🤚Chapter 58
ကျိအန်းနဉ်၏ မျက်နှာကညှိုးငယ်သွားသည်။
တစ်ခါတစ်ရံတွင် ဝမ်ယွီက ရင့်ကျက်လွန်းသဖြင့် သူမ သူ့ကို လုံးဝ မမှတ်မိနိုင်သလို အခြားအချိန်များတွင်လည်း သူက ရယ်စရာကောင်းပြီး ကလေးဆန်လွန်းသည်။
ဝမ်ယွီက ၎င်းကိုဝန်မခံနိုင်ပေ။
"ကလေးဆန်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ... မင်းကို ပြောပြရဦးမယ်...ဒေါင်းတစ်ကောင်က အမွေးတွေပြတဲ့အခါ လိင်ပိုင်းဆိုင်ရာအရ ဖွံဖြိုးပြီးတဲ့ ဒေါင်းအထီးတွေပဲ လုပ်လို့ရတာ...အရွယ်မရောက်သေးတဲ့ ဒေါင်းတွေက အဲ့လုပ်ဆောင်ချက်တွေ မဖြစ်သေးဘူး..."
ထို့နောက် သူက မေးသည်။
“ဒီငှက်သိုက်ဆံပင်နဲ့ကောင်က မင်းဆီက ဘာလိုချင်တာလဲ...”
ငှက်သိုက်ဆံပင်နဲ့ကောင်...
ကျိအန်းနဉ် တစ်ခဏခန့် ဆွံ့အသွားပြီး ပြောလာသည်။
“သူတို့စတူဒီယိုနဲ့ စာချုပ်ချုပ်ဖို့ စဉ်းစားမလားလို့ မေးတယ်လေ...ကျွန်မ ပြီးခဲ့တဲ့အပတ်က သူတို့စတူဒီယိုကိုသွားခဲ့သေးတယ် ကြည့်ရတာ သူက သူဌေးဖြစ်မယ်ထင်တယ်..."
"ပြီးတော့ရော..."
ဝမ်ယွီက မေးလာသည်"သူကပြောသေးတယ် ကျွန်မသာ လက်မှတ်ထိုးခဲ့ရင် သူတို့က ရာခိုင်နှုန်းတော့ယူမှာပေမဲ့ အလုပ်မြဲစေဖို့ အာမခံတယ်တဲ့လေ...အစကတော့ သူက ကျွန်မအလုပ်ပြီးရင် ထပ်ဆွေးနွေးချင်နေသေးတာ အဲ့အချိန် ရှင်ရောက်လာတာနဲ့ ကျွန်မလည်းသူ့ကို နောက်မှဆွေးနွေးမယ်လို့ပြောခဲ့တာလေ..."
အလုပ်ပြီးသွားတာတောင် ဆက်ဆွေးနွေးချင်သေးတယ်တဲ့...ဟား...
ဝမ်ယွီက မေးလာသည်။
"မင်း လက်မှတ်ထိုးချင်လို့လား...""ကျွန်မ အခုထိမဆုံးဖြတ်ရသေးဘူး..."
ဝမ်ယွီ အနည်းငယ်ခန့် အံ့သြသွားသညလ။ ဤမော်ဒယ်အလုပ်က သူမ၏အခြားအလုပ်များထပ် ပိုက်ဆံပိုရသေးသည့်အပြင် အလုပ်အခြေအနေတည်ငြိမ်လျှင် အခြားအလုပ်များကထွက်ပြီး ဤအလုပ်ကိုသာ လုပ်ဖြစ်လိမ့်မည်။