🌼တောရိုင်းပန်းလေးရဲ့ မျှော်လင့်ချက်🌈

2 0 0
                                    

         "လှပတဲ့ပန်း.. လို့ ပြောလိုက်ရင်.. ဘာကို အရင်ဆုံးမြင်မိကြလဲ?..”
        
         အချစ်ရဲ့ သင်္ကေတဖြစ်တဲ့ နီရဲရဲ နှင်းဆီပန်းကိုလား?..

         ဒါမှမဟုတ်..
        
         "True Love ” လို့ အဓိပ္ပါယ်ရတဲ့ "Tulip” (ခေတ္တာပန်း) ကိုလား?..
         ဒါမှမဟုတ်..
        
         နှင်းဆီနဲ့တူပြီး အနားကောက်ကောက်လေးနဲ့ "I will never forget You ” လို့ အဓိပ္ပါယ်ရတဲ့ ဇော်မွှားပန်း ( Carnation) ကိုလား?..(pink)
         ဒါမှမဟုတ်..
        
         နေမင်းက်ို ချစ်တဲ့သူဆို.. နေထွက်တဲ့အရပ် ( ချစ်ရသူရှိတဲ့အရပ်) ကိုဘဲ မျက်နှာမူပြီး ပွင့်ဖူးတတ်တဲ့ Sunflower (နေကြာပန်း) ကိုလား?..
        
         ဒါမှမဟုတ်..
         ယဥ်ယဥ်လေးနဲ့.. ခွဲခွာခြင်းကို ပုံဆောင်တဲ့ အဖြူရောင် ဂန္ဓမာပန်း ( Chrysanthemum) ကိုလာ?..
         
         ပန်းတွေ.. ပန်းတွေလို့ ပြောလိုက်တာနဲ့.. လူတွေက ဒီပန်းတွေကို မြင်ယောင်ကြတာ များပါတယ်..
        
         ခြံထဲ အိုးထဲမှာ စိုက်ပျိုးကြတဲ့ လှပတဲ့ ပန်းတွေကိုဘဲ..
         လူတွေက မြင်တတ်ကြပါတယ်..
        
         ခြံရဲ့ ထောင့်နားတစ်နေရာမှာ.. လှပစွာ ပွင့်ဖူးနေတတ်တဲ့..
         တောရိုင်းပန်းလေးတွေကတော့.. အလှထားဖို့နေနေသာသာ..
         လူတွေရဲ့.. နှုတ်ပစ်တာကိုတောင် ခံနေရကြပါတယ်..

ကျွန်တော်ဟာလည်း ခြံရဲ့ထောင့်နားလေးမှာ သဘာအလျောက် ပွင့်ဖူးနေတဲ့ တောရိုင်းပန်းလေး တစ်ပင်ပေါ့..
        
ကျွန်တော့် အဖြစ်ကလည်း ဆိုးလွန်းပါတယ်ဗျာ..

အလေ့ကျ တောရိုင်းပန်းခြင်းတူတဲ့..

         Dandelion (ဒုဓလီ) ပန်း နဲ့ ကျွန်တော်ကတော့ မိုးနဲ့မြေပေါ့ဗျာ..
        
         Dandelion ဆိုတဲ့ နာမည်က ပြင်သစ်စကားလုံး " Dent De Lion ” ကနေ ဆင်းသက်လာပြီး အဓိပ္ပယ်က " Lion Teeth ”တဲ့လေ..
        
         ဘာလို့လဲဆိုတော့ သူ့ရဲ့ အရွက်ကလေးတွေက ခြင်္သေ့ရဲ့ သွားတွေလိုမျိုး ချွန်ချွန်လေး ဖြစ်နေလို့တဲ့ဗျာ..
        
         အဲ့ဒီတောရိုင်းပန်းလေးက အစမှာတော့ သာမန် အဝါရောင်ပန်းလေးပါဘဲ..
        
         ဒါပေမယ့် အဲ့ဒီပန်းလေးက ရင့်သွားတဲ့ အချိန်မှာတော့.. အဖြူရောင် Puff Ball လေးတွေ အဖြစ် ပြောင်းသွားပါတယ်..
        
         အဲ့ဒီပန်းလေးရဲ့ ထူးခြားချက်ကလည်း.. အဲ့ဒီအဖြူရောင် အစေ့လေးတွေဘဲဗျ..
        
         အဲ့ဒီအဖြူရောင် အစေ့လေးတွေကို လေထဲ မှုတ်ထုတ်လိုက်ရင်..
         Dandelion ပန်းလေးတွေက သင့်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ်လို့ ယုံကြည်ကြလို့ပေါ့ဗျာ..

အဲ့ဒီ Dandelion က နေ၊ လ၊ ကြယ် စတဲ့ ကောင်းကင် နက္ခတ်တွေကိုတောင်..

ကိုယ်စားပြုပါသေးတယ်တဲ့ဗျ..
        
         Dandelion ရဲ့ အစပိုင်း အဝါရောင် ပွင့်ဖက်တွေက "နေမင်း” ကို ကိုယ်စားပြုပြီး..
        
         ရင့်သွားလို့ အဖြူရောင် Puff Ball လေး ဖြစ်သွားတဲ့အခါမှာတော့..
         "လမင်း” ကို ကိုယ်စားပြုပါတယ်တဲ့ဗျာ..
        
         အဲ့ဒီ Puff Ball ကနေ တစ်ဆင့် ပျံ့လွင့်သွားတဲ့ အစေ့တွေကတော့ "ကြယ်” လေးတွေကို ကိုယ်စားပြုတယ် တဲ့ပေါ့ဗျာ..
        
ဘယ်လောက်တောင် မတရားလိုက်သလဲ....
        
         "အလေ့ကျ တောရိုင်းပင်လေး ချင်း အတူတူ.. ကျွန်တော်က ညံ့လို့ နေပါလာ....”
                 
°~°~°~°~°~°~°~°~°~°~°~°~°~°~°~°~°~°~°
ဆိုးပါတယ်.......

         "လေညင်လို့ ဝေရမယ်..” ထင်ခဲ့ပေမယ့်..
        
         "လေနှင်လို့ကြွေ
         မိုးခြွေလို့ဆွေး..” ရုံတင်မကဘဲ..
        
         လူတွေက နှုတ်ပစ်မှာကိုပါ ကြောက်နေရတဲ့ အဖြစ်မျိုးပေါ့..
        
         ဒါပေမယ့် ကျွန်တော် နေ့ရက်တိုင်းမှာ
         "လှပစွာ ပွင့်ဖူးနေအုံးမယ်..”
        
         "လေမနှင်သေးသ၍.."
         "ကျွန်တော် ယိမ်းနွဲ့ပြီး ကခုန်နေအုံးမယ်..”
        
         "မိုးမခြွေသေးသ၍..
         ကျွန်တော် သီဆိုပြီးပျော်ရွင်နေအုံးမယ်..”
        
         "ကျွန်တော် မြေပေါ် မခသေးသ၍..
         အမွှေးကြိုင်ဆုံး ရနံ့တွေကို ထုတ်လွှင့်ပြီး..
         အလှပဆုံး ပွင့်လန်းနေအုံးမယ်..”
        
လူတွေ ကျွန်တော့်ကို မနှုတ်ပစ်ခင်အထိ..

         "နေ့သစ်ကို ရောင်နီနဲ့အတူ ပွင့်လန်းကာ.. ညဖက်မှာ ကြယ်တွေကို မြေပြင်ကနေ တဆင့်ငေးမောမယ်..”
        
         မနက်ဖြန်နေ့သစ်မှာလဲ..
        
         " ဘဝသစ်ကို အလှပဆုံး ပန်း ၊ အမွှေးကြိုင်ဆုံး ရံနံ့တွေနဲ့အတူ ပြန်လည်ပွင့်လန်း လာခဲ့အုံးမယ်.....”

[တောရိုင်းပန်းလေး ကျွန်တော်]

                                                         #ကောင်းကင်

Date - June 23 / 2021

Kaung's Note Compilation Where stories live. Discover now