Owner (2)

168 18 0
                                    

Owner

မှောင်မှောင်မိုင်မိုင်ဂိုဒေါင်တစ်ခုထဲတွင် အမဲရောင်သိုးမွှေးများဖြင့် ရက်လုပ်ထားသည့်ပုံပေါ်သော ဆိုဖာလိုမျိုးပေါ်တွင် ထိုင်နေသော ထိုကောင်လေး၏ ကျက်သရေရှိမှုကိုကြည့်လျှင် ဒူးပင်ခွေကျချင်စရာကောင်းလောက်သည့်အထိဖြစ်သည်။
မျက်ထောင့်နီနီများဖြင့် ဆေးလိပ်ကိုလည်း ထိုးဖွနေခဲ့သည်။

ထိုကောင်လေး၏ အရှေ့တွင် ခေါင်းကိုအ၀တ်အမဲဖြင့် ဖုံးလွှမ်းထားခြင်းကို ခံရသည့် အသက် ၃၀ နှင့် ၄၀ ကြား အရွယ် ယောကျာ်းကြီးတစ်ယောက် ဒူးထောက်လျက်သား ရှိနေလေသည်။ ရုန်းကန်အားကြောင့် ချည်ထားခံရသည့် လက်ကောက်၀တ်များမှာ သွေးစများပေကျန်ကာ ပွန်းပဲ့နေတော့သည်။

ထိုအချိန် ဩဇာ ခပ်ညောင်းညောင်းဖြင့် ရောက်လာသည့် နောက်ထပ်ကောင်လေးတစ်ယောက်..
ဘေးမှာလည်း ထိုကောင်လေး နည်းတူ ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းရှိသည့် လူတချို့လည်း ပါလာပါသည်။

ဆိုဖာပေါ်တွင် အာဏာရှိရှိထိုင်နေသည့် ကောင်လေးမှာ အပြုံးယောင်သန်းသွားပါတော့သည်။

"ဂျုံဆောင်း ငါ့ညီရာ ခုတစ်လော ဘယ်ရောက်နေတာလား"
ပြောင်စပ်စပ်ဖြင့် ဂျုံဆောင်းပခုံးပေါ် လက်တင်ရင်း ပြောလာသည်။

"အေး ဟီဆွန်းဟျောင်းရာ ငါလည်း ဒီနောက်ပိုင်း အလုပ်တော်တော်ရှုပ်နေလို့"
ညီအစ်ကိုဟု ပြောမည်ဆိုလျှင်လည်း မဟုတ် သူငယ်ချင်းဆိုလျှင်လည်း မဟုတ်သေး သေတူရှင်တူ ပေါင်းဖော်ပေါင်းဖက်ဖြစ်ပြီး ဆိုးဖော်ဆိုးဖက်ဟုပြောမည်ဆိုလျှင်လည်း မှန်ပေသည်။ ဟီဆွန်းလည်း Dominant Alpha ဖြစ်သောကြောင့် ပို၍အဆင်ပြေသည်။ သူ့နည်းတူ အာဏာရှိသည့် အဆင့်တန်းမြင့်မျိုးနွယ်ကပင် ဖြစ်လေသည်။

"အခြေအနေ ဘယ်လိုလဲ"

"အခြေအနေကတော့ မသေချာသေးဘူးဟ ဘယ်လိုမေးမေးမရလို့ ငါတော့ သတ်ပစ်ချင်နေပြီ"
ဟီဆွန်းရဲ့ မျက်နှာ ဆူပုတ်ပုတ်ပင်ဖြစ်သွားကာ ဂိုဒေါင်ထဲ ၀င်လာတုန်းက မျက်နှာနှင့်လူမဟုတ်သည့်အတိုင်း တစ်ခြားလူလိုပင် ဖြစ်နေသည်။

𝕆𝕨𝕟𝕖𝕣 (ရပ်နား)Where stories live. Discover now