Don't leave me again 2.3

126 17 16
                                    

- သေချာပါတယ်။ အဲ့ဒီနေ့ကမိုးစက်တွေက သူတို့ဆုံးဖြတ်ချက်အတိုင်း ထင်တိုင်းကြဲနေကြတာလေ။ -

" အစ်ကိုတကယ်တောင်းပန်ပါတယ်။ အစ်ကိုတို့လမ်းခွဲရအောင်။ "

- ခြိမ်းဆိုလိုက်တဲ့အသံကျယ်ကျယ်က သူပြောတဲ့စကားတွေကိုဖုံးလွှမ်းပေးလိုက်ရင်အကောင်းသား။ ကျွန်တော့်ကိုကျောခိုင်းသွားခဲ့တဲ့ နောက်ကျောပြင်က အရမ်းနာကျင်ရတယ်။ ကျွန်တော်ရိပ်မိခဲ့ပါသေးတယ်။ ဒါပေမဲ့ လိမ်တာတွေထဲမှာ ကိုယ့်ဘာသာကိုယ် လိမ်တာကတော့ အဆိုးဆုံးပဲ။ -

- မိုးရေထဲမှာ တစ်ကိုယ်လုံးစိုရွှဲနေတာတောင် ဘာမှတောင်ထပ်မပြောခဲ့ဘူး။ တကယ်က ဘာမှကိုလုံးဝထပ်ပြောစရာမရှိတော့တာ။ သူငိုလည်းမငိုနိုင်ဘူး။ ကြည့်ရတာ ရင့်ကျက်သွားပြီထင်ပါရဲ့။ -

- အဲ့ဒါတွေအစား မိုးရေထဲကသူ အမြင်အာရုံတွေဝေဝါးလာခဲ့တယ်။ အစ်ကို ကျွန်တော်နေမကောင်းတာကို တစ်စက်တောင်မသိဘူးပဲ။ -

" ဟက်ဂီ!!! "

- အဝေးတစ်နေရာက ပြေးလာနေတဲ့လူရိပ်။ အဲ့ဒါက အစ်ကိုဖြစ်ခဲ့ရင်တော့ ပိုကောင်းမှာ။  -

- ရေစက်ရေမှုန်လေးတွေကြားထဲလဲကျသွားသည့်ကောင်လေးအနားသို့ အမြန်ပြေးလာသည့်အရိပ်တစ်ခုက ကောင်လေးကိုပွေ့ချီကာ ကားပေါ်သို့တင်ခေါ်သွားခဲ့သည်။ -

.
.
.

" သွေးအားနည်းပြီးသတိလစ်သွားတာပါ။ အွန်းဟက်ကနေမကောင်းဖြစ်ပြီးဖျားတာမကြာသေးတော့ မိုးမိပြီးအဖျားပြန်ဝင်လာတာပါ။ စိတ်မပူပါနဲ့။"

" အွန်း။ ကျေးဇူးပဲ ချယ်ယောင်း"

" အွန်း။ ရပါတယ်။ အွန်းဟက်က နေမကောင်းဖြစ်တာရှားတယ်နော်။ သေချာတော့ဂရုစိုက်ပေးလိုက်ပေါ့။ "

" အေးပါ။ ငါလိုက်မပို့တော့ဘူးနော်။ "

" အွန်း။ "

- ချယ်ယောင်းက ဂျယ်ဟျွန်း၏သူငယ်ချင်းဖြစ်သလို သူတို့၏မိသားစုဆရာဝန်အဖြစ်ရှိနေခဲ့တာ နှစ်အနည်းငယ်ကြာပြီဖြစ်သည်။ -

" အွန်းဟက်!!! "

- အသံကျယ်ကျယ်အော်ကာ အိမ်ထဲသို့ဝင်လာကြသည့် အွန်းဂျောင် ဂျီဟွန်း ဟန်ဂျင်းနဲ့ ယူဝန်း။ -

Don't leave me again (Completed) Where stories live. Discover now