Part(1)

27 3 0
                                    


"I found the love... beautiful and sweet....."

"မပြီးဆုံးနိုင်တော့ဘူးဟေ့ "

ကျောင်းခန်းထဲကို သီချင်းလေးတညည်းညည်းနဲ့ဝင်လာတဲ့သူကိုကြည့်ပြီး တစ်ခန်းလုံးမှာ ခေါင်းတရမ်းရမ်း။
သူ့ဘာသာအချစ်ကိုတွေ့တာကတွေ့တာပဲလေ။ တစ်လတိတိဒီသီချင်းချည်းဆိုနေတာကို နားထောင်ခိုင်းတာကျ မလွန်လွန်းဘူးလား။

Praviteကျောင်းဖြစ်တာမို့ စာသင်ခန်းတစ်ခန်းမှာ လူ၂၅ယောက်သာရှိသည်မို့ တစ်ယောက်ကိုတစ်ယောက် ရင်နှီးဖို့ရာနဲ့ မျက်မှန်းတန်းမိဖို့ရာက မခက်ခဲ။ extrovert တစ်ယောက်ဖြစ်တဲ့တိမ်စိုင့်ကိုဆို တစ်ခန်းလုံးသာမက ‌တစ်ကျောင်းလုံးပါ သိကြ၊ချစ်ကြသည်။ mon &Fri dayတွေကလွဲ ကျန်တဲ့နေ့တွေဆို ကျောင်းကပေးတဲ့ ယူနီဖောင်းပဲ ဝတ်ရတာမို့ နက်ပြာရောင် စတိုင်ပန်နဲ့ ရှပ်လက်တိုသာဝတ်ထားသည့် တိမ်စိုင့်ပုံက ကိုရီးယားidolနီးနီ‌းချောလှသည်။

အသားဖြူသည့်အပြင် မျက်လုံးဝိုင်းဝိုင်း၊ ပါးဖောင်းဖောင်းနဲ့မို့ စီနီယာမမတွေရဲ့ အသဲကျော်ပဲလှော်လေးလဲ ဖြစ်လိုက်သေးသည်။ အသားလေးဖြူသလို စိတ်နှလုံးလေးကလဲ ဖြူတာမို့ ဆရာ/ဆရာမတွေကအစ ချစ်ကြသေးသည်။။

ခုလဲ သူ့ထက်အသက်ကြီးပြီး တက္ကသိုလ်တက်ရတော့မဲ့ စီနီယာတန်းထဲက စာတော်ပြီး ချောမောလွန်းတဲ့အစ်ကိုကြီးကို မြင်မြင်ချင်းကြွေပြီး နောက်ကတကောက်ကောက်လိုက်ကာ ရည်းစားစကားလိုက်ပြောတာကို လဲ အပြစ်မြင်မဲ့သူမရှိ။ တစ်ချို့မမတွေဆို မြှောက်ပါမြှောက်ပေးလိုက်သေးသည်လေ။

ခုလဲ မနက်ကျောင်းမတက်ခင် အစောကြီးလာကာ စာကြည့်တိုက်က သူ့ကိုကို,ကို နာရီဝက်လောက် ထိုင်ငေးပြီးမှ အတန်းထဲ ရောက်လာသည်။

တစ်ခန်းလုံးရဲ့မျက်စောင်းကိုရလဲ တိမ်စိုင်တို့ကမဖြုံ။ တစ်ယောက်သောသူရဲ့ ရွှေမျက်‌နှာတော်ကို မြင်ပြီး စိတ်ဓာတ်တွေတက်ကြွနေသည်မှာ အခန်းထဲ ဂျွန်းပင်နှစ်ပတ်လည်သုံးပတ်လည်ပြေးထိုးချင်မိသည်အထိ။

ဂျွန်းမထိုးရပေမဲ့ အခန်းထဲစဝင်တည်းက မြောက်ကြွမြောက်ကြွလုပ်လာတာမို့ ထိုင်တော့လဲ ရိုးရိုးမထိုင် ပခုံးကိုတွန့်ကာတွန့်ကာလုပ်ပြီး ထိုင်သည်။ ထို့နောက် စာအုပ်ကိုထုတ်ကာ ဆရာမလာသေးခင် သူငယ်ချင်းတွေနဲ့ 'ကိုကို့'အကြောင်း မနားတမ်းပြောတော့သည်။ နဂိုတည်းကစကားများတတ်သူမို့ သူငယ်ချင်းတွေမှာ နားပူတာကို ခံနိုင်ရည်ရှိပေမဲ့ တကိုကိုနဲ့ ပါးစပ်ကမချတမ်းပြောနေတာကိုတော့ ခံနိုင်ရည်မရှိပါ။

The only person love is youWhere stories live. Discover now