🌧️မိုးရေထဲက ကော်ဖီပူလေးတစ်ခွက်☕

1 0 0
                                    

          ကျွန်တော်က.. မိုးရာသီဖွားမို့လို့လား.. မသိပေမယ့်..
          ကျွန်တော် မိုးကို.. တကယ်ချစ်တယ်....
         
          မိုးရွာနေတဲ့အချိန်မှာ မိုးရေထဲ အေးဆေး လမ်းလျောက်နေရတာတို့..
          ကျွန်တော် သိပ်သ‌ဘောကျတယ်....

          မိုးရေတွေ ကျွန်တော်ကိုယ်ပေါ်မှာ တစ်ပေါက်ချင်း စီးကျနေတဲ့ ခံစားချက်က
          ကျွန်တော့်ကို ပျော်ရွင်တဲ့ အရသာ ပေးစွမ်းတယ်....
         
          အေးစက်စက် မိုးရေလေးတွေ ကျွန်တော့်ကိုယ်ပေါ်ကို ကျလာပြီး..
          ဖြေးဖြေးချင်း လိမ့်ဆင်းသွားတဲ့ အရသာက ဘာနဲ့မှကို နှိုင်းလို့မရအောင်
          ကျွန်တော့်ကို စွဲလမ်းစေတယ်....

ဘာမှန်းသိတဲ့ ခံစားချက်တစ်ခုဟာလည်း ရှိလို့ နေပြန်တယ်
         
•_•_•_•_•_•_•_•_•_•_•_•_•_•_•_•_•_•_•_•_•_•_•
ကျွန်တော်ဝမ်းနည်းတဲ့အချိန်တွေမှာလည်း..
မိုးရေထဲ ငိုခဲ့ဖူးတယ်....
         
          "ဟက်.. အဲ့ဒီခံစားချက်က သိပ်ထူးခြားတယ် သိလား?....”
          ကျွန်တော်က မငိုတတ်တဲ့ လူလိုဘဲ..

          ဒါပေမယ့် တကယ်တမ်းကျ ကျွန်တော့် မျက်ရည်တွေကို သူတို့ မမြင်နိုင်ခဲ့တာလေ....
         
          မိုးရေထဲမှာ မျက်ရည်တွေနဲ့ ပြုံးနေရတာကလည်း Joker တစ်ယောက်လို့ဘဲ..
           အပြင်ဘက်ကသာ ပြုံးနေတာ အတွင်းမျက်လုံးအိမ်မှာတော့ မျက်ရည်တွေနဲ့ပေါ့..
          
           အဲ့ဒီခံစားချက်က....
          
          အငွေ့တွေ တထောင်းထောင်းထနေတဲ့ ကော်ဖီခွက်ထဲ ရေခဲတုံးတွေ ထည့်သောက်ရသလိုဘဲ..
         
          အပြင်ဘက်က ပူနေပြီး အထဲဘက်မှကျ အေးခဲနေတာလေ..
          ပူလွန်းလို့ လျှာက ကျက်သွားပေမယ့် ဗိုက်ထဲရောက်သွားတာက အေးအေးကြီးတဲ့ဗျာ....
         
          ကျွန်တော် ဗိုက်ကတောင် ကျွန်တော့်ကိုပြောတယ်..
          "လျှာကျက်တယ်လို့ လိမ်မနေပါနဲ့ ငါ့ဆီရောက်လာတာ အေးအေးကြီး ဘယ်ကတည်းက ဟာတွေ သောက်လာတာလဲ..”တဲ့....
         
         
ဒါဆို.... ကျွန်တော် လျှာက လိမ်ပြန်ပြီပေါ့..
         
         
^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-^-
မိုးရွာတဲ့အချိန် အိမ်ပြင်ဘက်ထွက်လို့မရတဲ့အခါတွေလည်း..
ရှိခဲ့ဖူးတယ်
         
        အိမ်ပြင်ဘက် မထွက်ရဘူးလား?..
        "ဟုတ်ကဲ့ ကျွန်တော် မထွက်တော့ဘူးနော်....”
     
        အိမ်ထဲက စာအုပ်စင်လေးရဲ့ ဘေးမှာ ထိုင်မယ်..
        အပြင်ဘက်က မိုးရွာလို့ နည်းနည်းမှောင်နေပေမယ့်..
        အိမ်ထဲမှာ မီးမဖွင့်ဘဲ အလင်းရောင် နဲနဲဘဲကျနေတဲ့ ပြတင်းပေါက်ဘောင် နားလေးမှာပေါ့..
       
        အစိမ်းလိုက် တိုက်လာတဲ့ လေစိမ်းကြီးကို အဆုတ်ထဲထိ ဝင်သွားအောင် ရှူရှိုက်ပစ်မယ်..
        အိမ်ရဲ့ အမိုးပေါ်ကနေ ကျလာတဲ့ မိုးရေလေးတွေကိုလည်း လက်နဲ့ ခံထားလို့လည်းရသေးတယ်..
       
        ပြတင်းပေါက် ဘောင်မှာထိုင် စာအုပ်စင်လေးကိုမှီပြီး..
        စောင်ပါးပါးလေး တစ်ခုကို မလုံတလုံ ခြုံရင်း လက်ထဲက စာအုပ်လေးကို ဖတ်မယ်..
       
        ဘေးနားက ခွေးခြေခုံပေါ်လေးမှာ တင်ထားတဲ့ ပူးနွေးနွေး ကော်ဖီခါးခါးလေး တစ်ခွက်ကလည်း မပါမဖြစ်ပေါ့..
       
        "ဘာဘဲဖြစ်ဖြစ် ကျွန်တော် ပျော်ရွင်နေသေးတယ်..”
        "မိုးက ကျွန်တော့်ကို ပျော်ရွင်မှုတွေ ပေးတုန်းဘဲ..”
        အိမ်အပြင်ဘက် မထွက်ရလည်း ပေါ့....

Kaung's Note Compilation Donde viven las historias. Descúbrelo ahora