင်ချပီး ခနနားပီးမှ ကျွန်တော်နဲ အတူ ရွာတစ်ပတ် လိုက်သွားကြတာပေါ့'''
ထိုသို့ပြော ပီး ဆရာမ နေအိမ်သို့ ပစ္စည်းများ သယ်လာပေးကြပီး...
''' ကလေး တို့ ပြန်နှင့်ကျ ဆရာမ နဲ
ခနစကားပြောလိုက်အုန်းမယ်'''ကလေးများကလဲ လိမ္မာ ကြသည် ချက်ချင်းလူစု ခွဲကာ နေအိမ်သို့ ပြန်ကြလေသည်....
..ဆရာကလဲ ဆရာမ ပစ္စည်းတွေကို နေရာတစ်ကျ ထားပေးရင် ဆရာမကို ငေးကြည်ကာ မြင်မြင်ချင်းအချစ်ဆိုတာ ဒါထင်တယ်ဟု မှတ်ချက်ချလိုက်သည်...
...ဆရာတင်မဟု ယောက်ကျားတိုင်ပင် ဆရာမရဲ့ အလှအောက်မှာကျရှူံး နိုင်လောက်အောင်ကို ယဥ်ယဥ်လေးနှင့် လှလွန်သူလေးဖြစ်သည်....
'''' ဆရာမ ရေး ပြင်ဆင်လို့လဲ ပီးပီးဆိုတော့ ကျွန်တော်နဲအတူ ကျောင်းတစ်ပတ် လိုက်ကြည်ရအောင် ''''