" Ya!! ဟန်ထယ်ဆန်း! "
- ယူဝန်းတစ်ယောက် မနက်စာစားဖို့လာရင်း စားပွဲတွင် သူ့အစ်ကိုကိုတွေ့လိုက်ရတာကြောင့် ခေါ်လိုက်သည်။ -
" အစ်ကို့ကိုများ... Ya!!(?) ဟန်ထယ်ဆန်း!(?) "
- မနက်စာစားနေရင်းထယ်ဆန်းကမျက်လုံးလှန်ကြည့်လာခဲ့သည်။ ယူဝန်းက ထယ်ဆန်းညီမဖြစ်သလို အွန်းဟက်သူငယ်ချင်းလည်းဖြစ်သည်။ ဒါပေမဲ့ အွန်းဟက်ကတော့ထိုကိစ္စကိုမသိခဲ့ဘူး။ -
" အစ်ကို! ရပြီလား။ ငါ့ကိုနည်းနည်းလောက်ကျွေးပါ။ "
" မပေးပါဘူး။ နင့်ဘာသာနင်သွားထည့်စားပါလား။"
" ငါအခုအရမ်းပျင်းနေလို့ပါ။ ကျွေးပါ။ "
- ယူဝန်းကသူ၏ဖြောင့်စင်းစင်းဆံပင်တစ်ချို့ကိုနားကြားညှပ်လိုက်ကာ ထယ်ဆန်းပန်းကန်ကိုဆွဲယူပြီးစားလိုက်သည်။ -
" ဒါနဲ့လေ အွန်းဟက်ကို နင်ဘယ်တော့ပြတ်ပေးမှာလဲ။ "
" သူ့ပိုင်ရှင်အစစ် လာတဲ့အခါကျရင်ပေါ့။ အခုတော့သိပ်မကြာတော့ဘူး။ ဟဲဟဲ "
" အစ်ကို! နင့်ဟာက အွန်းဟက်အပေါ်တအားလွန်တာပဲ။ ခဲအိုကိုလည်းရက်စက်လွန်းရာကျတယ်။ သူ့ခမျာ နင့်လိုငပွေငရှုပ်ကို သည်းခံပြီးချစ်ပေးနေရတယ်။ "
" ငါမရှုပ်ပါဘူးနော်!!! ငါ့ဘဝမှာ သူတစ်ယောက်တည်းကိုပဲချစ်တာ။ အွန်းဟက်ကတော့ သူ့ပိုင်ရှင်အစစ်အကြောင်းငါအသိဆုံးမလို့ သူမလာခင်အထိ တခြားလူလက်ထဲမှာထက် ငါ့လက်ထဲမှာရှိနေတာက ပိုလုံခြုံတယ်လေ။ "
" အာရီဂူးးး အကွက်ကိုကျနေတာပဲ။ "
" ပြီးတော့ ဒီကိစ္စကိုနင့်ခဲအိုလည်းသိပါတယ်။ သူကတောင် ဘာမှမဖြစ်တာ နင်ကဘာဖြစ်နေတာလဲ။"
" ကင်မ်အွန်းဟက်ကိုသနားလို့လေ။ သူက အစ်ကို့ကိုတကယ်ကြီးကြိုက်နေတာ။ ပြီးတော့ ကျောင်းအထိလိုက်မပို့ပေးရင်ကောင်းမယ်။ အဲ့ဒါကြောင့်နဲ့ အွန်းဟက်က အတန်းဖော်တွေဆီက ခဏခဏအပြောခံနေရတာ။ "
" အေးပါ။ နောက်ဆိုသတိထားလိုက်မယ်။ "
- ထယ်ဆန်း ယူဝန်းဆီကနေပန်းကန်ပြန်ယူတဲ့အချိန် ပန်းကန်ထဲတွင်ဘာမှမရှိတော့။ ယူဝန်းကတော့ အခန်းထဲသို့ပြန်ဝင်သွားခဲ့သည်။ -
YOU ARE READING
Don't leave me again (Completed)
Fanficဥစ္စာမှန်ရင်ပြန်ရတတ်တယ်တဲ့။ အွန်းလေးက အစ်ကို့အပိုင်မလို့ အစ်ကို့လက်ထဲ ပြန်ရောက်လာတာထင်တယ်။ (My Baby Bear season 2)