Ep - 2

6 3 0
                                    

ကျောင်းပိတ်ရက်ဖြစ်တာကြောင့် နောက်ကျတဲ့ အထိအိပ်နေတဲ့ ကောင်လေးတစ်ယောက်ကို အမေဖြစ်သူကအောက်ထပ်ကနေ အော်နှိုးနေရပြီဖြစ်သည်။

"ကာရံ!!! ကာရံ...ထတော့လေ"

အိပ်ယာထဲကနေ အိပ်ချင်မူးတူးနဲ့မျက်လုံးတောင် မဖွင့်သေးဘဲ ထလာပြီး အောက်ထက်သို့ဆင်းလာခဲ့သည်။

ဆံပင်လေးကရှုပ်ပွ ညအိပ်၀တ်စုံ၀တ်ထားသည်မဟုတ်ဘဲ အမဲရောင် ဘောင်းဘီတိုနှင့် တီရှပ်အမဲလေးသာ၀တ်ထားသည်။

"မာမီကလည်း ဒီနေ့ကျောင်းပိတ်တဲ့ဟာကို"

"ကျောင်းပိတ်ပေမဲ့ ဒီနေ့ မာမီတို့ဆေးရုံသွားရမယ်"

ကာရံတစ်ယောက်မျက်လုံးတောင်ပြူးသွားသည်။ဆေးရုံ ဟုတ်လား ဆေးရုံက ဘာလို့သွားရမှာလည်း ဘယ်သူဘာဖြစ်လို့လည်းဆိုတဲ့ အကြည့်နဲ့ ဒေါ်မူယာခင်ကို ကြည့်နေမိသည်။

"မင်းဒယ်ဒီရဲ့ အလုပ်ကမိတ်ဆွေ ဒီမနက်ဗိုက်အောင့်တယ်ဆိုပြီး ဆေးရုံတက်ထားရတယ် အဲ့တာမာမီတို့ မိသားစုလိုက် သတင်းသွားမေးမလို့"

"ဟာ...မာမီကလည်း သားဟိုကောင်တွေနဲ့ ချိန်းထားတယ် မလိုက်တော့ဘူးဗျာ"

"မင်းမလိုက်လို့ရမလား မင်းမလိုက်ရင် ဘယ်ကောင်းပါ့မလည်း"

ကာရံကတော့ ဆက်ငြင်းချင်ပေမဲ့မကောင်းတာကြောင့်လိုက်သွားဖို့ဘဲဆုံးဖြတ်လိုက်သည်။စိတ်မပါတပါနှင့် ခေါင်းလေးတစ်ချက်လောက်ငြိမ့်ပြီး အပေါ်ထပ် ပြန်တက်သွားသည်။

.
.
.
.
ဆေးရုံ၀န်းကြီးကအလွန်ပင်ကျယ်သည်။ဆေးရုံဆိုပေမဲ့ တောရွာဆေးရုံဖြစ်သောကြောင့် မြို့ပြကြီးတွေလောက်တော့ မကျယ်၀န်း။ကာရံတစ်ယောက်ဆေးရုံကိုပတ်ကြည့်နေတုန်းသူငယ်ချင်းဆီမှ ဖုန်းလာတာကြောင့် ဖုန်းကိုကောက်ထုတ်ပြီး ဖုန်း​ကိုင်ဖို့လုပ်တုန်း ဖုန်းလိုင်းမမိတာကြောင့်ဟိုရွေ့ ဒီရွေ့နှင့် အလုပ်ရှုပ်နေတုန်း....

ဘုတ်!!!

ကာရံလူတစ်ယောက်နှင့် ၀င်တိုင်မိသွားတာသာဖြစ်သည်။ကာရံကထိုလူရဲ့ ရင်ခွင်ထဲရောက်နေသည့်ပုံစံပင်ဖြစ်သည်။ထိုလူပုံစံကြည့်ရတာ Doctor တစ်ယောက်ထင်တယ် ရှပ်အင်္ကျီအဖြူနှင့် အပြာအဆင်းလေးအပေါ်က Duty coat နှင့် ဂျင်းဘောင်းဘီအနက်လေးကို၀တ်ထားသည်။အရပ်ကတော့ ကာရံတောင်မော့ကြည့်ရတဲ့အထိ ရှည်သည်။

You've reached the end of published parts.

⏰ Last updated: Jun 22 ⏰

Add this story to your Library to get notified about new parts!

𝗙𝗮𝗹𝗹 𝗶𝗻 𝗟𝗼𝘃𝗲 Where stories live. Discover now