7

2K 254 8
                                    

အပိုင်း (၇)

ဘဝမှာ ရင်ဖိုစရာ အကောင်းဆုံးအချိန် ၁၂ မိနစ် အပြီးမှာတော့ ကုန်နိုင်ခဲလွန်းတဲ့ အရှည်လျားဆုံး ၁၂ မိနစ်ကို ရှောင်းကျန့် ဖြတ်ကျော်ရပြန်တယ်၊ အဲဒီ အခိုက်အတန့်က ရှောင်းကျန့်ရဲ့ မှတ်ဉာဏ်ထဲမှာ စွဲမြဲစွာ နေရာယူသွားခဲ့တယ်၊ ခေါင်းငိုက်စိုက်ကျပြီး အိမ်ပြန်လာရတဲ့နေ့ကို ပြန်တွေးမိတိုင်း ရှောင်းကျန့်က သူ့မျက်လုံးတွေကို အုပ်ကွယ်ထားတတ်တယ်၊ ဒီလိုအရှုံးကို သူ့နှလုံးသားက လက်မခံနိုင်ခဲ့ဘူး။

ဝမ်ရိပေါ်နဲ့ ထိပ်တိုက်တွေ့နေတာ အချိန်ဘယ်လောက်ကြာသွားသလဲ ရှောင်းကျန့် မသိတော့ဘူး၊ ဒါပေမဲ့ လက်ရှိမှာတော့ ဝမ်ရိပေါ်ဆီက သေချာတဲ့အဖြေကိုပဲ သူကြားချင်တော့တယ်။

"ဝမ်ရိပေါ် ငါမင်းကို အခွင့်ရေးတစ်ခါပဲ ပေးနိုင်တော့မယ်.. နောက်ဆုံးတစ်ခေါက် ထပ်မေးမယ်.. မင်းငါ့ကို ကြိုက်လား?"

ငါးမှတ်ဉာဏ်နဲ့လူဖြစ်ရင် ဘယ်လောက်ကောင်းမလဲဆိုပြီး ရှောင်းကျန့် တွေးမိတာ အကြိမ်ကြိမ်ပဲ၊ သူတို့ကြားက ကိစ္စမှန်သမျှကို အေးစက်စက် ကိုင်တွယ်ဖြေရှင်းခဲ့တဲ့ ဝမ်ရိပေါ်ရဲ့အတိတ်က လုပ်ရပ်တွေကို မေ့သွားရင် အကောင်းဆုံးပဲ၊ ဒီလိုမှသာ ဝမ်ရိပေါ်လဲ ရှောင်းကျန့်အပေါ်မှာ ထပ်တူခံစားချက် ရှိနေပါတယ်ဆိုပြီး သူ့ကိုယ်သူ ဆက်လိမ်လို့ရမှာ။

ဒါပေမဲ့ ရှောင်းကျန့်က မှတ်ဉာဏ်သိပ်ကောင်းလွန်းနေတော့ ခက်တယ်လေ၊ ဝမ်ရိပေါ်နဲ့ ပတ်သက်သမျှ အရာအားလုံး၊ ဝမ်ရိပေါ် ပြောခဲ့သမျှ၊ ဝမ်ရိပေါ် လုပ်ခဲ့သမျှကို တစ်ခုမကျန် ရှောင်းကျန့် မှတ်မိနေတယ်လေ။

ရုတ်ချည်းဆိုသလိုပဲ ပြတင်းပေါက်မှန်ကို မိုးပေါက်တွေ လာရိုက်သံ တဖြောက်ဖြောက် ကြားလာရတယ်၊ ရုတ်တရက် ရွာလာတဲ့မိုးနဲ့ အတူပါလာတဲ့ လေအေးတွေက လေသာဆောင်ငယ်လေးကို ဖြတ်သန်း တိုက်ခတ်လာတယ်၊ အေးစက်မှုက ရှိသမျှ နေရာလွတ် အကြိုအကြားလေးတွေကနေ စိမ့်ဝင်ပြီး အိမ်ထဲအထိ ခြေဆန့်လာတယ်။

ဝမ်ရိပေါ်က စိတ်လှုပ်ရှားနေဟန်နဲ့ ဘောင်းဘီအဝတ်သားကို လက်နဲ့ ပွတ်သပ်လိုက်တယ်၊ သူတစ်ခုခု ပြောမှဖြစ်မယ်၊ မဟုတ်ရင် ရှောင်းကျန့် သူ့ရှေ့ကနေ ပျောက်ကွယ်သွားမယ်လို့ ထင်နေတယ်။

Willful Man & Stubborn Stone [ Willful顽石 ]Where stories live. Discover now