2007 ခုနှစ်ရဲ့ ဒီဇင်ဘာညလေးတညမှာပေါ့ နှင်းတွေသဲကြီးမဲကြီးကျနေကာ ရာသီဥတုကအလွန်ပင်အေးသည်.
ထိုအချိန် စားသောက်ဆိုင်တခုထဲကနေပြေးထွက်လာတဲ့ကောင်လေးတယောက် အနောက်ကနေပြေးလိုက်လာတဲ့လူကြီးတယောက် သို့သော်ထိုကောင်လေးဘယ်ကိုပြေးထွက်သွားလည်းဆိုတာမမြင်လိုက်.
ထိုလူကြီးလည်းဆိုင်ထဲသို့ပြန်ဝင်သွားကာ ဝိုင်းတဝိုင်းရှိအမျိုးသမီးတယောက်နဲ့ ကောင်လေးတယောက်ထိုင်နေတဲ့ဝိုင်းသို့ဝင်ထိုင်လိုက်သည်..
" အကို ကလေးရော "
" ထားလိုက် ပြန်လာလိမ့်မယ် ချက်ချင်းကြီးဆိုတော့လက်မခံနိုင်ဖြစ်သွားတာ ဒါနဲ့ သားနာမည်က "
ဘေးမှာတိတ်ဆိတ်စွာ ထိုင်နေတဲ့ကောင်လေးကို ထိုလူကြီးကမိတ်ဆက်လိုက်ခြင်းဖြစ်သည်.
" သားနာမည်က Park Jimin ပါ ဦးလေး အသက်က 12နှစ်ရှိပါပြီ "
" အင်း သားငယ်လေးထက် 2 နှစ်ကြီးတာပဲ 12 နှစ်ဆိုတော့ အန်ကယ်တခုလောက်မေးလို့ရမလား သားလည်းနားလည်လွယ်တဲ့အရွယ်ရောက်နေပြီဆိုတော့"
" ဟုတ်ကဲ့ "
" အန်ကယ်နဲ့ သားအမေနဲ့ လက်ထက်ဖို့ကိစ္စ သားသိပြီးပြီလား "
" ဟုတ်ကဲ့ သားသိပြီးပါပြီ "
" သားရဲ့သဘောကရော ဘယ်လိုရှိလည်းဆိုတာ အန်ကယ်သိချင်တယ် "
" သားကတော့ မေမေသဘောပါပဲ မေမေပျော်ရင်သားအကုန်အဆင်ပြေပါတယ် သားမှာအခြားပြောစရာစကားမရှိပါဘူး "
" ခုဏ အန်ကယ်သားကိုသားတွေ့လိုက်တယ်မဟုတ်လား သားညီလေးတယောက်လို ချစ်ပေးလို့ရမလား"
" ဟုတ်ကဲ့ရပါတယ် ဦးလေး "
" ညီလေး နာမည်လည်း မှတ်ထားအုံး Jeon Jungkook လို့ခေါ်တယ်သား ညီလေးက 10နှစ်ပဲရှိသေးတယ် "
" ဟုတ်ကဲ့ သားမှတ်ထားပါ့မယ် "
" အကို သားငယ်လေးကိုရော ဘယ်လိုပြောမလည်း ကလေးအရမ်းစိတ်ထိခိုက်သွားလိမ့်မယ် "
" သားငယ်လေးကို အကိုနားဝင်အောင်ပြောရင်ရပါတယ် ကဲစားကြမယ်လေ သားကြီးဗိုက်ဆာနေရောပေါ့ "