Short Story

2K 31 0
                                    

အချိန်ပိုင်းအလုပ်,လုပ်နေစဉ် မောင့်ဆီမှ “Lucky cafe”မှာ တွေ့ရအောင်ဟူသော message လေးတစ်ကြောင်းကြောင့် ဆိုင်ရှင်သူဌေးအား အနူးအညွှတ်တောင်းဆိုကာ ဆိုင်ထဲက ထွက်လာခဲ့လိုက်သည်။ တက်စီဖိုးအတွက် ပိုက်ဆံအပိုအကုန်မခံနိုင်တဲ့သူမက မောင့်ကိုတွေ့ချင်လွန်းသည်ကြောင့် မောင်ချိန်းဆိုသည့်နေရာကို အမြန်ပြေးလာခဲ့ရသည်က တစ်ကြိမ်တစ်ခါမှ မဟုတ်တော့သည်ပဲ...

ဆိုင်ရှေ့ရောက်တာ့ အမြန်ပြေးကာလာခဲ့ရ၍ မောပမ်းနေသောကိုယ်ကိုကိုယ်ရှိန်သပ်ကာ လေတိုး၍စုတ်ဖွာရှုပ်ယှက်ခတ်နေသောဆံသားတွေကို အသာသက်လိုက်ရင်း မောင်နဲ့တွေ့တိုင်းဖြစ်တည်လာတတ်တဲ့ အချိုသာဆုံးအပြုံးပန်းလေးတစ်ပွင့်ကို မျက်နှာထက်ဆင်မြန်းပြီး ဆိုင်ထဲသို့ ဝင်လာခဲ့လိုက်သည်။

“လွှာတောင်းပန်ပါတယ်မောင်... ဆိုင်က လူရှုပ်နေလို့ နဲနဲနောက်ကျသွားတယ်... ညနေခင်း အလုပ်ဆင်းချိန်ဆိုတော့ သိတဲ့အတိုင်းပဲ...”

မောင်က အသိအမှတ်ပြုသလို ခေါင်းတစ်ချက်ညိမ့်ပြသည်။ မျက်နှာတည်နေရင်တောင် မောင်ကချောမောကြည်စင်နေသူပင်။

“ထိုင်လေ... ကိုယ်လည်း ခုမှရောက်တာ... ကုမ္ပဏီမှာ အစည်းအဝေးရှိနေတာနဲ့ သိပ်မစောင့်လိုက်ရဘူး...”

လွှာ ပြုံး၍သာ ခေါင်းညိမ့်ပြလိုက်ရသည်။ ထိုစဉ် သူတို့နား စာပွဲထိုးကောင်မလေးတစ်ယောက်ရောက်လာသည်ကြောင့်...

“မင်း ဘာသောက်မှာလဲ?”

“အာ...”

ပြေးခဲ့ရ၍ ချွေးစို့နေသောကိုယ်ကိုဖုံးဖိရန် free ချပေးထားသောရေခဲရေခွက်လေးကို သောက်နေစဉ် မောင်ကမေးလာသည်မို့ သူမ,မနေတတ်စွာ ခွက်လေးကိုပြန်ချရင်း ထပ်ပြုံးပြမိပြန်သည်။ အဲ့လိုပါပဲ။ စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်တဲ့မောင့်ရှေ့ရောက်ရင် လွှာ့မှာ အယောင်ယောင် အမှားမှား...

“လွှာက ခုလေးတင် ဆိုင်မှာအအေးသောက်လာတာ....”

“အဲ့ဒါဆိုလည်းကောင်းပြီလေ...”

မောင်က ဆိုင်မှာရနိုင်တဲ့ Menu ကဒ်ကို အာရုံတစ်ချက်ပြန်စူးစိုက်ရင်း...
“ espresso တစ်ခွက်ပဲပေးပါ...”
စားပွဲထိုးကောင်လေးက ဦးညွှတ်ကာပြန်ထွက်သွား၏။

နင့် (အသဲနင့်အောင်ချစ်ခဲ့ဖူးသည်)Where stories live. Discover now