<Unicode>
'မောင်...မင်းတကယ်ပဲငါ့ကိုမချစ်...အာ...မဟုတ်ဘူး...နည်းနည်းလေးတောင်သဘောမကျခဲ့ဘူးလား'
'အဟက်..ကျုပ်ခင်ဗျားကိုချစ်ဖို့နေနေသာသာလုံးဝသဘောမကျခဲ့ဘူး...ကျုပ်မျက်လုံးထဲမှာတော့ခင်ဗျားကကျုပ်အတွက်အစားထိုးခံသက်သက်ပဲ'
သူအကြိမ်ကြိမ်မက်မောစွာနမ်းရှိုက်ခဲ့ဖူးပါသောနှခမ်းချိုချိုလေးတွေကအခုတော့သူ့ရင်ကိုကွဲးစေလုမတက်နာကျင်စေပါသည့်စကားလုံးတို့ကိုဘာမှမဟုတ်သလိုအလွယ်တကူပြောထွက်လာခဲ့ခြင်းကရိပေါ်ရဲ့မျက်နှာပေါ်ကမျှော်လင့်ချက်လေးတွေကိုရိုက်ချိုးပစ်သွားခဲ့ကာမတ်တတ်ရပ်ဖို့ပင်အားမရှိတော့စွာခုံပေါ်ပျော့ညံ့စွာကျသွားခဲ့ပြီးအကြိမ်ကြိမ်တားဆီးခြင်းခံခဲ့ရသောမျက်ရည်တွေကိုအခုတော့အတားအဆီးမရှိကျဆင်စေလိုက်သည်ကြောင့်ပူနွေးနွေးမျက်ရည်စတွေကရေကာတာကျိုးကျသည့်အလားမရပ်မနာကျဆင်းလာလေသည်။
မျက်လုံးအိမ်တို့ကသိမ်ငယ်ခြင်း၊ဝမ်းနည်းခြင်း၊နောင်တရခြင်းတို့ကိုဖော်ပြလာသော်လည်းယခင်ကတည်းကသူ့အပေါ်အေးစက်သည့်မောင်ကတော့အခုလည်းအပေါ်စီးကနေသူ့ကိုမဲ့ပြုံးကိုပန်ဆင်ကာအထက်စီးဆန်စွာမော့ကြည့်လာသည်။
အဟက်...နောက်ဆုံးတော့လည်းသူတစ်ယောက်တည်းကျန်ရစ်ခဲ့ရတာပါပဲ...ဘာလို့လဲ....ဘာလို့သူကအချစ်မခံရတာလဲ!...ဝမ်ရိပေါ်ဆိုတဲ့သူကအချစ်ခံရဖို့အတွက်မွေးဖွားလာခဲ့ခြင်းမဟုတ်ပဲစွန့်ပစ်ခံရဖို့မွေးလာခဲ့တာများလား
ရိပေါ်အသက်မဲ့စွာပြုံးလိုက်မိသည်။
ပြီးနောက်မတ်တတ်ရပ်ကာဆိုင်ထဲကလူတွေရဲ့အကြည့်တွေကိုမျက်ကွယ်ပြုလို့မျက်နှာပေါ်ကမျက်ရည်တွေကိုသုတ်လိုက်ကာသူ့ရှေ့ကရှောင်းကျန့်ကိုအတောက်ပဆုံးပြုံးပြလိုက်ကာ....'ကောင်းပြီးရှောင်းကျန့်...ဒါကမင်းရဲ့ရွေးချယ်မှုပါပဲ...ရိအော်နဲ့တသတ်လုံးပျော်ရွှင်စွာနေသွားရပါစေလို့ငါဆုတောင်းပေးပါတယ်...ငါကမင်းအတွက်အစားထိုးခံဖြစ်ခဲ့ပင်မယ့်မင်းကတော့ငါ့အတွက်ပထမဦးဆုံးနဲ့နောက်ဆုံးအချစ်ဦးအဖြစ်ငါ့စိတ်ထဲမှာထာဝရရှိနေမှာပါ...ဒီအတောအတွင်းငါ့အပေါ်ဂရုစိုက်ပေးခဲ့လို့ကျေးဇူးပါရှောင်ကျန့်'
YOU ARE READING
မောင်ချစ်သောခင်ဗျားလေး(zhanyi)
FanficYiboမွေးနေ့အတွက်အမှတ်တရရေးထားတဲ့ficလေးပါဖတ်ပေးကြပါအုံးနော်😘 #Zhanyi #Xiaowang