Owner (1)

262 20 0
                                    

လူသူကင်းမဲ့နေတဲ့ ညအချိန်ခါ.. လရောင်မှိန်မှိန်ကလေးဖြာထွက်နေပြီး ခြောက်ကပ်ကပ်ပင်ဖြစ်နေလေသည်..။

ဒီလိုအချိန်မတော်ကြီးမှာ ကောင်လေးတစ်ယောက်ဟာ ကြောက်ရကောင်းမှန်းမသိ အားသာကုန်ပြေးနေလေရဲ့..။

ထိုကောင်လေးရဲ့ အနောက်ကနေ ခန္ဓာကိုယ်ခပ်တောင့်တောင့်ရှိတဲ့ လူတစ်စုကလည်း လိုက်နေလေသည်..။

ထိုကောင်လေးရဲ့ မျက်နှာပေါ်တွင် သွေးကွက်များရှိနေပြီး ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အ၀တ်အစားတချို့ကလည်း ဖရိုဖရဲဖြစ်ကာ ဖြူဖွေးသွယ်လျာနေတဲ့ ခြေတံပေါ်မှာလည်း လက်ရာအမြောက်အမြားနှင့် ရိုက်နှက်ခံထားရသည့် ရှိုးရာများထင်းလို့နေပါသည်..။

ကောင်လေးမှာ ရောက်မိရောက်ရာ ပြေးရင်းပြေးရင်း တောအုပ်ထဲကိုပင် ရောက်လာပြီဖြစ်သည်..။ အန္တရာယ်များမှန်းလည်းမသိသလို သိလျှင်လည်း ထွက်ပြေးစရာနေရာပင်မရှိတော့ပါ..။

ပြေးရသည့်အရှိန်ကြောင့်ရော ခြေထောက်ဗလာကျင်းဖြစ်နေတာကြောင့်ရော အမောစို့နေပြီး ဟောဟဲဟောဟဲပင် စိုက်နေရသည်..။

အနောက်ကို လှည့်ကြည့်လိုက်တော့ အဲ့လူတွေ လိုက်မလာတော့တာကို သိမှ ပြေးတာကိုရပ်ပြီး အမောဖြေနေခဲ့သည်။

အမောဖြေနေချိန် တောအုပ်ရဲ့ တစ်ချို့နေရာတွေကနေ တစ်စုံတစ်ခုက သူ့ကို ကြည့်နေသလိုမျိုး ခံစားလာရသည်။

ဘေးပတ်ပတ်လည်ကို တစ်ချက်အကြည့်တွေရောက်သွားတော့  ၀ံပုလွေအများကြီးကို တွေ့လိုက်ရသည်..။

လန့်ဖြတ်သွားပြီး ကြောက်စိတ်ကြောင့် တုန်နေတဲ့ခန္ဓာကိုယ်က နောက်နည်းနည်းဆုတ်လိုက်တဲ့ချိန်မှာ အရှိန်ကိုမထိန်းနိုင်ပဲ ကျောက်တုံးတစ်တုံးတိုက်မိသွားပြီးတော့ တောင်စောင်းပေါ်ကနေ လိမ့်ကျသွားပါသည်..။

ပြင်းပြင်းထန်ထန်လှိမ့််ကျသွားတာကြောင့် ခေါင်းကို သစ်ပင်ကြီးတစ်ပင်နှင့် ခပ်ပြင်းပြင်းဆောင့်မိသွားပြီး ထိုနေရာမှာတင် "ငါဒီလိုပဲ သေဖို့ကံပါလာတာလား"ဟုတွေးရင်း သူနားကို ကပ်လာတဲ့ ၀ံပုလွေများကို ကြည့်ရင်း လောကကြီးနှင့် အဆက်အသွယ်ပျက်သွားခဲ့ရသည်..။
.
.
.
.
.
.
နိုးလာတော့ ခပ်စူးစူးအလင်းရောင်က ကောင်လေးရဲ့ နှာခေါင်းပေါ်မှာ လှပစွာတည်ရှိနေတဲ့ မှည့်လေးပေါ်ကို ဖြာထွက်လာတော့သည်။

𝕆𝕨𝕟𝕖𝕣 (ရပ်နား)Where stories live. Discover now