Ep-1

4.5K 88 8
                                    

စံပါယ်ကွင်းရွာတဲ့။ ဒီရွာလေးကို သဘောကျတယ် ပြန်ပြိးစရောက်တည်းက တကယ်သဘောကျမိခဲ့တာ စံပါးပင်စိမ်းစိမ်း‌တွေရယ် မြေနီလမ်းလေးရယ် တကယ်ကိုသဘောကျမိတယ်။ မြေနီလမ်းဘေးဘေးတစ်ဖက်တစ်ချက်တွင် စပါးခင်းနှင့် ပြာလွင်လွင် ကောင်းကင်ကြီး အထက်တွင် တိမ်စိုင်ဖြူဖြူလေးများက ငေးမောဖွယ်ကောင်းအောင်လှပနေပါတော့တယ်။

"ဖွားဖွား နိုးပြိလား ညကရော ကောင်းကောင်းအိပ်ပျော်ရဲ့လား"

လွမ်းမှ အိပ်ယာနိုးနိုးချင်းအိမ်အောက်ဆင်းကာ စောစောနိုးတတ်သောအဖွားဆီသို့ လာရင်း မနက်ခင်းနှုတ်ဆက်စကားလေးဆိုမိသည်။မနေ့ညက ဤရွာသို့ရောက်ရောက်ချင်း စပါးပင်‌တွေနဲ့မြေနီလမ်းလေးသာမြင်ခဲ့ရသည်။ယခုမှာမူ စောစောထက ဖွားဖွားအား နှုတ်ဆက်ရင်း ရွာထဲသို့ လေ့လာစူးစမ်းချင်မိသည်။

"ကောင်းပါ့တော် ဖွားမြေးလေး မျက်နှာမြင်ရလို့လား မသိဘူး စိတ်ချမ်းကိုသာနေရော"

"အဟားဟားဟား" လွမ်းမှာ သဘောတကျ ရီမိသည်။

"လာလာ ငါ့မြေးလေး မနက်စာလာစား ထမင်းကြော်လေးကို ဆီလေးပါလေ‌ရာလေးထည့်ပြိး ပဲပြုတ်လေးနဲ့ ငါ့မြေးအကြိုက်ကြော်ထားတယ် လာစားအုံးချေ"

"ဟုတ်ဟုတ် လာပြိ ဖွား၊ဖွားပြောတာနဲ့တင် ဗိုက်ကပိုဆာလာပြိ အဟိး"

လွမ်း အိမ်ရှေ့ကွပ်ပျစ်တွင် ထမင်းစားရင်း ခြံထဲသို့ ကြည့်မိလိုက်သည် ခြံထောင့်တွင် စက္ကူပန်းပင်အဖြူတေမှာ ခြုံထူကြီးတစ်ခုသဖွယ် ဖြူဖွေးထူထပ်နေသည်။ လွမ်း စက္ကူပန်းဆို တကယ်ကြိုက်မိပါသည်။ပန်ဆင်သူမရှိ၊ရနံမရှိ သို့ပါသော် ထိုပန်းအား သေချာစွာ နမ်းကြည့်ပါလျှင် အစိမ်းနံ့သင်းသင်းလေး ရတတ်ပါသည်။ ထိုစက္ကူပန်းပင်နောက်တွင်တော့ နှင်းဆီနှင့် စံပယ် တို့ကိုတွေ့ရသည်။ ဖွားဖွားက ပန်းများကို နှစ်သက်စွာ ပန်းပင်များကို ဂရုတစိုက် စိုက်တတ်ပါသည်။

"ဖွား စားပြိးရင် ဘယ်သွားမလည်းဟင်"
လွမ်းမှာ ရွာအကြောင်းသိချင်လျှက် မနက်စာစားရင် နောက်ကိစ္စများကိုမေးမိသည်။

လွမ်း(Complete)Where stories live. Discover now