Don't leave me again 2.1

245 22 6
                                    

(My baby bear ကိုဖတ်ပြီးမှ ဒါကိုဖတ်ရင်ပိုနားလည်မယ်လို့ထင်ပါတယ်ရှင့်။ ဖတ်ပြီးသားလူတွေကတော့ ဆက်ပြီးဖတ်ရှုလို့ရပါပြီရှင့်။ 💗)

------------------------------------------------------------------





Don't Leave me again.


- ဂျယ်ဟျွန်းတစ်ယောက် ကုမ္ပဏီက သူ၏အခန်းထဲတွင် ဟိုရှာဒီရှာလုပ်နေခဲ့သည်။ ကြည့်ရတာတစ်ခုခုပျောက်နေသလိုပင်။ -

" ဂျယ်ဟျွန်း....ဘာရှာနေတာလဲဟင် "

- အရပ်ပုပုနှင့် black suitဝတ်ထားတဲ့ယောက်ျားတစ်ယောက်ကဝင်လာပြီး ဂျပန်ဘာသာစကားဖြင့်မေးလာသည်။ -

" ရီဝူးဗျ...ကျွန်တော့်အခန်းထဲမှာထောင်ထားတတ်တဲ့ဝက်ဝံရုပ်လေးတွေ့မိသေးလား။ "

" ပစ်လိုက်ပြီမဟုတ်ဘူးလားဟင်။ "

" ဗျာ...(?) ဘယ်တုန်းကလဲဗျ "

" မနေ့ညက အရက်အများကြီးသောက်မိကြပြီးတော့ ဂျယ်ဟျွန်းက မလိုအပ်တော့ဘူး၊ ပစ်လိုက်လည်းရပြီဆိုလို့ မနက်ကအမှိုက်ရှင်းရင်းပစ်လိုက်ပြီ။ "

- တဖန်ထိုကောင်လေးကပဲ ကိုရီးယားဘာသာစကားဖြင့်ပြောလာပြန်သည်။ -

" ဗျာ...
အ...အခု အမှိုက်တွေပစ်လိုက်ပြီလားဟင် "

" 10:00မှ သန့်ရှင်းရေးလာတာမလို့ အခုထိတော့မပစ်ရသေးဘူးထင်တယ်။ "

" ကျေးဇူးအများကြီးတင်ပါတယ် ရီဝူး "

" ဟုတ်ကဲ့ "

- ရီဝူးက သူဂျပန်ကိုရောက်ကတည်းကအစစအရာရာကူညီပေးခဲ့တဲ့ လက်ထောက်။ ကိုရီယား-ဂျပန် ကပြားကောင်လေးက တော်တော်တော့ကြည့်လို့ကောင်းသည်။ ကောင်မလေးတွေကြားထဲကနှင်းဆီပွင့်တစ်ခုဖြစ်သည်။ အနေတည်တာကြောင့် ဘယ်လိုဖြစ်ဖြစ် သူ့နဲ့ကတော့ ပေါင်းလို့အဆင်ပြေသည်။ အခုဆိုရင် ရီဝူးနှင့်သိလာသည့်အချိန်ကာလသည် လေးနှစ်နီးပါးရှိပြီဖြစ်သည်။ -

- ရီဝူးကခေါင်းခါကာ ယူလာခဲ့သည့်ဖိုင်တွဲတွေကိုစားပွဲပေါ်မှာချထားပေးခဲ့ပြီး အခန်းထဲကနေပြန်ထွက်လာခဲ့သည်။ -

.
.
.

- ဂျယ်ဟျွန်း ကုမ္ပဏီအနောက်တွင်ရှိသော အမှိုက်ထုပ်တွေကြားထဲသို့ မွှေနှောက်နေခဲ့သည်။ နောက်ဆုံးတော့ သူရှာဖွေနေသည့်အရာကိုတွေ့ခဲ့သည်။ -

Don't leave me again (Completed) Where stories live. Discover now