မွှေးပျံ့သော အသားကင်ရနံ့က chanyeolကို ဆက်အိပ်ခွင့်မပေးဘဲ ဆွဲဆောင်နေသည်
အလုပ်နားရက်ဖြစ်တာမို့ ချစ်ဖို့ကောင်းတဲ့ ခင်ပွန်းနဲ့ အချစ်ပွဲတစ်ခုကိုကခုန်ခဲ့ ကြလေသည်
အကျိုးရလာဒ်ကတော့ မနက်စာနဲ့ ေန့လည်စာပေါင်းစားဖို့ ဖြစ်လာခဲ့သည်အိမ်မှုတာဝန်ကျေပွန်တဲ့ ငယ်ကတော့ ပင်ပန်းနေတာတောင် ချက်ပြုတ်နေပြန်သည်
ကိုယ်သည်လည်း ချစ်ခင်ပွန်းကိုအလိုလိုက်သည့်အိမ်ထောင်ဖက်ကောင်းဖြစ်သည့်အလျှောက် အိပ်ယာမှအမြန်ထကာ ကိုယ်လက်သန့်စင်ပြီး ငယ့်အားကူလုပ်ပေးရန် အောက်ထက်သို့ အလျင်အမြန်ဆင်းခဲ့လေသည်"ငယ်"
"နိုးလာပြီးလား အိပ်ရေးဝရဲ့လား"
"အဲ့တာ ငယ့်ကိုမေးရမှာပါနော်
ပင်ပန်းနေတာကို နားနားနေနေ မနေဘူး ""ငယ်ကအဆင်ပြေပါတယ်ကိုရဲ့ ဘာမှမဖြစ်ဘူး"
"ဟုတ်လည်းမဟုတ်ဘဲနဲ့"
"ဟာဗျာ ဟုတ်ပါတယ်ဆို
ကြည့် ငယ် ဘာမှမဖြစ်ဘူး"ငယ်က သူ့ကိုယ့်အားတစ်ပတ် ပတ်ပြကာဆိုလာလေသည်
" ငယ့်ကိုတော့ ကို တကယ်မနိုင်ဘူး"
ငယ့်ကျောပြင်အား အနောက်ကနေ ပွေ့ဖက်ကာ နာသယ်စပ်အား တစ်ချက်နမ်းလိုက်ပြီး
"ညနေကျရင် အပြင်ထွက်dateရအောင်"
" ကို့ သဘော"
"Chanyeol
Baekhyun"ထိုစဥ်အပြင်မှ ခေါ်သံကိုကြားလိုက်ရသည်
" ကို taebin hyungအသံနဲ့တူတယ်
သွားကြည့်လိုက်ဦး""ဟုတ်ပြီး"
မီးဖိုချောင်ကထွက်တာနဲ့ တံခါးပေါက်ဝတွက်မတ်တပ်ရပ်နေသော taebinအားတွေ့လိုက်ရသည်
"ဝင်ထိုင်လေ ဟျောင့်
ဘယ်လိုရောက်လာတာလည်း""baekhyunရော"
"ရှိတယ် နေ့လည်စာပြင်နေတာ
ပြောပါဦး ဘာကိစ္စလည်း""baby ကိစ္စနဲ့ပတ်သတ်ပြီး ပေးစရာရှိလို့ "
"ဟုတ်လား
ငယ်
ငယ်ရေ ခဏလာဦး"အပြင်မှ ကို့၏ ခေါ်သံကြောင့် ဟင်းအိုပိတ်ကာ အပြင်သို့ထွက်လာလိုက်သည်

YOU ARE READING
My omega's green apple pheromones makes me satisfied
Fanfictionငါ့omegaရဲ့ pheromonesက ငါ့ကိုခဏခဏဆွဲဆောင်နေတယ် started date--June14,2024