Chapter-5

126 5 0
                                    


ဒီနေ့က ပါရမီတို့တောင်ကြီးရောက်တာ တစ်ပတ်ပြည့်သည့်နေ့။တစ်နည်းပြောရသော် တောင်ကြီးမှ ရန်ကုန်သို့ပြန်သောနေ့လည်းဖြစ်သည်။ကားနောက်ခန်းထဲသို့ အလာတုန်းကပါလာသောluggageတစ်လုံးနှင့် စိုင်းခွန်တို့မိသားစုထည့်ပေးလိုက်သော လက်ဆောင်ပစ္စည်းများကို ထည့်လိုက်ပြီး နှင်းဆီပန်းအိုးလေးတစ်လုံးကတော့ lover seat မှာ နေရာယူထားသည်။ ထို့နောက် မင်းသန့်မဟာတို့ကားကအရင်ထွက်ခွာသွားပြီး ပါရမီကတော့ စိုင်းခွန်ကိုနှုတ်ဆက်ပြီးမှ အိမ်ကြီးထဲမှ မောင်းထွက်လာခဲ့သည်။ အလာတုန်းကနဲ့မတူ ခံစားချက်က တစ်မျိုးဖြစ်နေတာတော့အမှန်။ရင်ထဲမှာ ဟာတာတာကြီးဖြစ်နေခြင်းက ဒီမှာတစ်ပတ်လောက်နေခဲ့သောကြောင့်လဲ ဖြစ်နိုင်သည်။ပါရမီကားကိုဖြေးဖြေးပဲမောင်းလာခဲ့ပြီး ဘေးခုံကိုကြည့်လိုက်တော့ အနီရဲရဲနှင်းဆီတစ်ပွင့်သာ ပွင့်နေသော နှင်းဆီပင်‌တစ်ပင်။ ထိုနေ့က သူ့နောက်ကို အမြန်လိုက်ပြီး ပါရမီဘာကိုစိတ်ဆိုးမှန်းလဲမသိဘဲ ထိုလူကချော့နခဲ့သည်။တကယ်‌ေတာ့ ပါရမီကိုယ်တိုင်လဲ ဘာဖြစ်သွားမှန်းမသိခဲ့ပါဘူး။အပြန်ကျတော့ ပါရမီတို့ကို နှင်းဆီပျိုးပင်လေးတွေလက်ဆောင်ပေးသည်။တခြားလူတွေကိုတော့ ပျိုးအိတ်လေးတွေနဲ့စိုက်ထားတဲ့အပင်ပေါက်လေးတွေပေးပေမယ့် ပါရမီကတော့ အိုးနဲ့စိုက်ထားတဲ့ တစ်ပွင့်တည်းသောပွင့်နေသည့် နှင်းဆီပင်ကိုသာ ထိုလူ့ဆီကတောင်းခဲ့သည်။ဒီအိုးနဲ့ဆို သူ့အိမ်ရဲ့ဝရံတာမှာ ထားလို့အဆင်ပြေတာကြောင့် သူတောင်းခဲ့ခြင်းပါပဲ။ သူ့ကတခြားလူတွေလို အိမ်ကအမေကို ပြန်ပေးစရာမှမရှိတာပဲ။ပါရမီသူ့ဘေးက နှင်းဆီပင်‌ကိုကြည့်ရင်း စိတ်ထဲကပို၍ဟာတာတာခံစားလာရပြန်သည်။ဖြေးဖြေးမှန်မှန်မောင်းလာခဲ့ရင်း နှင်းဆီခြံရှေ့ကိုရောက်တော့ ဘာရယ်မဟုတ် အထဲကိုလှမ်းကြည့်လိုက်မိသည်။အလုပ်သမားတွေကလွဲပြီး ဘာမှမတွေ့တာကြောင့် စိတ်ထဲကအလိုမကျချင်သလိုလို။ တစ်ဖြေးဖြေးနဲ့ဝေးကွာလာသော နှင်းဆီခြံကြီးကို ကားbackမှန်ကတဆင့်ကြည့်ရင်း ရင်ထဲ၌ တစ်စုံတစ်ခုနဲ့ဝေးကွာသွားသလို တစ်စုံတစ်ခုကိုပဲလွမ်းလာသလို ခံစားချက်ကိုသူခံစားလိုက်ရပြီး တစ်ခုခုကိုဆွဲထားလိုက်ချင်မိသည်။သို့သော် ထိုတစ်ခုခုကဘာလဲသူမသိသလို ဒီခံစားချက်ကိုလည်း သူနားမလည်ပါ။နားလည်ဖို့လဲမကြိုးစားခဲ့ပါပဲ ကားလေးကတော့ တစ်ဖြေးဖြေးနဲ့ တစ်စုံတစ်ခုနဲ့ဝေးရာဆီကိုသာခေါ်ဆောင်လာခဲ့ပြီး နှင်းဆီခြံကြီးကတော့ မှုန်ပြပြပဲမြင်ရလောက်အောင် ကျန်ရစ်ခဲ့လေပြီ။

နှင်းဆီရနံ့သင်းသောအချစ်Where stories live. Discover now