Part 5 (U+Z)

237 35 10
                                    

Third day after married
*ဒီအပိုဒ်တွင်ပါဝင်သောအကြောင်းအရာများသည်မည်သူ့ လူတစ်ဦး အဖွဲ့အစည်းတစ်ခုကိုမျှ ထိခိုက်နစ်နာလိုချင်စိတ်မရှိပါ  အားလုံးသည် စိတ်ကူးဖြင့် ပုံဖော်ထားခြင်းသက်သက်သာဖြစ်သည်*

ဒီနေ့ တရားရုံးသွားရမည့်ရက်မို့ အိမ်သို့စောစောပြန်လာခဲ့ ကြသည်

"ကို ပြန်အိပ်ချင်အိပ် ငယ်မနက်စာပြင်လိုက်ဦးမယ်"

"ဟင်အင်း မအိပ်ချင်တော့ပါဘူး
ကိုယ်ပြောတာဘဲ ဟိုမှာတစ်ခါထဲစားခဲ့ပါလို့ ခုတော့ ပင်ပန်းတော့မယ်"

"လူနှစ်ယောက်အတွက်မနက်စာပြင်တာဘာများပင်ပန်းတာမှတ်လို့ ပြီးတော့ ငယ်ကိုယ်တိုင် လုပ်ပေးချင်လို့လေ "

"ဟုတ်ပါပြီတဲ့ဗျာ ရှေ့နေလေးကိုတော့ ပြောမနိုင်ပါဘူးဗျာ

ဒါဆိုကိုယ်ရေချိုးလိုက်ဦးမယ်"

" အင်း ငယ် ရေစပ်ပေး....."

"နေပါ ကိုယ့်ဘာသာဘဲလုပ်လိုက်ပါ့မယ် အပေါ်တတ်လိုက် အောက်ဆင်းလိုက်နဲ့ ငယ်ပိုပင်ပန်းနေပါမယ်"

"လှေကား ကဖြင့် ၁၀ထစ်တောင်မပြည့်တာကို ဘာကိုပင်ပန်းရမှာလည်း ကျန်းမာရေးတောင်ကောင်းသေးတယ်"

"ဟုတ်ပါပြီး ကျွန်တော်မျိုးမှားတာပါ byunအကိုကြီးရယ်"

မျက်စောင်းလေးဝင့်ကာ အပေါ်ထက်သို့ တတ်သွားသော အိမ်သူသက်ထားလေးနောက် လိုက်ရပြန်သည်
ကိုယ့်ကိုစကားတစ်ခွန်းမှမပြောဘဲရေချိုးခန်းထဲဝင်သွားပြီး ခဏအကြာပြန်ထွက်လာသည် ပြီးနောက် ဗီဒိုကိုဖွင့်ကာ အိင်္ကျီထုတ်နေပြန်သည်

"ငယ်"

"ဟင်း"

သူ့အားမကြည့်ဘဲ ပြန်ဖြေလာသည်

"ဒီနေ့ ရုံးချိန်းဘယ်အချိန်လည်း"

"11နာရီ"

"အော်"

"ဘာလို့လည်း"

"ဘာမှမဟုတ်ပါဘူး သွားရင်ကိုယ်လိုက်ပို့ပေးမယ်"

"မဟုတ်တောင် လိုက်ပို့ခိုင်မှာ ကားမယူသွားချင်ဘူး"

"ဟုတ်သား ကားဆိုမှ ကိုယ် ငယ့်ကို တစ်စီးဝယ်ထားပေးမယ် နောက် ကိုယ်အလုပ်ပြန်ဆင်းတဲ့အခါ ငယ်အဆင်ပြေအောင်"

My omega's green apple pheromones makes me satisfiedWhere stories live. Discover now