Ep - 1

14 4 0
                                    

ရန်ကုန်မြို့ရဲ့ ကားတွေနဲ့ စည်ကား တိုက်မြင့်ကြီးတွေ အလွန်ပင်များတဲ့ လမ်းမကြီးထက်တွင် အလွန်မှပင် ခမ်းနားကြီးကျယ်လှသော JSK Comedy

"ရှိန်းသန့်"

ရှိန်းသန့်မောင် Comedy အားပတ်ကြည့်နေစဉ် အနောက်မှ လှမ်းခေါ်သည့်အသံကြောင့်
ခြေထောက်တစ်စုံဟာ ရပ်တန့်သွားပြီး လှည့်ကြည့်လိုက်သည်။

"အော်...ရှေး ဘာကိစ္စလည်း"

ရှိန်းကိုကြည့်ပြီး ရှေးတစ်ချက်လောက်ပြုံးမိလိုက်သည်။

"ရှိန်းရယ် အလုပ်ကြိုးစားလိုက်တာနော် ရှေးက ဒီမှာ ရှိန်းရဲ့ နောက်အပတ် interview အတွက် စီစဉ်ပေးနေတာ"

"အော်...ရှေးကိုယ်မေ့နေတာ အဲ့ interview ကို အဲ့အစီစဉ်က တစ်ဘက်ခါ မလား"

"ဟုတ်တယ်လေ... ဘာလို့လည်းရှိန်း"

ရှိန်းသန့်မောင် သက်ပြင်းတစ်ချက်လောက်ချကာ

"ကိုယ်အဲ့အစီအစဉ်အတွက်ဘာမှ မပြင်ဆင်ရသေးဘူး အဲ့တာ ရှေးလိုက်ခဲ့ပါလား Shopping ထွက်ပြီးကိုယ်တို့ လိုတာလေးတွေဝယ်ရအောင်လို့"

"ဟုတ်ပါပြီ...ဒီနေ့လား"
"အင်း"
"ဘယ်အချိန်လည်း"
"အခု"

ပြောရင်းဆိုရင်း ရှေးကိုခေါ်သွားကာ ကားရှိတဲ့ အောက်ထက်သို့သွားသည်။ရှိန်းက ထိုကဲ့သို့ အမြဲပင် မေ့တက်သောသူတစ်ဦးပင်မဟုတ်။ဒီရက်ပိုင်းအတွင်း အလုပ်တအားရှုပ်နေလို့သာ သူအခုကဲ့သို့ မေ့လျော့ကာ အရေးတကြီးဖြစ်နေတာပင် ဖြစ်သည်။
.
.
.
.

မြို့ပြကြီးတွေနှင့် အလွန်ဝေးကွာသော နေရာတွင်နေထိုင်သူ ဇန်ရှိန်းမောင် သည်လည်းသူ မြတ်နိုးလှတဲ့ တောင်တန်းကြီးတွေကိုကြည့်ကာ သာယာဖွယ် မနက်ပိုင်းလေးကို ဖြတ်သန်းနေတက်သည်။

"ဆရာဇန် ဆရာဇန်"

အလောတကြီးနှင့် ဇန်ရှိန်းမောင်အနောက်ကို လိုက်လာသော ဆေးရုံမှ Nurse မလေးတစ်ဦး

"ဟင်...ဆရာမ ဘာဖြစ်လ်ို့လည်း"

Nurse မလေးသည် ပြေးလာရသောကြောင့် ချွေးတွေတအားထွက်နေပြီး မျက်နှာမှာလည်း စိုးရိမ်ပူပန်မှုများနှင့်အပြည့်

"ဆရာ...ဆရာ ဟိုဘက်အိမ်က ဦးလေး တစ်ယောက် ဗိုက်တွေ ထိုးအောင့်ပြီး အော်နေတယ်ဆရာ"

ဇန်ရှိန်းမောင်၏ မျက်နှာချက်ချင်းပျက်သွားပြီး သူပါ စိုးရိမ်စိတ်တွေ၀င်လာသည်။

"ဟာ...ဆရာမ အဲ့တာဒီတိုင်းနေလို့ ဘယ်ဖြစ်မလည်း လာလာ အခုသွားမယ် "

ထိုကဲ့သို့ပြောကာ ဆရာဇန် နှင့် ဆရာမလေးတို့ ထိုအိမ်လေးရှိရာသို့ ခက်မြန်မြန်လေး ပြေးသွားခဲ့သည်။

ဇန်ရှိန်းမောင်က ဆရာ၀န် တစ်ဦးဖြစ်တာကြောင့် ဗိုက်အောင့်နေသည်ဆိုတာနှင့် ဘယ်နားကအောင့်လည်း ဘယ်လိုမျိုးဖြစ်တာလည်းသိရန် ဗိုက်အား သူ့လက်ဖြင့် ကိုင်ကာ စမ်းစစ်နေသည်။

"ဒေါ်လေးမေ ဘယ်လိုဖြစ်တာလည်းဗျ ဘာတွေ စားသေးလည်း"

ဇန်ရှိန်းတစ်ယောက်ချွေးတွေပြန်တဲ့အထိ အလွန်ပင် စိတ်ပူနေမိသည်။

"ဒေါ်လေးလည်းမသိဘူး မနေ့ညကတည်းက ဗိုက်အောင့်တယ်အော်နေတာ"

ဒေါ်လေးမေတစ်ယောက် ထိုကဲ့သို ငိုယိုပြီး ပြောသဖြင့် ဇန်ရှိန်းတစ်ယောက် စိုးရိမ်ပူပန်မှုတွေ တအားများနေလေပြီ။

"ဒေါ်လေး ဘာမှစိတ်မပူနဲ့ ပြန်ကောင်းသွားမှာ ဆရာမ ဆေးရုံကိုဖုန်းဆက်ထားတယ်မလား"

"ဟုတ်...ဟုတ် ဆက်ထားပါတယ်"

သူတို့နှစ်ယောက်ပြောနေစဉ်ဆေးရုံကားလာတာနဲ့ ဇန်ရှိန်းတစ်ယောက် ဦးလေးအား ပွေ့ချီပြီး ဆေးရုံကားပေါ်အမြန်တက်သွားသည်။
ထိုအချိန် ဆရာမလေးက

"ဒေါ်လေး နောက်ကနေ လိုက်ရင်လိုက်ခဲ့နော် ကျွန်မတို့သွားနှင့်လိုက်မယ်"

ဒေါ်လေး၏ မျက်ရည်များပါးပြင်ပေါ်ကျဆင်းနေတာ အဆက်မပျက်ပင် ထိုအချိန် ဇော်ရှိန်းသည် ကားထဲမှ ဒေါ်လေးအား အဆင်ပြေသွားမှာဖြစ်ကြောင်းပြောပြီး ထွက်သွားလေသည်။

20.6.2024
Liam

𝗙𝗮𝗹𝗹 𝗶𝗻 𝗟𝗼𝘃𝗲 Where stories live. Discover now