one's pov
တစ်စုံတစ်ယောက်သောသူ မမြင်နိုင်လေသော မေတ္တာတရားတို့သည်အချည်းနှီးသာ...။
ချစ်သောသူမသိခဲ့ပါလေ။*****
ကျွန်တော့ရဲ့ကျန်းမာရေးကြောင့် အဖေ့ရဲ့ အလုပ်တွေကြောင့်ပါ အမေက အိမ်သူအဖြစ်နေရန် ဆုံးဖြတ်လိုက်ပြီး ဒေသဌာနေတစ်ခုမှတစ်ခုသို့ပြောင်းရွှေ့နေထိုင်ရန် အကြောင်းဖန်လာရာကအိပ်ယာဝင်လျင် ပြန်ပြောင်းပြောပြလေ့ရှိတတ်ကြသည့် အိပ်ယာဝင်ပုံပြင်လေးတစ်ပုဒ်ဖြစ်လာခဲ့သည် ကြားဖူးနားဝဇာတ်လေးတခုဆီသို့။
ရွှေ့ပြောင်းရာရက်ကွက်လေးက ဆိတ်ငြိမ်၏။ လူဦးရေမထူထပ်ပေမဲ့ လူသူမကျဲ။
ဟိုဒီစပ်စုကြသူ သိပ်မများ။ ပတ်ဝန်းကျင်လေးက စိမ်းစိုသလိုရှိလှ၏။
ကျွန်တော်စပြောင်းစဉ်ကတော့ ငယ်သေး၍ ရပ်ကွက်လေးအကြောင်းသေချာမသိပေမဲ့ နားလည်သိတတ်စ အရွယ်တွင်တော့ သူအတော် လေးကိုပင် ထိုနေရာလေးကိုနှစ်ခြိုက်နေခဲ့ပြီ။
ဘေးကပ်ရပ်ခြံလေးကတော့သူသဘောအကျရဆုံး။ အဲ့ခြံမှာနေတဲ့ သူတစ်ယောက်ကိုပေါ့။သူကဟိုးငယ်ငယ်ကတည်းက လူစိမ်း သူစိမ်းတွေဆိုလျှင်ကြောက်တတ်သလို စကားမပြောရဲ။ ထိုသူက သူ့ရဲ့စိတ်ဝင်စားမှုအလုံးစုံကို ဖမ်းယူထားခဲ့ခြင်းပင်။
မျက်ဝန်းတွေကသူနဲ့မတူ မှေးနေပေမဲ့ မကျဉ်း။ နေရောင်ခြည်ကြောင့်ရေပျောက်လေးတွေတောက်နေသလို ကြည်ကြည်တာက်တောက်လေး။
ပြုံးပြရင်ချိုင့်ဝင်သွားတဲ့ နှုတ်ခမ်းအထပ်နားလောက်အချိုင့်ကလေး။
အကုန်လုံးကထူးဆန်းစွာစိတ်ဝင်စားစရာကောင်းနေတယ်။ သူရဲ့Ironman လိုလေ။
ခဏတာ စိတ်ဝင်စားမှုမှသည် တစ်သက်လုံးစာ စိတ်ဝင်စားမှု ပေးစွမ်းနိုင်သောဌာနေ။သူကသူ့ကို ဟျောင်းလို့ခေါ်စေခဲ့ပြီး သူနဲ့အတူဆော့ပေးခဲ့တယ်။
တစ်ဦးတည်းသားမို့ ငယ်ငယ်ထဲက ပိုးလိုဥထားပေမဲ့ ပစ္စည်းတခုကို အချိန်အကြာကြီး စိတ်မဝင်စား။ မခေါ်မပြော မရယ်တတ်ခဲ့သည့်သူကြောင့်မွေးမိဘများမှာဗျာများနေခဲ့ကြရာမှ ဒီနေရာဒေသ ပတ်ဝန်းကျင်ကြောင့် စိတ်အေးခဲ့တယ်ထင်ပါ့။ထိုသူစိမ်းအိမ်ကသူကို တံခါးမရှိဝင်ထွက်သွားလာစေကာ သူ့အားလည်း အဖော်ပြုပေးဖို့ရာအထိ ထိန်းချုပ်နိုင်ခဲ့သည်။
သိတတ်လာသည့်အချိန်တ္ဍွင်တော့မြင်တတ်လာခဲ့ပြီ။
အကျိုးတူ ပူပေါင်းပေးသည့်လူကြီးတွေကြောင့်သူက ပျော်ခဲ့ရသလို တစ်ဖက်တွင်တော့လည်း စိတ်မကောင်း။