2

307 55 12
                                    

ဒီနေ့က Jungkook အတွက် လူတယောက်အပေါ်အမုန်းတွေတိုးပွားလာတဲ့နေ့တနေ့လို့ပြောရမလား သူ၏ အဖေရဲ့ မယားပါသား သူ၏အကိုတော်သူ Jimin ပေါ် အရင်ကထက်ပို၍အမုန်းတွေတိုးပွားလာခြင်းဖြစ်သည်..

နှစ်တွေအလီလီပြောင်းလဲလာလေ Jimin ပေါ်မုန်းတီးမှုက ပိုတိုးလာလေဖြစ်သည်..အဖေရဲ့ Jimin အပေါ်ထားတဲ့ နူးညံ့စွာ ဆက်ဆံတက်တဲ့အပြုအမှုနဲ့ သူ့အပေါ်ဆိုအေးစက်တဲ့အပြုအမှုတွေကြောင့်လည်း Jungkook ဟာ အရိုင်းဆန်တဲ့ပန်းလေးတပွင့်လို တဖြေးဖြေး ပွင့်လန်းလာခဲ့တာခုဆိုအထက်တန်း ပထမနှစ်ကျောင်းသားတယောက်ဖြစ်လို့လာသည်..

အဖေရဲ့ ချီးကျူးမှုကိုလိုချင်သူ အဖေရဲ့အရေးပေးမှုကိုလိုချင်သူ အဖေရဲ့ ဂရုစိုက်မှုကိုလိုချင်သူ တယောက်အဖို့ ဘာလုပ်ရလုပ်ရ သူကြိုးစားလာခဲ့ပေမယ့် ကြိုးစားမှုတွေက အချည်းအနှီးသာ ဖြစ်လို့သွားသည်က သူ့ရဲ့ရှေ့မှာအမြဲကာစီးနေတဲ့ Jimin ကြောင့်သာဖြစ်သည်..ဒါကြောင့်လည်း သူ့အမုန်းတွေက တစတစတိုးလာခဲ့သည်.

ဒီနေ့ အထက်တန်းပထမနှစ်တကျောင်းလုံးမှာ အဆင့်တစ်ရခဲ့တဲ့ Jungkook..အနှစ်နှစ်အလလ အသေအလည်းကြိုးစားပြီးရခဲ့တဲ့ သူ့ရဲ့ကြိုးစားမှုရလဒ် အဖေဖြစ်သူရဲ့ဂုဏ်ပြုတာခံချင်လို့ အိမ်ကိုအစော ကြီးပြန်လာခဲ့သည်..

အိမ်ထဲရောက်တော့ ဂုဏ်ပြုကိတ်မုန့်ဖြင့်စောင့်နေတဲ့ အဖေကိုမြင်တော့ သူ့အဖေများကြိုသိထားလို့ စီစဥ်ထားတယ်ထင်ကာ အပျော်လွန်ပြီး အနားကိုရောက်သွားကာ ကိတ်မုန့်လေးကိုကြည့်လိုက်တော့ ကိတ်မုန့်ပေါ်ရေးထားတဲ့

* တကျောင်းလုံးပထမရတဲ့အတွက် ဂုဏ်ယူပါတယ် Jimin လေး *

ဆိုတဲ့ စာသားကြောင့် ထိုကိတ်မုန့်ကို လက်ဖြင့်ရိုက်ချလိုက်သည်

" Jeon Jungkook!!!"

" အဖေအတွက် သားကဘာလည်း အဖေအတွက် သားကလူပိုလား အဖေအတွက် သားကမရှိတဲ့သူတယောက်လား အဖေအတွက်သားကဘာလည်းလို့!!!!"

"မင်း "

" အထက်တန်းပထမနှစ် ကျောင်းသား Jeon Jungkook က တကျောင်းလုံးပထမရတာကရော ဂုဏ်ပြုဖို့မထိုက်တန်လို့လား "

You've reached the end of published parts.

⏰ Last updated: Aug 07 ⏰

Add this story to your Library to get notified about new parts!

𝙻𝙾𝚂𝚃Where stories live. Discover now