VitaMin ရဲ့မျက်စိရှေ့တည့်တည့်မှာ
မြင်နေရတဲ့ပါးချိုင့်လေးနဲ့ကောင်လေးက သူတွေ့ဖူးခဲ့သမျှ မိန်းကလေးတွေထက်
ပိုပြီးချစ်စရာကောင်းတယ်။
အိပ်မက်ထဲမှာတောင် အပြုံးတွေနဲ့ လူကိုပြုစားနိုင်လွန်းသည့် ထိုလူသားလေး။Shineရဲ့ချစ်စရာကောင်းလွန်းတဲ့ အပြုံးမျက်နှာလေးကြောင့် VitaMin ပြုံးတယ်ဆိုရုံလေးပြုံးမိသွားသည်။
"ဟော Vita ပြုံးပြီ အဟီး"
VitaMin ဟာ သူသည်အိပ်မက်ထဲမှာပဲရှိသေးသည်ဟု ထင်နေသော်
တကယ်တမ်းကျ အိပ်မက်မဟုတ်ဘဲ လက်တွေ့ဖြစ်နေသည်။"VitaMin ထပ်ပြီးပြုံးပြဦး ထ ထ အလုပ်သွားရမယ်လေ အခု ထပြီး ထပ်ပြုံးပြဦးလို့"
အိပ်ရာထက်မျက်လုံးမပွင့်တပွင့်နှင့် Shineကိုကြည့်နေသော VitaMinကို Shineတစ်ယောက်လှုပ်ခါ၍ အိပ်ရာက
ထခိုင်းနေသည်။ပြုံးတယ်ဆိုရုံလေး
မြင်လိုက်ရသော Shineက VitaMin ထပ်ပြုံးတာကိုမြင်ချင်နေသေးသည်။"Shine..."
Shineနာမည်ကိုခေါ်၍ အိပ်ချင်မူးတူးနှင့်
ထလာသောVitaMin ။"နိုးပြီလား Shine ကိုထပ်ပြုံးပြဦး ခုနက Vitaပြုံးလိုက်တယ်"
VitaMin သိလိုက်လေပြီ။ အခုနက သူ့အားပြုံးပြနေသည့်Shineဟာ အိပ်မက်ထဲမှာမဟုတ်ဘူးဆိုတာကို။
ဒါပေမဲ့ သူပြုံးလိုက်လို့လား ?
သူ့ကိုယ်သူတောင်မသိတော့
ပြုံးလိုက်သလားဆိုတာ"ဘာတွေပြောနေတာလဲ ကိုယ်မပြုံးမိပါဘူးကွာ မျက်နှာသွားသစ်တော့မယ်"
အိပ်ချင်မူးတူးနဲ့ Shine ကိုငြင်းဆန်ပြီး ရေချိုးခန်းထဲဝင်သွားသည့်VitaMin ။
နှုတ်ခမ်းစူပုတ်၍ ကျန်နေခဲ့သည့်Shine ။*ရွှတ်"
ရေချိုးခန်းထဲမှပြန်ထွက်လာ၍ Shineရဲ့ပါးကိုနမ်းပြီး ပြန်ပြေးဝင်သွားသောVitaMin ။
"ဟာ VitaMin !!! အဟင့် ညစ်ပတ်တယ် သွားလဲမတိုက်ရသေးပဲနဲ့"
Shineတစ်ယောက်ငိုမဲ့မဲ့နှင့်
ပါးကိုဆွဲပွတ်နေပါသည်လေ။သူတို့နှစ်ယောက်က ဒီလိုအနေအထားဆို ဘယ်လိုပက်သက်တယ်လို့ ထင်လဲ?
YOU ARE READING
Vita's Shine
Fanfiction"ကိုယ့်အနားမှာ အမြဲတမ်း ရှိနေပေးပါ Shine" written by @jeonpisi426588