Chapter-2

147 10 0
                                    

ဆူဆူညံညံအသံတွေနဲ့ပြိုးပြိုးပြက်ပြက်မီးရောင်စုံအောက်မှာအရောင်စုံမယ်မဒီလေးတွေမှာလိပ်ပြာလေးတွေပျံဝဲနေသည့်အလား dancing floorမှာ မမောနိုင်မပန်းနိုင်မပန်းနိုင် ကခုန်နေကြသည်။ထိုမြင်ကွင်းနှင့် ဆန့်ကျင်စွာ ထောင့်ကျကျဝိုင်းမှာထိုင်နေကြသည်က ပါရမီတို့သူငယ်ချင်းသုံးယောက်ဖြစ်သည်။သူတို့က club လာရတာကြိုက်ပေမယ့် ကရတာတော့ဘယ်သူမှ ဝါသနာမပါကြ။ မျက်စိအစာကျွေးရန်နှင့် သောက်စားရန်သာ လာကြခြင်းဖြစ်သည်။

" ဟေ့ကောင်တွေ လာမယ့်sundayမှာ တောင်ကြီးတက်ဖို့ရှိတယ်နော်။ အလုပ်တွေရှိင် တစ်ခါတည်း အပြတ်ဖြတ်ထားကြဦး "

ပြောတဲ့သူကသာပြောနေပေမယ့် ကျန်နှစ်ယောက်မှာတော့ တစ်ယောက်ကအရက်ကို အရသာခံသောက်နေပြီး တစ်ယောက်ကတော့ ရည်းစားကို ရင်ခွင်ထဲထည့်ကာ သူ့စကားအားဘယ်သူမှအဖတ်မလုပ်ကြ။

" ‌မသာလေးတွေ ငါ့လဲနဲနဲပါးပါး အရည်လေးအဖတ်လေးလုပ်ကြပါဦး "

ထိုအခါမှသာ ရည်းစားနဲ့တစ်ကမ္ဘာတည်နေသူက ပြန်ပြောလာသည်။

" ငါတို့သိတယ်လေ ရှေ့အပတ်ထဲ ဟိုကောင့်မဂ်လာဆောင်ရှိလို့ ငါတို့အားလုံး တောင်ကြီးသွားရမှာ။ မင်းပဲအဖေကြီးလို ပွစိပွစိလုပ်နေတာ ငါရောပါရမီရော သတိရပါတယ်ကွာ "

" အေး သတိရရင်ပြီးတာပဲ ငါကစေတနာနဲ့သတိပေးတာ ပြီးရင်မင်းတို့စောက်ဇယားတွေပဲ တစ်ချိန်လုံးရှုပ်နေပြီးတော့.."

ရှေ့အပတ်ထဲမှာ သူတို့သူငယ်ချင်း စိုင်းခွန်လင်းသာရဲ့ မဂ်လာဆောင်ရှိတာမလို့ သူတို့အားလုံး နှစ်‌ရက်လောက်ကြိုပြီးသွားကြရမှာဖြစ်သည်။သူငယ်ချင်းလေးယောက်ရှိတဲ့အထဲ အဲ့‌ကောင်တစ်ယောက်သာ အရင်ဆုံး မိန်းမရသွားတာဖြစ်လို့ သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ သူတို့သုံးယောက်ကို သတို့သားအရံလုပ်ခိုင်းနေသောကြောင့် ကြိုသွားရမည်ဖြစ်သည်။

" ကိုကို..အဟင့်..ဘာလို့အရမ်းကြီးနမ်းနေတာလဲ ကိုပါရမီတို့ ကိုရတုတို့ရှိတယ်လေ.."

ထိုအသံမှာ မင်းသန့်မဟာဆိုတဲ့ ရင်ခွင်ထဲမှာရှိတဲ့ ကောင်လေးရဲ့ ခပ်တိုးတိုးပြောနေသံဖြစ်သည်။ ကံဆိုးလွန်းစွာ နားကအရမ်းကိုကောင်းလွန်းနေတာမလို့ ထိုခပ်တိုးတိုး ငြုတုတုအသံကအစကြားနေရသည်။ မင်းသန့်မဟာက ထိုကောင်လေးကိုတော့ တကယ်သဘောကျနေပုံရသည်။တွဲတာလချီနေပြီ အခုချိန်ထိမပြတ်သေး။ ဒီကောင်လည်း ပါရမီနည်းတူ ရည်းစားရှုပ်တဲ့အထဲကပဲဖြစ်ကာ ဒီကောင်လေးနဲ့မှ ခြေငြိမ်နေပုံကအံ့ဩစရာ။ အခုလဲ ထိုကောင်လေးအား ရင်ခွင်ထဲ ထည့်ပြီး အတင်းရောကာရော ဇွတ်နမ်းနေသည်မှာ မြင်လို့တောင်မကောင်း။ပါရမီက ရည်းစားသာများတာ အဲ့လိုပွတ်သီးပွတ်သပ်တွေ အရမ်းမုန်းသည်။ ကြားနေရတဲ့အသံတွေကြောင့် စိတ်ပျက်လွန်းစွာ ရှေ့၌ချထားတဲ့ အရက်ခွက်ကိုသာ အာရုံစိုက်ပြီး သကောင့်သားတို့အတွဲအား လျစ်လျူရှုထားလိုက်တော့သည်။

နှင်းဆီရနံ့သင်းသောအချစ်Where stories live. Discover now