Part[1]

476 22 4
                                    

"ဒီနေ့ညရဲ့ အဓိကဇာတ်ဆောင်ကတော့ VitaMinပါ လက်ခုပ်လေးတီးပေးကြပါ"

"ဘာတွေပွဲခံနေတာလဲဗျာ ရုပ်ရှင်ဖြင့်ထွက်တောင်မထွက်သေးဘူး"

"ဟာ မင်းကိုယ်မင်း ယုံကြည်ချက်မရှိဘူးလားbro why?"

သူ့အရည်အချင်းကို သူ ယုံကြည်ပြီးသား
ဒီနေရာထိ ရောက်လာအောင် ဘယ်လောက်ထိကြိုးစားခဲ့ရတာ မှတ်လို့။ကြိုးစားမှုတွေက သေချာပေါက် အရာထင်လာမှာ။

Entertainment ကစီနီယာအစ်ကို အစ်မတွေနဲ့ သောက်စား စကားပြောအပြီး VitaMinရဲ့အိမ်ပြန်ချိန်ကို ရောက်ရှိလာပြီ။
အိမ်ပြန်ရတဲ့အချိန်ကတော့ တစ်နေ့တာလုံး ဖြတ်သန်းလာခဲ့သမျှမှာ စိတ်အချမ်းသာရဆုံးပဲ။
Companyနဲ့မလှမ်းမကမ်းလောက်မှာ Taxi စောင့်နေတုန်း Company ထဲကနေ စီနီယာအစ်မတစ်ယောက် VitaMin အနားကိုရောက်လာသည်။

"အိမ်ပြန်တော့မလို့လားVitaMin အစ်မလိုက်ပို့ပေးမယ်လေ"

"ကျနော့်မန်နေဂျာက Taxiခေါ်ထားပေးပြီးပြီ အစ်မကိုယ့်ဘာသာပြန်လိုက်ပါတော့"

VitaMin ရဲ့လက်ကို လှမ်းကိုင်လိုက်သော
ထိုစီနီယာအစ်မ။ ချစ်စရာမကောင်းတဲ့
အပြုံးကိုဆင်ရင်း စကားဆက်သည်။

"အစ်မရဲ့အောင်မြင်မှုကို Vitaမြင်မှာပါ
မင်းသာ အစ်မကိုလက်ခံလိုက်ရင် မင်းရဲ့အောင်မြင်မှုတွေက တဟုန်ထိုးတက်လာစေရမယ်"

စီနီယာအစ်မ ဆိုသူရဲ့ လက်ကိုဖြုတ်ချပြီး ဘယ်တော့မှမပြုံးတဲ့ ထိုမျက်နှာခပ်တည်တည်နှင့်ပဲ

"ဆောရီးပဲအစ်မ ကျနော်က မိန်းမတွေကို လုံး၀မကြိုက်ဘူး"

Taxi လည်းရောက်လာပြီဖြစ်၍ VitaMin ကားပေါ်ချက်ချင်းတက်သွားလိုက်သည်။
အငြင်းခံလိုက်ရတာကြောင့် ဒေါသထွက်ရင်းကျန်နေခဲ့ရသော နာမည်ကြီးမင်းသမီးလေးတစ်ယောက်။

🌻🌻🌹🌻🌻

"ပြန်‌လာပြီလား Vita"

အိမ်ထဲ၀င်လိုက်တာနဲ့ နားထဲချိုမြိန်စွာ
၀င်ရောက်လာသော အသံဆာဆာလေး။
မျက်စိရှေ့တွေ့တွေ့ချင်း အမောပြေလို
ပြေငြား ရင်ခွင်ထဲဆွဲဖက်ထားမိသည်။
ဆံနွယ်အိအိလေးအပေါ် နူးညံ့စွာ
အနမ်းခြွေရင်း ...

Vita's ShineWhere stories live. Discover now